Technology

(၂၀၂၀)ခုနှစ်အတွက် အကောင်းဆုံး ကုန်အမှတ်တံဆိပ်စာရင်းတွင် အဆင့်(၅) ရရှိခဲ့သည့် Samsung

Samsung ranked No. 5 on the list of best brands for 2020

ကမ္ဘာ့နည်းပညာ ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော Samsung သည် အတိုင်ပင်ခံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand မှထုတ်ပြန်သည့် Best Global Brand (၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ်များ) စားရင်းတွင် အဆင့် (၅) တွင်ရပ်တည်နိုင်ခဲ့သည်။ 

Samsung Electronics သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ကုန်အမှတ်တံဆိပ်တန်ဖိုး ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၎င်း၏ ကုမ္ပဏီသက်တမ်း တစ်လျှောက် စံချိန်တင် ကုန်အမှတ်တံဆိပ်တန်ဖိုးအဖြစ် အမေရိကန်ဒေါ်လာ (၆၂.၃) ဘီလီယံအထိ ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

(၂၀၀၀)ပြည့်နှစ်တွင် အဆင့် (၄၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့သော်လည်း  ၂၀၁၀ ခုနှစ်တွင် အဆင့် ၁၉၊ ထိုမှတဆင့် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၅ နေရာ၌ (၂၀၀၀ ပြည့်နှစ်မှ အမှတ်တံဆိပ်တန်ဖိုးထက် ၁၂ ဆ ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။)

Samsung သည် ဆန်းသစ်မှုအရှိဆုံးသော နောက်ဆုံးပေါ် ထုတ်ကုန်များအား ဈေးကွက်အတွင်း၌ ဆက်တိုက် မိတ်ဆက်ပေးနိုင်ခဲ့ရုံသာမက နိုင်ငံတကာတွင်လည်း အောင်မြင်သည့် ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များ၊ စီမံကိန်းများအား ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ Interbrand မှ ထုတ်ပြန်သည့် တန်ဖိုးအမြင့်မားဆုံးသော အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

Samsung သည် ယခုနှစ် ခေတ်မှီတီထွင်ဆန်းသစ်မှုများ ပါဝင်သည့်  Galaxy Z Flip နှင့် Galaxy Fold 2 ကို ထုတ်လုပ်ခဲ့ပြီး ပြောင်းလဲလာသော လူနေမှု စနစ်များနှင့် ကိုက်ညီမှုရှိစေမည့် နောက်ဆုံးပေါ် အဆင့်မြင့် ထုတ်ကုန်များနှင့်အတူ ဈေးကွက်ကိုလည်း ဦးဆောင်နိုင်ခဲ့သည်။

 

⇐ Previous Next

Read 1334 times