အိမ်ရာဖြစ်စေ၊ တိုက်ခန်းဖြစ်စေ မိမိနေထိုင်ဖို့ ဝယ်ယူတဲ့အခါမှာ ငွေအလုံးအရင်း မပေးချင်လို့ ပုဂ္ဂလိက ဘဏ်ကနေ အရစ်ကျနဲ့ ချေးငွေရယူပြီး တိုက်ခန်းဝယ်ယူချင်တယ်ဆိုရင် ဘာတွေသိထားသင့်လဲ ဆိုတာကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။
အိမ်ရာချေးငွေ လျှောက်တဲ့အခါ လူပုဂ္ဂိုလ် အမျိုးအစားအပေါ် မူတည်ပြီး (၂)မျိုး ကွဲပြားပါတယ်။ ချေးငွေယူမယ့်သူက လခစားဝန်ထမ်း ဖြစ်မယ်ဆိုရင် လိုအပ်မယ့် စာရွက်စာတမ်းတွေက …
အိမ်ရာ ချေးငွေထုတ်ယူမယ့်သူက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်တယ်ဆိုရင် …
ချေးငွေကို ကုမ္ပဏီကိုယ်စားပြု အနေနဲ့ ရယူမယ်ဆိုရင်တော့ …
ချေးငွေရသူတွေ အမေးအများဆုံး မေးခွန်းတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
(၁) အိမ်ရာချေးငွေ လျှောက်ထားဖို့ အချိန်ဘယ်လောက် ကြာမလဲ?
အဖြေ။ ။အနည်းဆုံး အလုပ်လုပ်ရက် (၁၄)ရက်ခန့် ကြာမြင့်နိုင်ပါတယ်။
(၂) အိမ်ရာချေးငွေ လျှောက်ထားနိုင်ဖို့ အနည်းဆုံး ငွေကြေးဘယ်လောက် ရှိရမလဲ?
အဖြေ။ ။သက်ဆိုင်ရာ ဘဏ်အပေါ် မူတည်ပြီး မိမိလိုချင်တဲ့ ချေးငွေပမာဏရဲ့ အနည်းဆုံး 30% ရှိရပါမယ်။
(၃) ချေးငွေကို ဘယ်နှနှစ် အရစ်ကျအထိ ရယူနိုင်လဲ?
အဖြေ။ ။လျှောက်ထားသူရဲ့ ကနေဦးပေးသွင်းငွေ (DownPayment)၊ အသက်နဲ့ လစဉ်ဝင်ငွေ စတာတွေအပေါ် မူတည်ပြီး အိမ်ရာတန်ဖိုးအလိုက် (၃)နှစ်မှ (၁၅)နှစ်အထိ ရယူနိုင်ပါတယ်။
(၄) အာမခံပစ္စည်း ပေးဆောင်ဖို့ လိုအပ်လား ?
အဖြေ။ ။၀ယ်ယူမယ့်အိမ်ရာက အာမခံပစ္စည်းဖြစ်တာကြောင့် ထပ်မံပေးဆောင်ဖို့ မလိုပါဘူနော်။
(၅) ငွေပြန်ဆပ်ရမယ့်ပုံစံနဲ့ အတိုးနှုန်းထားကို ဘယ်လို သတ်မှတ်ထားလဲ?
ကနဦးငွေ ပေးသွင်းပြီးတာနဲ့ ကျန်ငွေကို လစဉ်အရစ်ကျ ပြန်ဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့ အတိုးနှုန်းထားအတိုင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။
(ယခု ဖော်ပြချက်များသည် KBZ Bank ကို မေးမြန်းရာမှ ရရှိထားသော အချက်အလက်များ ဖြစ်သည်။)
Read 2566 times