Health & Beauty

ဆေးသောက်ခါနီး ဒါတွေ လုံး၀ မစားမိပါစေနဲ့

Foods and Drinks that can Interact with Medicines

နာမကျန်းဖြစ်ခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်းတွေကြောင့် သောက်ဆေးတွေကို မှီဝဲမယ်ဆိုပါက ဆေးအာနိသင်ကို ပျက်ပြယ်သွားစေတဲ့ အစားအစာတွေကို မစားမိဖို့ အလွန်အရေးကြီးပါတယ်။

ဆေးမသောက်ခင်မှာ မှားယွင်းစွာ စားထားတဲ့ အစားအစာကြောင့် ဆေးအာနိသင်ကို လျော့ကျသွားစေနိုင်သလို ဘေးထွက်ဆိုးကျိူးများစွာကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဆေးသောက်မယ်ဆိုရင် တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အချဉ်ဓါတ်ပါဝင်သည့် ဖျော်ရည်များ

အချဉ်ဓါတ်သည် ဆေးအာနိသင်ကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ လိမ္မော်ရည်၊ သံပရာရည်နှင့် တခြားအချဉ်ဓါတ်ပါတဲ့ ဖျော်ရည်တွေက ဆေးအာနိသင်ကို ချေဖျက်နိုင်စွမ်းရှိတဲ့အတွက် ဆေးမသောက်ခင် မစားမိဖို့ လိုအပ်ပါတယ်။

(၂) အချဉ်ဓါတ်ပါသည့် အစားအစားများ

အချဉ်ဓါတ်ပါတဲ့ ဖျော်ရည်တွေသာမက အစားအစာ၊ သစ်သီးများကလည်း ဆေးအာနိသင်ကို ပျက်စီးသွားအောင် နှောင့်ယှက်နိုင်ပါတယ်။ လိမ္မော်သီး၊ စပျစ်သီးစတဲ့ အချဉ်ဓါတ်ပြည့်ဝသော သစ်သီးများနှင့် အချဉ်စူးသော အသုတ်များ၊ အစားအစာများကလည်း ဆေးအာနိသင်ကို ပျက်စီးသွားစေပါတယ်။

(၃) အစိမ်းရောင် အသီးအရွက်များ

သွေးအားနည်းခြင်း၊ သွေးတိုးခြင်းအပြင် သွေးနဲ့ပတ်သက်တဲ့ ဆေးတွေကို သောက်သုံးနေသူတွေအနေနဲ့ ဆေးမသောက်ခင် အစိမ်းရောင် အသီးအရွက်တွေကို စားတာ ရှောင်ကြဉ်သင့်ပါတယ်။ သွေးနဲ့ သက်ဆိုင်တဲ့ သောက်ဆေးတွေမှာ ပါဝင်တဲ့ ဆေးအာနိသင်ဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဟင်းနုနယ် အစရှိတဲ့ အရွက်တွေမှာ ပါဝင်တဲ့ အာယာရဓာတ်တွေကြောင့် ပျက်စီးသွားနိုင်လို့ ဆေးမသောက်ခင် ခဏရှောင်သင့်ပါတယ်။

Advertisement

Click Here > Tun Tauk Plastic Industry

(၄) နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများဟာ သောက်ဆေးတွေနဲ့ လုံး၀ မတည့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ နွားနို၊ ဒိန်ခဲ၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို သောက်ဆေးတွေနဲ့ တွဲဖက်သောက်မိရင် ဆေးအာနိသင်ကို ပျက်ပြယ်စေတဲ့အပြင် ဘေးထွက်ဆိုးကျိူးများလည်း ဖြစ်တတ်တာကြောင့် သတိထား ရှောင်ရှားသင့်ပါတယ်။

(၅) ကဖင်းဓာတ်ပါတဲ့ အစားအစာများ

ကဖင်းဓါတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ စတဲ့ အစားအစာတွေဟာ စိတ်ကို တည်ငြိမ်စေတဲ့ သောက်ဆေးတွေ၊ အိပ်ဆးတွေကို အာနိသင်လျော့နည်းစေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိလို့ တခြားဆေးတွေနဲ့ တွဲသောက်ဖို့လည်း မသင့်တော်ပါဘူး။ 

(၆) ချောကလတ်

ချောကလတ်ဟာ စိတ်ရောဂါနဲ့ ပတ်သတ်တဲ့ သောက်ဆေးတွေနဲ့ လုံး၀ မတည့်ပါဘူး။ တွဲစားမိတဲ့အခါမှာ အန္တရာယ်အဆင့်အထိ သွေးပေါင်ချိန်တတ်စေနိုင်ပါတယ်။ ဆေးမသောက်ခင်နဲ့ ဆေးသောက်ပြီး အချိန်ကို နည်းနည်းလောက်ခွာပြီးမှ ချောကလတ် စားချင်ရင်စားပါ။

(၇) အယ်ကိုဟောပါဝင်သည့် အရည်များ

အယ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်၊ ယာမကာတွေဟာ သောက်ဆေးတွေရဲ့ အာနိသင်ကို တိုက်ခိုက်ချေဖျက်နိုင်ပါတယ်။ ဆေးမသောက်ခင် (သို့) ဆေးနဲ့ တွဲဖက်ပြီး အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေး စတဲ့ အယ်ကိုဟော ပါဝင်တဲ့ အရည်တွေကို သောက်မိခဲ့ရင် စားထားသမျှ ပြန်အန်ထွက်တတ်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။

ကျန်းမာရေးကြောင့် ဆေးသောက်တော့မယ်ဆိုရင် ဖော်ပြပါ စားအစာများကို မစားမိရန် ဆင်ခြင်သင့်ပြီး ဆေးသောက်ပြီး တစ်နာရီအတွင်းမှာလည်း မစားမိရန် အထူးသတိထားသင့်ပါတယ်။

⇐ Previous Next

Read 874 times