Entertainment

ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ - "ဧကစာ"

Artist Ei Ka Za Cho’s watercolor painting solo show

ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ - "ဧကစာ"

ရန်ကုန်မြို့က ရေဆေးပန်းချီ နှစ်သက်သူများအတွက် …

 

ရန်ကုန်မြို့၊ တာမွေမြို့နယ်နတ်ချောင်းရပ်ကွက်၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ အမှတ် ၇ / ၈ (SKCC အဆောက်အဦ) ၅ လွှာရှိ Attributive Gallery – A Contemporary Art Space မှာ ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို အောက်တိုဘာ (၁၀) ရက်နေ့ကနေ စတင်ပြီး အောက်တိုဘာ (၁၄) ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ၊ (၅) ရက်တိုင်တိုင် တင်ဆက်ပြသသွားမှာပါ။

 ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ - "ဧကစာ"

ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို "ဧကစာ" လို့ အမည်ပေးထားပြီး တမူထူးခြားလှတဲ့ မော်ဒန်ရေဆေးလက်ရာတွေကို ကြည့်ရှု ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် စိတ်ကူးနဲ့အိပ်မက်ကြားရောယှက်နေတဲ့ နူးညံ့သိမ်မွေ့လှတဲ့ မျဉ်း ကြောင်းတွေကို ကြည့်ရှုခံစားချင်ရင်ပဲဖြစ်ဖြစ်၊ ဖိုနဲ့မ၊ အရာဝတ္ထုတွေရဲ့ ငြိမ်သက်ရှုပ်ထွေးနေတဲ့ ပုံသဏ္ဌာန်တွေကြားမှာ ခဏလောက် လွင့်မျောချင်ရင်ပဲဖြစ်ဖြစ် ဆရာဧကစာချိုရဲ့ အနုပညာလက်ရာတွေကို Attributive Gallery – A Contemporary Art Space (နာမဝိသေသနပြခန်း) မှာ သွားရောက်ကြည့်ရှုခံစားနိုင်ကြောင်း ရန်ကုန်မြို့က ပန်းချီ အနုပညာချစ်သူများကို MY Yangon Guide က လမ်းညွှန်ပေးလိုက်ပါတယ်နော် …

ပန်းချီဆရာ ဧကစာချိုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ - "ဧကစာ"

⇐ Previous Next

Read 43 times