Food & Drink

Birthday နဲ့ Suprise လုပ်ဖို့အတွက် ကိတ်မုန့်လှလှလေးတွေမှာလို့ရမယ့် Bakery ဆိုင်များ

Bakery shops where you can order beautiful cakes for Birthday and Surprise

မွေးနေ့အတွက်ပဲ ဖြစ်ဖြစ် Anniversary အတွက်ပဲ ဖြစ်ဖြစ် Cake မှာပြီး Surprise လုပ်ချင်ပေမယ့် ဘယ်ကမှာရမှန်းမသိဖြစ်နေပါသလား?? ဒါဆို အခုပြောပြပေးသွားမယ့် ဆိုင်လေးတွေက စျေးနှုန်းလည်းသက်သာပြီး အရသာလည်းကောင်းတာမို့လို့ သင့်ကို စိတ်ကျေနပ်မှုရှိစေမှာ အမှန်ပါပဲ။ 

Roselyn's Bakery

ဒီဆိုင်လေးက လူငယ်တွေကြားထဲမှာ နာမည်ကြီးနေတာ ကြာပါပြီ။ တော်ရုံမတွေ့ရတဲ့ ကိတ်မုန့်ဒီဇိုင်းလေးတွေလည်း ဒီဆိုင်မှာတွေ့ရတတ်ပါတယ်။ ဥပမာ- Crown Cake တို့ဘာတို့ဆို တော်တော်လေးနာမည်ကြီးပြီး ဒီဇိုင်းကလည်း ဘယ်ဆိုင်နဲ့မှမတူပါဘူး။စျေးနှုန်းလေးတွေကလည်း (၂၀၀၀၀)  လောက်ကနေ စရှိတာမို့လို့ တအားမကြီးဘူးလို့ ပြောလို့ရပါတယ်။  

 

Mad Bites 

ဒီဆိုင်လေးမှာ လုပ်ပေးတဲ့ Customized Cake လေးတွေဆိုရင်လည်း လုံးဝကို ချစ်စရာကောင်းပြီး Aesthetics ပုံစံလေးတွေလည်း ရပါတယ်။Chocolate Lava Cake လေးဆိုရင်လည်း အထဲက Chocolate အနှစ်လေးတွေ ထွက်ကျလာတာကိုက ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲတောင် ဖြစ်သွားပါလိမ့်မယ်။ 

 

Bakes By BBB Yangon 

ဒီဆိုင်လေးကတော့ ချစ်စရာ Cupcake လေးတွေလည်းရနိုင်တဲ့အပြင် အခုတစ်လော ခေတ်စားနေတာကတော့ Strawberry Yogurt Cake ပါတဲ့။ Homemade full cream milk နဲ့ဖေါက်ထားတဲ့ ဒိန်ချဉ် ရယ် strawberries တွေရယ်နဲ့ ပြုလုပ်ထားတာမို့လို့ လူကြိုက်များနေရတာပါ။ Delivery ခကလည်း ၅၀၀ ပဲရှိတယ်တဲ့နော်။ 

 

Su San Naing 

ဒီဆိုင်လေးကတော့ ဖွင့်ထားတာသိပ်မကြာသေးပေမယ့် နောက်ပိုင်းမှာ လူသိများလာပါတယ်။ Cake လေးတွေကို ချစ်စရာ  အရောင်လှလှလေးတွေနဲ့ တွဲစပ်ထားတာလေးက တော်တော်မိုက်ပါတယ်။ Cake အပြင် Cookie လေးတွေလည်း ရပါသေးတယ်။ 

ဒီဆိုင်လေးတွေက စျေးလည်းသက်သာတဲ့အပြင် အခုလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Bakery လေးတွေပဲ ဖြစ်ပါတယ်။

⇐ Previous Next

Read 2735 times