Entertainment

အာရှအနုပညာ ဆုပေးပွဲမှာ ဆန်ခါတင် စာရင်းဝင်ခဲ့တဲ့ မြန်မာဇာတ်လမ်းတွဲနဲ့ အနုပညာရှင်များ

Asia Academy Creative Awards (AACA) 2023

အာရှအနုပညာဖန်တီးမှုဆိုင်ရာ အကယ်ဒမီဆုပေးပွဲကြီး Asia Academy Creative Awards (AACA) ဆိုတာ နှစ်စဉ် စင်္ကာပူနိုင်ငံမှာ အခြေပြု ကျင်းပလေ့ရှိတဲ့ ရုပ်ရှင်အနုပညာဆုပေးပွဲကြီးတစ်ခု ဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်၊ ဩစတေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ (၁၆) နိုင်ငံက အကောင်းဆုံး အနုပညာဖန်တီးမှု လက်ရာတွေကို အကဲဖြတ် စစ်ဆေးပြီး ကဏ္ဍအလိုက် ထူးချွန်ဆုတွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Asia Academy Creative Awards (AACA) ပွဲရဲ့ နိုင်ငံအသီးသီးက ကိုယ်စားပြုဆန်ကာတင်စာရင်း (National Winner) တွေကို စက်တင်ဘာ (၂၈) ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ National Winner ဆုစာရင်းထဲမှာ CANAL+ MYANMAR ရဲ့ ကိုယ်ပိုင်ဖန်တီးမှုဇာတ်လမ်းတွဲတွေအပြင် မဟာရုပ်သံလိုင်းက မူရင်းစီးရီးတွေလည်း ပါဝင်ပါတယ်။

(၂ဝ၂၃) ခုနှစ်အတွက် Asian Academy Creative Awards မှာ နိုင်ငံကိုယ်စားပြု ဆန်ခါတင်  စာရင်းဝင်များအဖြစ် ရွေးချယ်ခြင်း ခံထားရတဲ့ ဇာတ်လမ်းနဲ့ အနုပညာရှင်တွေကတော့ -

၁။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အဖြစ် "တမြေ့မြေ့မိုး" ဇာတ်လမ်းတွဲမှ အေးချမ်းမောင် (Mahar)

၂။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်အဖြစ် "တမြေ့မြေ့မိုး" ဇာတ်လမ်းတွဲမှ ပန်းရောင်ခြယ် (Mahar)

ရန်ကုန်ညများ - YouTube

၃။ အကောင်းဆုံးဒါရိုက်တာဆုအဖြစ် “ရန်ကုန်ညများ” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ လူငယ်ရုပ်ရှင်ဒါရိုက်တာ စိုင်းဉာဏ်လင်းဆက် (Mahar)

၄။ အကောင်းဆုံးဟာသရုပ်သံစီးရီးအဖြစ် (CANAL+) ရဲ့ “မောင်မောင်တို့ရဲ့မောင်မောင်” ဇာတ်လမ်းတွဲ 

၅။ အကောင်းဆုံးဒရမ်မာစီးရီးဆုအဖြစ် (CANAL+) “အိပ်မက်ငိုတော” ဇာတ်လမ်းတွဲ

ချိုခါးဆိမ့်သက် အချစ်တစ်ခွက် - ဝီကီပီးဒီးယား

၆။ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် “ချိုခါးဆိမ့်သက်အချစ်တစ်ခွက်” ဇာတ်လမ်းတွဲမှ စုထက် (CANAL+) တို့က National Winner ဆု (၆) ခု အသီးသီးကို အရယူနိုင်ခဲ့ပြီး တခြားသော အာရှနိုင်ငံအသီးသီးက National Winners တွေနဲ့အတူ နောက်ဆုံးပြိုင်ပွဲကြီးမှာ ဆုရရှိဖို့အတွက် ယှဥ်ပြိင်ရတော့မှာဖြစ်ပါတယ်။

Asia Academy Creative Awards ရဲ့ “Gala Final” ပွဲကိုတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှာ စင်္ကာပူနိုင်ငံ Chijmes Hall မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။  

⇐ Previous Next

Read 724 times