Food & Drink

ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် (၅) ဆိုင်

5 OF THE BIGGEST RESTAURANTS IN THE WORLD

ထမင်းစားဖို့ အပြင်ထွက်ပြီး တစ်နာရီလောက် စောင့်ရတာ ပျင်းနေပြီလား? ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင်တွေမှာ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ဧည့်သည်ထောင်ပေါင်းများစွာမဟုတ်ရင် ရာနဲ့ချီထိုင်ဖို့ အေးဆေးပါပဲ။

Bawabet Dimashq

ကမ္ဘာမှာ အကြီးဆုံးစားသောက်ဆိုင်က ဆီးရီးယားနိုင်ငံ၊ Damascus မှာ ရှိပါတယ်။ ဒီဆိုင်က  မိသားစုပိုင် စားသောက်ဆိုင်ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ ဒေါ်လာ သန်း ၄၀ ကုန်ကျစရိတ်နဲ့ တည်ဆောက်ခဲ့တာပါ။ လူပေါင်း 6,014 ဦးအထိ စားသောက်နိုင်တဲ့ စားပွဲတွေရှိပြီး စားသောက်ဆိုင်မှာ ၀န်ထမ်း 1,800 ကျော်ရှိပါတယ်။ ဆိုင်မှာ အစားအသောက်တွေအနေနဲ့ အာရပ်၊ အိန္ဒိယ၊ တရုတ်၊ ဆီးရီးယား၊ အီရန်နဲ့ အရှေ့အလယ်ပိုင်း အစားအစာတွေ ပါဝင်ပါတယ်။

5 of the Biggest Restaurants in the World

The Royal Dragon Restaurant

Mang Gorn Luang လို့သိကြတဲ့ The Royal Dragon ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ရှိပြီး ၂၀၀၄ ခုနှစ်အထိ ကမ္ဘာ့အကြီးဆုံးစားသောက်ဆိုင် ဖြစ်ခဲ့ပါတယ်။ 8.35 ဧက ကျယ်ဝန်းပြီး ကျယ်ဝန်းတဲ့ လေဟာပြင် စားသောက်ဆိုင်ဟာ ညစာစားသူပေါင်း 5,000 ဆံ့နိုင်ပြီး ဟင်းပွဲပေါင်း 1,000 ကျော်ကို ပေးဆောင်နိုင်ပါတယ်။ Royal Dragon မှာ ပင်လယ်စာဟင်းလျာကို လူကြိုက်များတဲ့အပြင် ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ အနောက်တိုင်းစတိုင်အစားအစာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။ 

royal dragon restaurant

West Lake

ကမ္ဘာ့အကြီးဆုံးစားသောက်ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်တဲ့ တရုတ်စားသောက်ဆိုင် West Lake စားသောက်ဆိုင်မှာ ထိုင်ခုံ ၅၀၀၀ ကျော်ရှိသည်။ စားသောက်ဆိုင်က တရုတ်နိုင်ငံ၊ Changsha တွင်တည်ရှိပြီး 2004 ခုနှစ်တွင်ဖွင့်လှစ်ပြီးကတည်းက အာရှမှာ အကြီးဆုံးဖြစ်ခဲ့ပါတယ်။ 

west lake restaurant

Zehnder’s

အကင်၊ ပင်လယ်စားနဲ့ ဂန္တဝင်ဥရောပအချိုပွဲတွေကိုး ဝန်ဆောင်မှုပေးနေတဲ့ Zehnder’s စားသောက်ဆိုင်က စားသုံးသူ ၁၅၀၀ ဆံ့ပါတယ်။ Zehnder's က ခေတ်နောက်ပြန်ပုံစံတစ်မျိုးရှိပြီး အဆောက်အအုံက မူလက 1856 ခုနှစ်မှာ တည်ဆောက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ 

zehnders

The Varsity Downtown

Varsity Downtown က အရွယ်အစားကြီးတဲ့ စားသောက်ဆိုင်တစ်ဆိုင် မဟုတ်ပါဘူး။ ဒီဆိုင်က classic drive-in  ဆိုင်တစ်ဆိုင်ဆိုလည်း မမှားပါဘူး။ Varsity Downtown က Georgia Tech ကျောင်းဝင်းဘေးမှာ တည်ရှိပြီး အတွင်းမှာ ဝိုင်း ၈၀၀ လောက်ရှိပါတယ်။ နောက်ပြီးတော့ ကားအစီးရေ 600 အထိ ရပ်နားနိုင်တဲ့ နေရာလည်း ရှိပါသေးတယ်။

the varsity downtown

⇐ Previous Next

Read 1196 times