Entertainment

အချိန်ခဏ ပေးရုံနဲ့ အတွေ့အကြုံ (၁၀၀) လောက် ရရှိစေမယ့် စာအုပ်များ

5 Best Motivational Books

အတွေ့အကြုံပေါင်း ၁၀၀ ရဖို့အတွက် အမှား ၁၀၀ မှားဖို့ မလိုပါဘူး။ စာများများ ဖတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် သာမန်ဘ၀ကနေ ကမ္ဘာကျော်လာခဲ့တဲ့ လုပ်ငန်းရှင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဘ၀ဇာတ်ကြောင်းကို ရေးသားထားတဲ့ စာအုပ် (၅) အုပ်ကို ရွေးချယ်ထားပါတယ်။ 

ဒီစာအုပ် (၅) အုပ်က မြန်မာပြည်က လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ကြိုးစားနေသူတွေ၊ ကျရှုံးမှုတွေကြားမှာ စိတ်ဓာတ်ကျနေသူတွေ၊ သမားရိုးကျ စီးပွားရေးတွေကြားက ဖောက်ထွက်ချင်သူတွေအတွက် တန်ဖိုးဖြတ်မရတဲ့ ပညာတွေရမယ့် စာအုပ်လေးတွေ ဖြစ်ပါတယ်။

(၁) ကိုကာကိုလာ (ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်ကို ရှင်သန်စေခဲ့သူတစ်ဦး၏ ဘဝခရီး) - စိန်ဝင်းစိန်

ကိုကာကိုလာက အချိုရည်ရောင်းတဲ့ ကုမ္ပဏီသက်သက် မဟုတ်ပါဘူးလို့ စာအုပ်ထဲမှာ ရေးသား ဖော်ပြထားတယ်။ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊   လန်းဆန်းတက်ကြွပြီး အမောပြေစေခြင်း စတဲ့ ခံစားချက်တွေကို ရောင်းနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီအငွေ့အသက်ကို   ကိုကာကိုလာ အချိုရည် ကြော်ငြာတိုင်းမှာ ခံစားရနိုင်ပါတယ်။ ဒါကြောင့်လဲ ကိုကာကိုလာဟာ ကမ္ဘာ့ အချိုရည်ဈေးကွက်မှာ နှစ်ပေါင်းရာနဲ့ချီ ထိပ်ဆုံးနေရာမှာ ရှိနေနိုင်ခဲ့တာပါ။ 

(၂) မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း - ဗန်းမော် သိန်းဖေ

လုပ်ငန်းတစ်ခု စလုပ်တဲ့အခါ အားလုံးသိနေတတ်နေဖို့ မလိုပါဘူး။ လုပ်တတ်၊ ကိုင်တတ်သူတွေကို    သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ခိုင်းတတ်ဖို့ပဲ လိုပါတယ်။ မက်ဒေါ်နယ် ဟမ်ဘာဂါဆိုင်ကို တည်ထောင်သူဟာ မုန့်လုပ်တတ်တဲ့ မျိုးရိုးက မဟုတ်သလို ဘာဂါရောင်းတဲ့သူလည်း မဟုတ်ပါဘူး။ သာမန်ပစ္စည်းရောင်းသမားဘဝကနေ  လမ်းဘေးမှာ ဘာဂါစားရင်း အကြံတစ်ခု ပေါက်ရာက ကမ္ဘာအနှံ့ မက်ဒေါ်နယ်ဆိုတဲ့ ဟမ်ဘာဂါဆိုင်ခွဲပေါင်းများစွာ ဖွင့်ပြီး ချမ်းသာကြွယ်ဝသွားတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Click Here > Rhino

(၃) ကမ္ဘာသစ်ရှာမယ့် အီလွန်မတ်စ် - မင်းမြတ်စံ

အီလွန်မတ်စ်က ဘယ်လိုလူမျိုးလဲဆိုရင် ယူကရိန်း-ရုရှားစစ်ပွဲမှာ ယူကရိန်းဘက်က ပြတ်တောက်သွားတဲ့ အင်တာနက်ကို ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းက Starlink ဂြိုဟ်တုနဲ့ ပြန်ရအောင် လုပ်ပေးခဲ့သူ၊ ၂၀၂၁ အောက်တိုဘာမှာ Tesla လျှပ်စစ်ကား ကုမ္ပဏီကို ဒေါ်လာ ၁ ထရီလီယံကျော်အထိ စွမ်းဆောင်ပေးခဲ့သူ၊ အင်္ဂါဂြိုဟ်မှာ လူသားတွေ အခြေချနေထိုင်နိုင်ဖို့ တီထွင်ကြံစည် ဖော်ဆောင်နေတဲ့ ၂၀၂၁ ခုနှစ်ရဲ့ အချမ်းသာဆုံးနဲ့ အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

(၄) အလီဘာဘာ တည်ထောင်သူ သူကြွယ်ကြီး Jack Ma - ဟိန်းလတ်

မျက်မှောက်ခေတ် ကမ္ဘ့ာစီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ တရုတ်သူကြွယ်ကြီး ဂျက်မားဘဝဟာ ချောမွေ့ ပြေပြစ်ခဲ့တာမျိုး မဟုတ်ပါဘူး။ KFC ဆိုင် ဝန်ထမ်းဖြစ်ဖို့ ကြိုးစားရာမှာ အပယ်ခံခဲ့ရတဲ့ အပြင် လုပ်ငန်းပေါင်း သုံးဆယ်ကျော်က ငြင်းပယ်ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ စိတ်ဓာတ်မကျခဲ့ဘူး။ လက်မလျော့ခဲ့ဘူး။ အရှုံးမပေးခဲ့ဘူး။ ကြိုးစားမှုရဲ့ ရလဒ်အနေနဲ့ သာမန်ကျောင်းဆရာဘ၀ကနေ အခုချိန်မှာ ကမ္ဘာအကြီးဆုံး အွန်လိုင်းဈေးဆိုင်ကြီး အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဖြစ်လာခဲ့ပါပြီ။ 

(၅) ဆင်းရဲနွံမှ ချမ်းသာဘုံသို့ - ဗန်းမော် သိန်းဖေ

ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုလင်း၊ Virgin Group ပိုင်ရှင် ရစ်ချက်ဘရင်ဆန်၊ Casio Computer ကုမ္ပဏီပိုင်ရှင် တာဒါအိုကာရှီယိုး၊ Pepsi ကုမ္ပဏီရဲ့ CEO အိန္ဒိယအမျိုးသမီး အင်ဒရာနူယီ၊ Google ကို တီထွင်ပြီး ဘီလီယျံနာဖြစ်သွားသူ ဆာဂေးဘရင်အပါအဝင် ငယ်စဉ်က ဆင်းရဲလွန်းလို့ အတန်းပညာဆုံးအောင် မသင်ယူနိုင်ခဲ့ပေမယ့် ရိုးရိုးသားသားနဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး မီလျံနာ၊ ဘီလျံနာသူဌေးကြီးတွေ ဖြစ်လာခဲ့သူ (၂၃) ဦးအကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။

ရန်ကုန်မြို့က စာအုပ်ဆိုင် (၃၅၀) ဆိုင်ကို အောက်ကလင့်ခ်မှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3Yexw7k

⇐ Previous Next

Read 1255 times