Food & Drink

နိုင်ငံပေါင်းစုံကို ရောက်သွားသလို ခံစားရစေမယ့် ကမ္ဘာပတ်ထမင်းကြော်နည်း (၈) နည်း

8 ways to make fried rice from around the world feel like you are in different countries

အစားအသောက်တွေကို Delivery Service တွေ၊ Takeaway တွေနဲ့ စားသောက်နေရတာ ပျင်းရိနေတဲ့ သူတွေ အိမ်မှာနေရင်း အိမ်ကမိသားစုကို လက်စွမ်းမပြချင်ဘူးလား? အိမ်တွင်းအောင်းရတဲ့ အချိန်တွေကို အစားအသောက်တွေ လုပ်စားရင်း အချိန်ကုန်ဆုံးလိုက်ပါ။

များသောအားဖြင့် ထမင်းကြော်ကို မနက်စာ၊ နေ့လည်စာ၊ ညစာ၊ ညလည်စာ ဆိုပြီး ခွဲခြားစားလေ့မရှိပါဘူး။ ဘာလို့ဆို ထမင်းကြော်က ဘာနဲ့မှမတူတဲ့ အကောင်းဆုံးအစားအစာ တစ်မျိုးမို့လို့ပါ။ ဒါ့ကြောင့် လုပ်ရလွယ်ကူပြီး အချိန်သက်သာစေမယ့် အပြင် နိုင်ငံတစ်ခုချင်းဆီကို ရောက်ရောက်သွားသလို ခံစားရစေမယ့် ကမ္ဘာပတ်ထမင်းကြော်နည်းတွေကို ကပ်တိုးလေး ပြောပြချင်ပါတယ်။

Korea Fried Rice And Black Beans Sauce

No photo description available.

ကိုရီးယား black beans sauce ( Jjajang ) Ready Made ဘူးတွေကို Supermarket မှာ ဝယ်လို့ရပါတယ်။ အိမ်မှာလည်း ကိုယ်တိုင်လုပ်လို့ရပါတယ်။ 

ပါဝင်ပစ္စည်းများ 

ပဲအမဲ ( salted black beans) ၄၀၀ ဂရမ်

ချင်း ၂၅ ဂရမ် ထောင်းထားပါ

ငရုပ်သီးမှဲ့အတောင့်ရှည် အနီ ၂ တောင့်

ဆား လဖက်ရည်ဇွန်း ၂ ဇွန်း

သကြား စာပွဲစားဇွန်း ၁ ဇွန်း

ပဲငံပြာရည် အကြည် စာပွဲစားဇွန်း ၄ ဇွန်း

ရှလကာရည် စာပွဲစားဇွန်း ၄ ဇွန်း

ပဲငံပြာရည်အနောက် စာပွဲစားဇွန်း ၂ ဇွန်း

ဆီ စာပွဲစားဇွန်း ၂ ဇွန်း

နှမ်းဆီမွှေး စာပွဲစားဇွန်း ၁ ဇွန်း+စာပွဲစားဇွန်း ၁ ဇွန်း

ပြောင်းဖူးမူန့် စာပွဲစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း 

ပထမဦးဆုံး ထောင်းထားတဲ့ ချင်းကို ဇွန်း ၂ ဇွန်း၊ နှမ်းဆီမွှေး ၁ ဇွန်းနဲ့ ဆီသတ်ပါ။ ပြီးရင် ငရုပ်သီး နဲ့ ပဲအမဲထည့်ပြီးဆီသတ်ပါ။ ပဲငံပြာရည်အကြည်၊ ဆား၊ သကြားထည့်ပါ။ ပြီးရင် အအေးခံထားပါ။ အေးသွားရင် blender ထည့်ကြိတ်ပါ ဒါမှမဟုတ် ညှက်အောင်ထာင်းပါ။ ပြီးရင် ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ရှာလကာရည်၊ ပဲငံပြာရည်အနောက် ထည့်မွှေပေးပါ။ ပြီးရင် နှမ်းဆီမွှေးထည့်ပါ။ နောက်ဆုံးအနေနဲ့ ပြောင်းဖူးမူန့်ကို ရေနဲ့ ဖျော်ပြီးထည့်ပါ။ ပျစ်လာရင် ဆော့စ် အောင်မြင်သွားပါပြီ။

Korea Fried Rice အတွက် ပါဝင်ပစ္စည်းများ

မုန်လာဥအဖြူ ၁၀၀ ဂရမ် (အတုံးသေးသေးတုံးပါ)

အာလူး ၁၅၀ ဂရမ် (အတုံးသေးသေးတုံးပါ)

ဂေါဖီ ၁၀၀ ဂရမ် (သေးသေးလှီးထားပါ)

ကြက်သွန်နီ ၁၆၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)

ကြက်ရင်ပုံသား ၂၀၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)

ကိုရီးယားblack beans sauce စာပွဲစားဇွန်း ၄ ဇွန်း

ဆီ စာပွဲစားဇွန်း ၃ ဇွန်း

နှမ်းဆီမွှေး စာပွဲစားဇွန်း ၁ ဇွန်း

ဆား လဖက်ရည်ဇွန်း ၁ ဇွန်း

ငရုပ်ကောင်းအမဲ လဖက်ရည်ဇွန်း ၂ ဇွန်း

သကြား စာပွဲစားဇွန်း ၂ ဇွန်း

ရေ ၆၀၀ ml

ပြောင်းဖူးမူန့် စာပွဲစားဇွန်း ၂ ဇွန်း

ထမင်းကြော်ရန် လိုအပ်တာက

ထမင်းဖြူ ၄၀၀ ဂရမ်

ကြက်သွန်ဖြူ ၃ မြှောင့်.နူတ်နူတ် စင်းပါ

မုန်လာဥနီ ၄၀ ဂရမ်.အတုံးသေးသေးတုံးထားပါ

ကြက်သွန် မြိတ် ၁ ပင်.ပါးပါးလှီးပါ

ကြက်ဥ ၂ လုံး

ဆီ စာပွဲစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

Black beans sauce ဟင်းချက်ဖို့အတွက် ဆီအိုးတည်ပါ၊ ဆီပူရင် ကြက်သားထည့်ကြော်ပါ။ ကြက်သားကို နီညိုရောင်သန်းသည်အထိ ကြော်ပါ။ ( ဝက်သားသုံးထပ်သား ဆိုရင် ပိုကောင်းပါတယ်၊ ဝက်သားသုံးထပ်သားကို ကြွတ်နေအာင်ကြော်ရင်ပိုကောင်းပါတယ်)

လှီးထားတဲ့ ကြက်သွန်၊ မုန်လာဥဖြူ၊ ဂေါ်ဖီ၊ အာလူး တို့ထည့်ပြီး နည်းနည်းနွမ်းတဲ့အထိ ကြော်ပါ။ပြီးရင် အားလုံးကို ဘေးကပ်ပြီး ဆီနဲနဲထည့်ပါ။ ကိုရီးယား black beans sauce ထည့်ကြော်ပါ။ ပြီးရင် အားလုံးရောမွှေပြီးရေထည့်ပါ။ 

ဆားသကြား၊ ငရုပ်ကောင်းထည့် ပြီး အဖုံးအုပ်ချက်ပါ။ ကြက်သား၊ အာလူးနူးရင် ဆော့စ်ပျစ်ဖို့အတွက် ပြောင်းဖူးမူန့်ကို ရေနဲ့ ဖျောပြီး ထည့်မွှေပေးပါ။ နှမ်းဆီမွှေးထည့်မွှေပြီးရင် အဆင်သင့်ဖြစ်ပါပြီ။ ထမင်းကြော်ဖို့ အတွက် ဆီအိုးတည်ပါ။ 

ဆီပူရင် ကြက်သွန်ဖြူထည့်ဆီသတ်ပါ။ ပြီးရင် ကြက်ဥထည့်ကြော်ပါ။ ပြီးရင် မုန်လာဥနီ နဲ့ ထမင်းထည့်ပြီးကြော်ပါ။ ချက်ထားတဲ့ black beans sauce နဲ့ စားရမှာဖြစ်တဲ့ အတွက် ထမင်းကြော်မှာ အရသာထည့်ဖို့ မလိုပါဘူး။ ကိုရီးယား မုန်လာဥအချဥ် အဝါနဲ့ ထမင်းကြော်+Black beans sauce နဲ့ တွဲဖက်စားရမှာ ဖြစ်ပါတယ်။

Kimchi Fried Rice

May be an image of fried rice

ပါဝင်ပစ္စည်းများ

ထမင်းကြမ်း ၂၀၀ ဂရမ်

ကြက်သား/ဝက်သား. ၇၅ ဂရမ်

အသားနပ် ရန် ပဲငံပြာရည်. လဖက်ရည်ဇွန်း ၁ ဇွန်း

ကင်မ်ချီးkimchi ၆၅ ဂရမ်

ပဲသီး ၅၀ ဂရမ်

ကိုရီးယားငရုပ်သီးအနှစ် Gochujang. စာပွဲစားဇွန်းတစ်ဝက်

နှမ်းဆီမွှေး လဖက်ရည်ဇွန်းဝက်

ပဲငံပြာရည်အကြည်. လဖက်ရည် ဇွန်း တစ်ဇွန်း

သကြား လဖက်ရည်ဇွန်းဝက်

နှမ်းလှော် အနည်းငယ်

ကြက်သွန်မြိတ် ၁ ပင်၊ ပါးပါးလှီးပါ

ဆီ စားပွဲစား ဇွန်း၂ဇွန်း

ပြုလုပ်နည်း

ကင်မ်ချီးအရည်ကို စစ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ကင်ချီးကို ပါးပါးလှီထားပါ။ ကင်ချီးအရည် ပန်းကန်ထဲကို ကိုရီးယားငရုပ်သီးအနှစ်ထည့်ပါ။ ပြီးရင် ပဲငံပြာရည်၊ သကြား၊ နှမ်းဆီမွှေးထည့်ပြီး မွှေထားပါ။ 

အသားကို ပါးပါးလှီးပြီး ပဲငံပြာရည်နဲ့ နယ်ထားပါ။ ထမင်းကြော်မယ့် ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူရင် ကင်မ်ချီးထည့်ကြော်ပါ။ ပြီးရင် အသားထည့်ကြော်ပါ။ ပြီးရင် ပဲသီးထည့်ကြော်ပါ။ ထမင်းထည့်ပါ၊ စပ်ထားတဲ့ sauce ထည့်ကြော်ပါ။ ပြီးရင်တော့ နှမ်းလေးဖြူး ပြီးသုံးဆောင်ရုံပါပဲ။

American Fried Rice

No photo description available.

ပါဝင်ပစ္စည်းများ

ထမင်းကြမ်း ၂၀၀ ဂရမ်

ကြက်သားချောင်း ၁ ချောင်း.နူတ်နူတ်စင်းထားပါ

ငရုပ်ပွအစိမ်း+ငရုပ်ပွအနီ ၁၀၀ ဂရမ်.

ခရမ်းချဥ်သီးဆော့စ် tomato ketchup စာပွဲစားဇွန်း ၁ ဇွန်း နဲ့ တဝက်

ငရုပ်ကောင်း အနည်းငယ်

အရသာမူန့် လဖက်ရည်ဇွန်း ဝက်

ပဲငံပြာရည်အကြည်. စာပွဲစားဇွန်း ၁ ဇွန်း

ဆီ စာပွဲစားဇွန်း ၁ ဇွန်း

ထောပတ် စာပွဲစားဇွန်း ၁ ဇွန်း

ထမင်းကြော်နဲ့ တွဲဖက်စားဖို့အတွက် 

ကြက်ဥကြော် ၁လုံး

ကြက်သားကြော် ၁တုံး

ပြုလုပ်နည်း

ဒယ်အိုးထဲဆီထည့်ပါ။ ဆီနဲ့ ထောပတ်ထည့်ပါ။ ဆီပူရင် ကြက်သားချောင်းနဲ့ ငရုပ်ပွထည့်ကြော်ပါ။

ပြီးရင် ထမင်း၊ ခရမ်းချဥ်သီးဆော့စ်၊ ပဲငံပြာရည်၊ အရသာမူန့်၊ ငံပြာရည်၊ ငရုပ်ကောင်းထည့်ပြီးကြော်ပါ။ နောက်ပြီးရင်တော့ ကြက်သားကြော်၊ ကြက်ဥကြော်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Indonesian Fried Rice

No photo description available.

ပါဝင်ပစ္စည်းများ

ထမင်းကြမ်း ၄၀၀ ဂရမ်

မျောက်ငိုသီး စာပွဲစားဇွန်း ၂ ဇွန်း

ပုဇွန် ၆ ကောင်

တရုပ်နံနံပင် ၂ ပင်.ပါးပါးလှီးထားပါ

ကြက်သွန်မြိတ် ၂ ပင်.ပါးပါးလှီးထားပါ

ကြက်သွန်နီကြော် စာပွဲစားဇွန်း ၂ဇွန်း

ကြက်ဥကြော်ရန် ကြက်ဥ ၂ လုံး

ထမင်းကြော်ရန် ဆီ စာပွဲစားဇွန်း ၆ ဇွန်း

အနှစ်ထောင်းရန် လိုအပ်တာက

ကြက်သွန်နီဥအေသး ၃လုံး

ကြက်သွန်ဖြူ ၅ မွှာ

ငရုပ်သီးစိမ်း ၈ တောင့်

ငပိစိမ်းစား လဖက်ရည် ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို အရင်ထောင်းပါ။ ပြီးမှ ကြက်သွန်နီ နဲ့ ငပိထည့်ထောင်းပါ။ ပြီးရင် ပန်းကန် ထဲထည့်ထားပါ။ 

ထမင်းကြော်အတွက် လိုအပ်တဲ့ အရသာတွေ ကတော့

ပဲငံပြာရည်အကြည် လဖက်ရည်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည်အေနာက် လဖက်ရည်ဇွန်း ၂ ဇွန်း၊ အရသာမူန့် အနည်းငယ်၊ ငရုပ်ကောင်းမူန့် အနည်းငယ် စတဲ့ ပစ္စည်းတွေ အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပါ။ 

ပြီးရင် ကြက်ဥထည့်ကြော်ပြီး ဆယ်ထားပါ။ ဒယ်အိုးထဲ ကျန်တဲ့ ဆီနဲ့ ထောင်းထားတဲ့ အနှစ် ထည့်ပြီး ဆီသတ်ပါ။ မျောက်ငိုသီးရှိပါက မျောက်ငိုသီးထည့်ပါ ပြီးရင် ထမင်းကြမ်း၊ ပဲငံပြာရည် (၂) မျိူး၊ ငရုပ်ကောင်း၊ အရသာမူန့်ထည့်ပါ။ ပြီးရင် တရုတ်နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့် ကြော်ပါ။ စားတဲ့အခါမှာ ကြက်သွန်နီကြော် ဖြူးစားပါ။ 

ထမင်းကြော်နဲ့ တွဲဖက်စားရမှာကတော့

ကြက်ဥကြော်

သခွားသီး

ခရမ်းချဥ်သီး

ငါးမုန့်ကြော် တို့ဖြစ်ပါတယ်။

Thai Green Curry Fried Rice

No photo description available.

ပါဝင်ပစ္စည်းများ 

ထမင်းကြမ်း ၄၀၀ ဂရမ်

ပြည်ကြီးငါး. ၁၅၀ ဂရမ်

ထိုင်းအစိမ်းရောင်ဟင်းအနှစ် စာပွဲစားဇွန်း ၂ ဇွန်း

အုန်းနို့အပျစ် စာပွဲစားဇွန်း ၄ ဇွန်း

ထိုင်းငံပြာရည် စာပွဲစားဇွန်း ၂ ဇွန်း

သကြား လဖက်ရည်ဇွန်း ၁ ဇွန်း

ကိုက်လန် ၂ ပင်.ပါးပါးလှီးထားပါ

ရှောက်ဘီလူးရွက် ၂ ရွက်.ပါးပါးလှီးထားပါ

ဆီ စာပွဲစားဇွန်း ၂ ဇွန်း

ထိုင်းပင်စိမ်း thai sweet basil) ၂ ပင် (အရွက်ချွေထားပါ)

ပြုလုပ်နည်း

ထမင်းကြော်မယ့် အိုးထဲကို ဆီထည့်ပါ၊ ပြီးရင် အစိမ်းရောင်ဟင်းအနှစ်ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် အုန်းနို့၊ ငံပြာရည်၊ သကြားထည့်ပြီးချက်ပါ။ ပျစ်လာရင် ပြည်ကြီးငါးထည့်ပြီး ကြော်ပါ။ ကိုက်လန်ထည့်ပါ။ ပြီးမှ ထမင်းထည့်ပြီးကြော်ပါ။ ရှောက်ဘီလူးရွက်ထည့်ပြီးကြော်ပါ။ မီးပိတ်ပြီး ထိုင်းပင်စိမ်းထည့်ပါ။(ပြည်ကြီးငါးအစား ကြက်သား/ပုဇွန် ကြိုက်တာ အသုံးပြုနိုင်ပါတယ်)

Japanese Fried Rice

No photo description available.

ပါဝင်ပစ္စည်းများ

ဆူရှီထမင်း ၃၀၀ ဂရမ်

ထောပတ် ၂၅ ဂရမ်

ကြက်သွန်ဖြူ ၂၀ ဂရမ်

ကြက်ဥ ၂ လုံး

ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၂ ဇွန်း

ဆား အနည်းငယ်

မာရိုနီစ် စာပွဲစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ဆူရှီထမင်းကို မာရိနီစ်နဲ့ နယ်ပါ။ ကြက်သွန်ဖြူကို နူတ်နူတ်စင်းပါ။ ဒယ်အိုးကို အပူပေးပါ။ မီးလျော့ ပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်ရင် ကြက်သွန်ဖြူထည့် ဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ ဆူရှိထမင်းထည့်ပြီး မွှေပေးပါ။ ပဲငံပြာရည်ထည့်ကြော်ပါ။ 

ထမင်းကို ဘေးဖက်ကပ်ပြီး ထောပတ် အနည်းငယ်ထည့်ပြီး ကြက်ဥကို ခေါက်ပြီးထည့်ကြော်ပါ။ကြက်ဥကို ချက်ချင်းမမွှေပါနဲ့ အောက်ဖက် ကျက်စပြုရင် ယောင်းမနဲ့ ညင်သာစွာမွှေပြီး နူးညံ့တဲ့ ကြက်ဥကြော်အဖတ်များရအောင်ကြော်ပါ။ ပြီးမှ ထမင်းနဲ့ ပြန်ရောပြီး မွှေပေးပါ။ 

Chinese Fried Rice with Chinese Sausage

No photo description available.

ပါဝင်ပစ္စည်းများ

ထမင်းဖြူ ၄၀၀ ဂရမ်

ဝက်အူချောင်း ၁ ချောင်း.ပါးပါးလှီးထားပါ

မုန်လာဥနီ ၄၀ ဂရမ်. အတုံးသေးသေးတုံးထားပါ

ကြက်သွန်ဖြူ ၃ မြှောင့်.နူတ်နူတ်စင်းထားပါ

ကြက်ဥ ၁လုံး

ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၁ ဇွန်း

ငံပြာရည် စာပွဲစားဇွန်း တစ်ဝက်

ငရုပ်ကောင်းမူန့်အဖြူ အနည်းငယ်

ဆီ စာပွဲစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ဆီအိုးတည်ပါ။ ဆီပူရင်ကြက်သွန်ဖြူနဲ့ ဝက်အူချောင်းထည့်ကြော်ပါ။ ပြီးရင် ကြက်ဥထည့် ကြော်ပါ။ ထမင်းနဲ့ မုန်လာဥနီ ထည့်ပြီးကြော်ပါ။ အရသာအတွက် ပဲငံပြာရည်နဲ့ ငံပြာရည်ထည့်ပါ။ နောက်ဆုံးမှာ ငရုပ်ကောင်း ထည့်ပြီးရင် ရပါပြီ။

မြန်မာလက်ဖက်ရည်ဆိုင် ထမင်းကြော်

No photo description available.

ပါဝင်ပစ္စည်းများ 

ထမင်းဖြူ ၄၀၀ ဂရမ်

ကြက်ရင်ပုံသား ၁၅၀ ဂရမ်.ပါးပါးလှီးထားပါ

ကြက်သားနပ်ရန် ပဲငံပြာရည်. စာပွဲစားဇွန်းတ ဇွန်း

ကြက်သားနပ်ရန် ငရုပ်ကောင်းမူန့်ဖြူ အနည်းငယ်

ကြက်သားနပ်ရန်ပြောင်းဖူးမူန့်. လဖက်ရည်ဇွန်း တဇွန်း

ကြက်သွန်ဖြူ ၃ မြှာင့်.နူတ်နူတ်စင်းထားပါ

ပန်းဂေါဖီ ၄၀ ဂရမ်

မုန်လာဥနီ ၄၀ ဂရမ် (အတုံးသေးသေး တုံးထားပါ)

ကြက်ဥ ၁ လုံး

အရသာအတွက် ပဲငံပြာရည်အကြည် စားပွဲစားဇွန်း ၁ ဇွန်း

အရသာအတွက် ပဲငံပြာရည် အနောက် စားပွဲစားဇွန်း တစ်ဝက်

မဆာလာ လဖက်ရည်ဇွန်း တစ် ဇွန်းနဲ့ တစ်ဝက်

ဆား အနည်းငယ်

ဆီ စာပွဲစားဖွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါးပါးလှီးထားတဲ့ ကြက်သားကို ငံပြာရည်၊ ငရုပ်ကောင်း၊ ပြောင်းဖူးမူန့်နံနယ်ထားပါ။ ဆီအိုးတည်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးရင် နပ်ထားတဲ့ ကြက်စားထည့်ပါ။ ကြက်သား အရောင်ပြောင်းရင်

မုန်လာဥနီ၊ ပန်းဂေါ်ဖီ ထည့်ကြော်ပါ။

ထမင်းဖြူထည့်ပါ။ ပဲငံပြာရည် အကြည်နဲ့ အနောက်၊ မဆလာ၊ ဆားထည့်ပြီးကြော်ပါ။ ပြီးရင် ထမင်းကြော်ကို ဘေးနားကပ်ပြီး ဆီအနည်းငယ်ထည့်ပါ။ ကြက်ဥထည့်ကြော်ပါ။ နောက်ဆုံးမှာ အားလုံး ကို သမအောင်မွှေပြီး ကြော်ပါ။

Thai Pineapple Fried Rice

May be an image of fruit

ပါဝင်ပစ္စည်းများ

ထမင်းကြမ်း ၄၀၀ ဂရမ်

ပုဖွန် ၄ ကောင်

ကြက်ဥ ၁လုံး

ကြက်သွန်နီ ၁ ဥ. အတုံးသေးသေး တုံးထားပါ

ကြက်သွန်ဖြူ ၃ မြှောင့်.နူတ်နူတ်စင်းထားပါ

ကာရီပေါင်ဒါ လဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၁ ဇွန်း

ထိုင်းငံပြာရည် စာပွဲစားဇွန်း ၂ ဇွန်း

အရသာမူန့် အနည်းငယ်

နာနတ်သီး တစ်ခြမ်း (အတုံးသေးသေးတုံးထားပါ)

ခရမ်းချဥ်သီး ၁ လုံး လေးစိတ် စိတ်ထားပါ

ရှောက်ဘီလူးရွက် ၃ ရွက်.ပါးပါးလှီးထားပါ

ငရုပ်သီးမှဲ့အနီ အရှည်. နူတ်နူတ်စင်းထားပါ

ကြက်သွန်မြိတ် ၂ ပင်.ပါးပါးလှီးထားပါ

နံနံပင် ၁ပင်.ပါးပါးလှီးထားပါ

ထိုင်းပင်စိမ်း (sweet basil) ၁ ပင်

ပြုလုပ်နည်း

ကြက်သွန်ဖြူနဲ့ အနီကို ဆီသတ်ပါ။ ပြီးရင် ပုဇွန်ထည့်ကြော်ပါ။ ပြီးမှ ကြက်ဥ ထည့်ကြော်ပါ။ ထမင်းထည့်ပါ။ ကာရီပေါင်ဒါ၊ ပဲငံပြာရည်၊ ထိုင်းငံပြာရည် အရသာမူန့်ထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပါ

ပြီးမှ နာနတ်သီးထည့်ပြီး ကြော်ပါ။ 

ဒါတွေပြီးရင်တော့ မီးပိတ်ပြီး ကြက်သွန်မြိတ်၊ နံနံပင်၊ ထိုင်းပင်စိမ်း၊ ငရုပ်သီးထည့် ပြီးမွှေပေးပါ။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ Thai Pineapple Fried Rice ကို သုံးဆောင်နိုင်ပါပြီ။

Credit

⇐ Previous Next

Read 2199 times