Health & Beauty

ဆောင်းရာသီမှာ အသားရည်ကို ဘယ်လိုထိန်းသိမ်းမလဲ

How to take care of your skin in winter?

ဆောင်းရာသီက အေးချမ်းတဲ့ ကာလတစ်ခုဖြစ်ပေမယ့် နောက်ဆွဲတွေ ပါလာတာတွေကတော့ အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဆောင်းရာသီမှာ ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာကိုလည်း သိထားဖို့လိုအပ်ပါတယ်။

များသောအားဖြင့် အသားရည်က ရေဓာတ်ခမ်းခြောက်မှုပေါ် မူတည်နေပါတယ်။ အသားအရေလှပဖို့ဆိုတာ လိမ်းဆေးတွေကိုပဲအားကိုးလို့ မရပါဘူး။ အာဟာရပြည့်ဝတဲ့အစားအစာတွေကို များများစားပြီး ရေကိုလည်းများများသောက်ပေးမှ အသားအရေလေးက တကယ်ကိုလှလာမှာပါ။

The best skin care routine for your skin type this winter | CNN Underscored

အသားအရည်ကို ခြောက်သွေ့စေတဲ့ ဆောင်းရာသီရောက်လာတဲ့အခါ အဟာရဓာတ်တွေ ရေဓာတ်တွေကို ပိုလိုလာပါတယ်။ ဒါကြောင့် ရေကို များများသောက်၊ ဟင်းသီးဟင်းရွက်တွေလည်းများများစား၊ ဟင်းချက်တဲ့အခါ သံလွင်ဆီလေးထည့်ချက်နိုင်ရင် အကောင်းဆုံးပါ။ 

ဆောင်းရဲ့ အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အစိုဓာတ်ထိန်းခရမ်လေးတွေက မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း ရေချိူးပြီးတိုင်းမှာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုရော အစိုဓာတ်ထိမ်းခရမ်တွေ လိုးရှင်းတွေ လိမ်းပေးသင့်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာလည်း မျက်နှာကို အစိုဓာတ်ထိန်းခရမ်လေး လိမ်းပေးပါ။

Winter Skincare Tips for the Season

နေပူပူ မိုးအုံ့အုံ့ နွေဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် နေရောင်ခြည်က UV Rays တွေ ဒဏ်ကိုခံရနိုင်တော့ နေ့ဘက်အပြင်ထွက်မယ်ဆိုရင် အပြင်မသွားခင် နာရီဝက်အလိုထဲက နေရောင်ကာလိမ်းဆေး ကြိုလိမ်းထားသင့်ပါတယ်။ 

ဆောင်းရာသီမှာ နှုတ်ခမ်းကတော့ ခြောက်မှာပဲ။ ဒါပေမယ့် နှုတ်ခမ်းကို လျှာနဲ့ မသပ်မိစေနဲ့နော်။ တံတွေးတွေက နှုတ်ခမ်းကို ပိုခြောက်စေတယ်လေ။ အဲ့ဒီတော့ နှုတ်ခမ်းနီအဆီလေးတွေ ဆိုးပေးပါ။ Vit E ပါတဲ့ နှုတ်ခမ်းနီအဆီက ပိုကောင်းပါတယ်။ အမြဲ ဆောင်ထားပြီး နှုတ်ခမ်းနီပျက်သွားတိုင်း ဆိုးပေးပါ။ Petroleum Jelly တို့ သံလွင်ဆီတို့ လိမ်းပေးလည်း ရပါတယ်။

Winter elements causing dry, cracked and flaky skin? Here's how to fix it -  National | Globalnews.ca

နှုတ်ခမ်းအက်ကွဲသွားပြီး အဖတ်လေးတွေကွာနေရင်တော့ လုံးဝမခွာမိစေနဲ့နော်။ အဲ့ဒီ အဖတ်တွေကို ဖယ်ချင်ရင် Petroleum Jelly ဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် နှုတ်ခမ်းကိုအရင်လိမ်းပြီးမှ သွားပွတ်တံအမွှေးနုနုလေးဖြစ်ဖြစ်၊ အမွှေးနုပဝါလေးဖြစ်ဖြစ်နဲ့ ဖြည်းဖြည်းလေးပွတ်ပြီး ဖယ်ပါ။ ဒီလိုနည်းတွေနဲ့ ဆောင်းရာသီမှာ သင့်ရဲ့ အသားအရည်ကို သေချာထိန်းသိမ်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

⇐ Previous Next

Read 1068 times