Shopping & Promos

ကမ္ဘာ့စျေးအကြီးဆုံး Sneakers (5) ရံ

(5) Most Expensive Sneakers in the World

Sneakers တွေကိုရူးသွပ်တဲ့ သူတွေအဖို့ Sneakers တွေဝယ်စုရတာ ဘယ်လောက်ပျော်ရွင်ရလဲဆိုတာ သိကြမှာပါ။ကိုယ်တအားကြိုက်တဲ့ တစ်ရံများရလာလို့ကတော့ တစိမ့်စိမ့်နဲ့ကို ကြည့်နေချင်တာ။

ဒီလိုစုတဲ့အခါမှာ အခက်အခဲကတော့ စျေးနှုန်းပါပဲ။ ထားပါတော့ ကိုယ်ကဒီ Sneaker ကိုအရမ်းကြွေနေပြီ ဝယ်မယ်ဆိုပြီး ကြည့်လိုက်တဲ့အခါ စျေးတွေက ကိုတစ်နှစ်လောက်စုမှရမယ့်စျေးတွေဖြစ်နေတာ့လည်း မသိချင်ယောင်ဆောင်ပြီး မျက်နှာလွဲနေရလိုက်ရတာမျိုး။ 

ဒီတော့ စျေးကြီးတာတွေထဲကမှ အကြီးဆုံးဆိုတဲ့ ဖိနပ် (5) ရံအကြောင်းကို ပြောပြပေးသွားမှာပါ။

 

Nike Air Jordan 1s($560,000)

ဒီဖိနပ်ကတော့ မိုက်ကယ်ဂျော်ဒန် ကိုယ်တိုင် ၁၉၈၅ ခုနှစ် ဘတ်စကတ်ဘောပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဖိနပ်ပါ။အွန်လိုင်းကနေ လေလံတင်ရောင်းချခဲ့တဲ့အခါမှာတော့ $560,000 ထိရရှိခဲ့ပါတယ်။ 

 

Nike Mag self-lacing Trainers($200,000)

1989 မှာထုတ်လုပ်ခဲ့တဲ့ Back In the future part 2 မှာပါတဲ့ ဖိနပ်ကို ကျောရိုးယူပြီး ဖန်တီးထားတဲ့ ဒီဖိနပ်ဟာ တော်တော်လေးကိုအထာကျပါတယ်။ ၂၀၁၆ မှာထုတ်လုပ်ခဲ့ပြီး $200,000 နဲ့ရောင်းချခဲ့ပါတယ်။

 

Nike Air Jordan 12 ($104,756)

ဒီဖိနပ်ကိုတော့ မိုက်ကယ်ဂျော်ဒန် က ၁၉၇၇ ခုနှစ်မှာသူ့ရဲ့ ဖန်တစ်ယောက်ကိုလက်ဆောင်ပေးခဲ့တာပါ။ သူကိုယ်တိုင် လက်မှတ်ထိုးထားပြီးတော့ ဖိနပ်ဆိုဒ်ကတော့ 13 ပါ။ဒီဖိနပ်ကိုတော့ $104,756 နဲ့ လေလံတင်ခဲ့ပါတယ်။ 

 

Air Jordan 12 OVO Drake Edition ($100,000) 

ဒီဖိနပ်ကိုတော့ ဂျော်ဒန် ဖိနပ်နဲ့ rapper Drake ရဲ့ band နဲ့ Collab အနေနဲ့ထုတ်ခဲ့တာပါ။ ဘာမှထူးထူးခြားခြားမရှိသလို retail price တောင်မှ $200 ပဲရှိတာပါ။ ဒါပေမယ့် Toronto Rapters ရဲ့ ပွဲမှာ Drake က ဖန်တစ်ယောက်ကို လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ကောင်လေးက Ebay မှာလေလံတင်ခဲ့တဲ့အခါမှာတော့ မယုံနိုင်လောက်အောင် $100,000 ထိရရှိခဲ့ပါတယ်။ 

 

Air Jordan Silver Shoes ($60,000)

ငွေအစစ်နဲ့ လုပ်ထားတဲ့ဖိနပ်တော့မဟုတ်ပါဘူး။ ဒါဆိုဘာလို့ ဒီလောက်စျေးကြီးနေရလည်းဆိုတော့ တစ်ကမ္ဘာလုံးမှာမှ (၁၀) ရံပဲရှိလို့ပါ။ မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် သူ့ရဲ့  ၃၂ နှစ်ပြည့်မွေးနေ့မှာ သူ့မိန်းမက ဒီဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့ပါသေးတယ်။ 

 

 

 

⇐ Previous Next

Read 2897 times