Health & Beauty

Workout လုပ်ခါနီး ဒါတွေလုပ်မိပြီဆိုရင် သတိထားပါ

Be careful if you do these things when you are about to workout

Covid ကာလကြီး ပြီးသွားရင် Gym သွားဆော့မယ့် သူတွေပဲဖြစ်ဖြစ် Stay Home မှာ Workout လုပ်နေတဲ့ သူတွေပဲဖြစ်ဖြစ်  Workout မလုပ်ခင် ဒီအချက်လေးတွေ လုံးဝ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။

၁။ အစားအသောက်တွေ အများကြီးစားခြင်း

Workout မလုပ်ခင် နာရီဝက်လောက် ခြားပြီး သရေစာ အနည်းငယ် စားတာဟာ အကောင်းဆုံးပါပဲ။ သစ်သီးအချို့၊ ပေါင်မုန့်စတဲ့ သရေစာ အနည်းငယ် စားပေးတာဟာ ခန္ဓာကိုယ်အတွက် အားဖြည့်စေပြီး Workout လုပ်နေချိန်မှာလည်း ပင်ပန်းမှုကို လျော့ကျစေမှာပါ။ အစာမရှိဘဲ Workout လုပ်ရင် အချိန်ကြာတာနဲ့အမျှ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် Workout လုပ်နေစဉ်အတွင်းမှာ အလွယ်တကူနဲ့ အားအင်ကုန်ခမ်းတာမျိုးလည်း ကြုံရမှာဖြစ်ပါတယ်။
အဲဒါကြောင့် သရေစာ အနည်းငယ်စားဖို့ လိုအပ်ပေမယ့် အစာကြေဖို့ မလွယ်တဲ့ အစားအစာ ဥပမာ - ထမင်း၊ ကြာဆံကြော် စတာတွေအပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံမျိုးကိုလည်း လုံးဝမစားသင့်ပါဘူး။ Workout မလုပ်ခင် အစားများများစားတာဟာ Workout လုပ်နေစဉ် အတွင်းမှာ ဗိုက်အောင့်စေတာမျိုးတွေ ဖြစ်တတ်တဲ့ အပြင် အစာကြေဖို့ ခက်ခဲတဲ့အတွက် Workoutလုပ်ဖို့ လုံလောက်တဲ့ အာဟာရကို ဖြည့်ပေးနိုင်မှာ မဟုတ်ပါဘူး။

၂။ အိပ်ရေးမဝခြင်း


Gym မှာ တက်တက်ကြွကြွနဲ့ Workout ကောင်းကောင်းလုပ်နိုင်ဖို့ အိပ်ရေးဝဝ အိပ်ဖို့က အရမ်း အရေးကြီးပါတယ်။ Workout လုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကနေ Energy အလုံအလောက် ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အိပ်ရေးမဝရင်တော့ လုံလောက်တဲ့ Energy ကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲ့အတွက်‌ Workout လုပ်နေတုန်းမှာ အားနည်းပြီး မူးမော်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

၃။ Workout မလုပ်ခင် အကြောလျှော့ခြင်း


Workout မလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်တာမျိုးက ကောင်းတဲ့ အလေ့အကျင့် ဖြစ်ပေမယ့် Workout မလုပ်ခင် အကြောလျှော့တာမျိုးကိုတော့ လုံးဝ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်က လှုပ်ရှားမှု မပြုလုပ်ရသေးတဲ့ အချိန်မှာ အကြောလျှော့ လေ့ကျင့်ခန်းတွေ ပြုလုပ်မိမယ်ဆိုရင် ကြွက်သားစုတ်ပြဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ Workout လုပ်ပြီးချိန်မှသာ အကြာလျှော့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။

၄။ အရက်သောက်ခြင်း


Workout မလုပ်ခင်မှာ အရက်သောက်တာမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အရက်နည်းနည်းပဲ သောက်သောက်၊ များများပဲ သောက်သောက် Alcoholဟာ ခန္ဓာကိုယ်ထိန်းချုပ်မှုကို လျော့ကျစေတဲ့ အတွက်ကြောင့် Workout လုပ်ရာမှာ အနှောက်အယှက် ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ကမောက်ကမ ဖြစ်စေနိုင်တာမို့ Workout လုပ်ပြီး နောက်ရက်တွေမှာ ကြွက်သားတင်းတာမျိုးတွေ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

၅။ ရေများများသောက်ခြင်း


လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့က အရေးကြီးတယ် ဆိုပေမယ့် Workout မလုပ်ခင် ရေအများကြီး သောက်မိရင်တော့ အန္တရာယ်ရှိပါတယ်။ Workout လုပ်တဲ့အချိန် ဗိုက်ထဲမှာ ‌ရေတွေပြည့်နေမယ်ဆိုရင် ဗိုက်အောင့်တာတွေ အသက်ရှူမဝတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Workout မလုပ်ခင် ရေတဝကြီး သောက်တာထက် Workout လုပ်ပြီး နားတဲ့အချိန်လေးတွေမှာ ရေနည်းနည်းစီ သောက်တာက အကောင်းဆုံးပါပဲ။

အခုပြောသွားတဲ့ အချက်တွေထဲက တစ်ချို့ကို Workout မလုပ်ခင်မှာ ပြုလုပ်မိနေတယ်ဆိုရင် ရေရှည်မှာ ခန္ဓာကိုယ်အတွက် ဆိုးကျိူးတွေ ဖြစ်လာနိုင်တာမို့ နောက်ထပ် မလုပ်မိအောင် ရှောင်ဖို့တော့ လိုပါလိမ့်မယ်။

⇐ Previous Next

Read 2318 times