Food & Drink

Seafood ခရေဇီတွေအတွက် ရန်ကုန်မြို့က ပင်လယ်စာဆိုင် (၇) ဆိုင်

7 Seafood Restaurants In Yangon

Seafood စားဖို့ဆို လာမခေါ်နဲ့၊ ကိုယ့်ဘာသာကိုယ် လာမယ့်သူတွေ ရှိတယ်မလား? Seafood ဆိုင်ကောင်းလေးတွေကြောင့် Seafood ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ ယခင်ကထက် ပိုမိုများပြားလာခဲ့ပါတယ်။ မတူညီတဲ့ ပင်လယ်စာ အရသာ အသစ်အဆန်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ဖို့အတွက် ဆိုင်ကောင်းကောင်းလေးတွေကို သိဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒါကြောင့် Seafood သီးသန့်ကိုမှ စားချင်ပါတယ်ဆိုတဲ့သူတွေကတော့ ဒီဆိုင်လေးတွေကို သွားစားကြည့်သင့်ပါတယ်နော်။

၁။ Sate Kyaik Seafood

Sate Kyaik Seafood ဆိုင်ကတော့ ၂၀၁၅ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး အခုထိတိုင် Seafood Monster တွေကြား နာမည်ကြီးနေတဲ့ ဆိုင်ဖြစ်ပါတယ်။ ပင်လယ်စာတွေဆို အမြဲလတ်ဆတ်နေပြီး ဟင်းပွဲတွေကလည်း ပွဲကြီး၊ ပွဲသေးမျိုးစုံရပါတယ်။ ဒါ့အပြင် Seafood နဲ့ပက်သက်ရင် ရခိုင်၊ မြန်မာ၊ ယိုးဒယား၊ တရုတ် စတဲ့ အရသာမျိုးစုံကို စားသုံးနိုင်ပါတယ်။

ဒီဆိုင်လေးကိုရောက်ရင် လူတိုင်းနီးပါး စားဖြစ်တာက ပင်လယ်စာဗန်းနဲ့ ပင်လယ်စာအစုံကို ခေါက်ဆွဲနဲ့ အရည်ပူပူလေးကိုမှ ချဉ်စပ်အရသာလေး ပြင်ဆင်ထားတဲ့ Boiling Seafood ဆိုတဲ့ ဟင်းပွဲလေးဖြစ်ပါတယ်။ ပင်လယ်စာကို ရှူးရှူးရှဲရှဲ အားရပါးရ စားချင်တဲ့သူတွေအတွက် သွားစားကြည့်သင့်တဲ့ ဆိုင်လေးပါ။ ပေ့ချ်မက်ဆင်ဂျာကနေတဆင့် မှာလို့ရပြီး အိမ်အရောက်ပို့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

Address - ပြည်သူ့ဥယျာဉ်ဝင်း၊ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ (Myanmar Culture Valley Shopping Center)အနီး၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Phone - 09260800500

၂။ Seafood Paragon

Seafood အကောင်ကြီးကြီးတွေကိုမှ စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားသင့်ပါတယ်။ Seafood Paragon က King Crab၊ Sea Crab အကောင်ကြီးတွေ၊ Lobster ဆိုဒ်အစုံ၊ ကျောက်ဂဏန်းတွေအထိကို အရသာမျိုးစုံနဲ့ စားလို့ရနိုင်တဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်လေးမှာ လူကြိုက်များတဲ့ Big ဗန်းဆိုတဲ့ ဟင်းပွဲလေးတစ်ခု ရှိပါတယ်။ ဟင်းပွဲထဲမှာ  ခေါက်ဆွဲနဲ့ ပုဇွန်၊ ဂဏန်း၊ ဂုံးတွေ အများကြီးပါပါတယ်။  အဲ့ဒီ့ Big ဗန်းရဲ့ အသက်က ဟင်းပွဲထဲက အနှစ်ရဲရဲလေးပဲ ဖြစ်ပါတယ်။ Big ဗန်းရဲ့ အနှစ်လေးကို ထမင်းနဲ့ နယ်စားတာကလည်း အရမ်းကောင်းပြီး လူကြိုက်များပါတယ်။ 

Address - အမှတ် ၃၁/က၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်။
Phone - 09 798 668 445

Advertisement

Click Here > Max Cool Engineering

၃။ စားတော်ပွဲ Seafood & Rakhine Cuisine

ဒီဆိုင်လေးကတော့ ပင်လယ်စာ စုံစုံလင်လင်ရနိုင်တဲ့အပြင် အရသာကောင်းမွန်ပြီး ဈေးနှုန်းတန်တဲ့ ဟင်းပွဲလေးတွေကြောင့် လူကြိုက်များ နာမည်ကြီးတဲ့ ဆိုင်ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများတောင် ဒီဆိုင်လေးကို မကြာခဏ သွားစားတတ်ကြပါတယ်။ ဒီဆိုင်မှာ လူကြိုက်များတဲ့ ဟင်းပွဲလေးတွေကတော့ ပုဇွန်ကြော်လေးဝါးလိုက်၊ ရေဘဝဲသုပ်လေးစားလိုက်၊ ကြက်ခြေထောက်ထောင်းလေးစားလိုက်၊ ဂဏန်းလေးကိုက်လိုက်နဲ့ အစုံစားရမယ့် HOP With Crab၊ ထောပတ်ဆီ များများလေးထည့်ပြီး ကင်ထားတဲ့ လတ်လတ်ဆတ်ဆတ်နဲ့ အသားပြည့် ရေချိုပုဇွန်ထုပ်ကင်၊ တစ်ပွဲတည်းနဲ့ ပင်လယ်စာတွေကို ပြုတ်တာလည်း စားမယ်၊ ကြော်တာလည်း စားမယ်၊ အရည်သောက်ပါ တစ်ခါတည်း ပါတာမျိုးဆို စားတော်ပွဲ Special၊ ပင်လယ်စာအစုံကို ရခိုင်အရသာ၊ တုံယမ်းအရသာ၊ မာလာအရသာနဲ့ စားနိုင်မယ့် Gaint Seafood Tray တို့ဖြစ်ပါတယ်။ 

အမှတ်၉၂၊ ရွှေတောင်တန်းလမ်း၊ အလယ်ဘလောက် (၁၄လမ်းနဲ့ ၁၅လမ်းကြား) လမ်းမတော်မြို့နယ်၊ ရန်ကုန်။

Phone - 09 775732137

၄။ The Seaside Taste

Seafood ဟင်းပွဲကောင်းကောင်းလေးတွေအတွက် The Seaside Taste ဆိုင်ကလည်း မမေ့သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ပင်လယ်စာအစုံ ဗန်းကြီးတွေအပြင် မီနူးပေါင်း (၂၀၀) ကျော်တောင် ရှိပါသေးတယ်။ ၂၀၁၇ ခုနှစ်တည်းက လှည်းတန်းမှာ ရေဘဝဲထောင်းနဲ့ အစပြုခဲ့တဲ့ ဆိုင်လေးကနေ အခု ဗိုလ်မှူးဗထူးလမ်းပေါ်က အရသာကောင်းတဲ့ ပင်လယ်စာဆိုင်အထိ ဖြစ်နေပါပြီ။

Seafood အစုံ ချဉ်စပ်ချက် Seaside မိသားစုထောင်း၊ Seafood အကင်စုံ၊ ကင်းမွန်ချဉ်စပ်ထောင်းလေးတွေကလည်း ဒီဆိုင်ရဲ့ လူကြိုက်များတဲ့ ဟင်းပွဲလေးတွေ ဖြစ်ပါတယ်။ မီနူးကြည့်ပြီး ဘာစားရမလဲ စဉ်းစားရခက်နေရင် ဂဏန်းထောင်း၊ ပုဇွန်ကင်၊ ရေဘဝဲထောင်း၊ ပြောင်းဖူးထောင်း၊ မုန့်ဖတ်၊ ယောက်သွား/ဂုံးချော/သွေးဂုံးထောင်း၊ ကြက်တောင်ပံကြော်၊ ကြက်အသားချောင်းကြော် စတဲ့ ဗန်း (၈) ဗန်းပါတဲ့ ဟင်းပွဲလည်း ရှိပါတယ်။ ဒီဆိုင်မှာ လူများရင် ဟင်းပွဲစောင့်ရတာ အချိန်ကြာလို့ ထိုင်စား/ပါဆယ်အတွက် ဆိုင်ကို မရောက်မီ အနည်းဆုံး တစ်နာရီလောက်တည်းက ပေ့ချ်မက်ဆင်ဂျာကနေတဆင့် ကြိုတင်မှာယူထားလို့ ရပါတယ်။  

Address - အမှတ် ၁၃၀၇၊ ၄ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ (စျေးလေးမှတ်တိုင်အနီး)။
Phone - 09799928128

၅။ The Manhattan FISH MARKET Myanmar

ပင်လယ်စာကိုမှ အနောက်တိုင်းဆန်ဆန် စားချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဆိုင်လေးပါ။ ဒီဆိုင်က ရန်ကုန်မှာရော မန္တလေးမှာပါ ဆိုင်ခွဲတွေရှိလို့ ပင်လယ်စာချစ်သူတွေနဲ့ မစိမ်းလောက်ပါဘူး။ ဆိုင်ရဲ့ လူကြိုက်များတဲ့ ဟင်းပွဲတွေကတော့ ဒိုရီငါးအသားကို နူးနူးညံ့ညံ့လေးဖြစ်အောင် ခဲပတ်နဲ့ ပေါင်းထားတဲ့ Baked Dory၊ လတ်ဆတ်တဲ့ ပုဇွန်ရဲ့ မူလအချိုအရသာနဲ့အတူ Flaming Sauce ရဲ့ အဆိမ့်အရသာကို ပေါင်းစပ်ထားတဲ့ Manhattan Flaming Prawns တို့ဖြစ်ပါတယ်။

လူများများနဲ့ သွားတဲ့အခါကျရင်တော့ ပင်လယ်စာအစုံ စားရအောင် ကြွပ်ရွနေအောင် ကြော်ထားတဲ့ Tiger Prawn တွေရယ်၊ ဒိုရီငါးအသားလွှာကြော်၊ ဂုံး၊ ကမာ၊ ပြည်ကြီးငါးတွေရယ်၊ ပြီးတော့ အာလူးကြော် ကြွပ်ကြွပ်လေးတွေပါ ပါတဲ့ Fried Seafood Bucket ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။

ပင်လယ်စာတွေအပြင် တခြားအသား မီနူးတွေ၊ အချိုပွဲတွေ၊ သောက်စရာ အအေး၊ ကော်ဖီတွေလည်း ရပါသေးတယ်။ ဒါ့အပြင် ကလေးခေါ်သွားမယ့် ဖေဖေ၊ မေမေတွေ အဆင်ပြေအောင် ကလေးတွေအတွက် သီးသန့် Junior မီနူးလည်း ရှိပါတယ်။ 

ရန်ကုန် 

ဆိုင် (၁) - 44/56 Kannar Road, corner of 41st Street, Ground Floor, MMG Tower, Botahtaung Township, Yangon
Phone - 09 777 111213 

ဆိုင် (၂) - Unit 311, Level 3, Myanmar Plaza, Bahan, Yangon, Myanmar
Phone - 09 777 14 15 16

မန္တလေး

Unit 5, Block 5, Mingalar Mandalay

၆။ Min Lan Seafood

Seafood ဆိုတာနဲ့ မင်းလမ်းမုန့်တီ Seafood ဆိုင်ကို ချန်ထားခဲ့လို့ မရပါဘူး။ ဆိုင်ဖွင့်တာလည်း နှစ်ပေါင်းကြာပြီဖြစ်တဲ့အတွက် ရန်ကုန်က လူတိုင်း ဒီဆိုင်ကို သိကြပါတယ်။ ရခိုင်စာ၊ မုန့်တီနဲ့ Seafood အစုံ ရနိုင်တဲ့အတွက် စိတ်ကြိုက်ရွေးပြီး မှာစားလို့ရပါတယ်။ ဆိုင်ခွဲတွေလည်း အများကြီးရှိတော့ ကားပိတ်တဲ့ ရန်ကုန်မြို့ကြီးထဲမှာ နီးစပ်ရာဆိုင် ဝင်စားရုံပါပဲ။ ဆိုင်မှာ ထိုင်စားနိုင်သလို Foodpanda၊ Grabfood နဲ့ FoodMall ကနေတဆင့်လည်း အိမ်အရောက် မှာယူသုံးဆောင်နိုင်ပါတယ်။

၇။ Green House Seafood Restaurant

ဒီဆိုင်လေးက (၁၂) နှစ် သက်တမ်းရှိပြီး မြောက်ဥက္ကလာ (ဈ) ဈေးနားမှာ ဖွင့်ထားတာပါ။ ဈေးနဲ့ နီးတော့ ပင်လယ်စာတွေက လတ်ဆတ်ပြီး စားလို့ ကောင်းပါတယ်။ ဒီဆိုင်မှာ အရသာရှိတဲ့ Seafood အကင်တွေ၊ Seafood အထောင်းတွေ၊ Seafood အရောဟင်းပွဲတွေ၊ Seafood တစ်မျိုးချင်းဆီဟင်းပွဲတွေ၊ Seafood အစုံဟင်းပွဲတွေအပြင် Seafood မကြိုက်တဲ့ Customer တွေအတွက် တခြားအသားနဲ့ ငါးဟင်းပွဲတွေ၊ ရခိုင်အစားအစာတွေလည်း ရပါတယ်။ ဆိုင်မှာ ထိုင်စားလို့ရသလို မှာယူချင်တယ်ဆိုရင်လည်း ရန်ကုန်မြို့တစ်မြို့လုံးကို Deli နဲ့ ပို့ဆောင်ပေးပါတယ်။ 
Address – အမှတ်/ ၁၁၈၊ မေဓါဝီလမ်းမ၊ ဆ/ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။
Phone - 09 7 88836591 

Seafood ကြိုက်နှစ်သက်တဲ့ သူတွေဆိုရင်တော့ ဒီဆိုင်လေးတွေကို ရောက်အောင်သွားကြည့်ပြီး မတူညီတဲ့ အရသာ အသစ်သစ်တွေကို ခံစားကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ 

ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ စားသောက်ဆိုင် (၂,၉၀၀) ကျော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်ကလင့်ခ်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။

>> https://shorturl.at/abjW2

⇐ Previous Next

Read 1040 times