Food & Drink

နိုင်ငံခြားခရီးသွားတွေရဲ့ အကောင်းဆုံး Review တွေ ရရှိထားတဲ့ ရန်ကုန်မြို့က စားသောက်ဆိုင် (၁၀) ဆိုင်

Top 10 Restaurants in Yangon with Best Travel Reviews

ရန်ကုန်ဆိုတာ နိုင်ငံတကာ ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ နေရာတွေထဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ သမိုင်းဝင် အထင်ကရနေရာတွေ၊ မြို့ပြရဲ့ ပြယုဂ်ကို ထင်ဟပ်စေတဲ့ နေရာတွေ၊ အစားအသောက်တွေနဲ့ တစ်ခြားသော စိတ်ဝင်စားဖွယ်ရာတွေ များစွာ တည်ရှိနေပါတယ်။ 

 

ဒီလိုမျိုး ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ နေရာတွေထဲမှာ ရန်ကုန်မြို့က စားသောက်ဆိုင်တွေကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီကနေ့မှာတော့ Tripadvisor ကနေ အကောင်းဆုံးအဖြစ် ဖော်ပြထားတဲ့ ရန်ကုန်မြို့က စားသောက်ဆိုင်တွေကို ပြောပြပေးလိုက်ချင်ပါတယ်။ 

 

(၁) Seeds Restaurant & Lounge 

 

 

ဒီဆိုင်လေးက Tripadvisor မှာ Rating 5.0 အထိ ရရှိထားပြီး နိုင်ငံတကာ Review ပေါင်း (၄၁၀) ခု ရရှိထားတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ရရှိတဲ့ အစားအစာတွေကတော့ နိုင်ငံတကာက ရိုးရာ အစားအစာတွေ၊, ဥရောပ အစားအစတွေအပြင် သားသတ်လွတ်သမားများအတွက် Vegan Food တွေပါ စုံစုံလင်လင် ရရှိနိုင်တဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် ၆၃ (A)၊ ဦးထွန်းငြိမ်းလမ်း၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၉၇၂ ၇၈၄ ၈၄၁ 

ဈေးနှုန်း - ငွေကျပ် (၃၀,၀၀၀) မှ (၉၉,၀၀၀) ကျပ်အထိ 

 

(၂) Shan Kitchen 

 

 

ဒီဆိုင်လေးကတော့ Rating 4.5 ရရှိထားပြီး Review ပေါင်း (၈၄၅)ခုအထိ ရှိနေတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ရရှိနိုင်မယ့် အစားအစာတွေကတော့ မြန်မာ့ရိုးရာ အစားအစာများ၊ အာရှအစားအစာများ၊ Healthy Food များ၊ သားသတ်လွတ် အစားအစာများနဲ့ Vegan အစားအစာများ စတာတွေပဲ ဖြစ်ပါတယ်။ 

 

လိပ်စာ - အမှတ် ၂၆/၄၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၇၇၅ ၁၉၁ ၇၇၂ 

ဈေးနှုန်း - ငွေကျပ် (၂,၀၀၀) မှ (၁၀,၀၀၀) ကျပ်အထိ 

 

(၃) Shwe Sa Bwe (ရွှေစားပွဲ) 

 

 

ဒီဆိုင်လေးက Rating 4.5 နဲ့ Review (၃၁၁) ခုအထိ ရှိတဲ့ဆိုင်လေး ဖြစ်ပါတယ်။ ဥရောပအစားအစာတွေနဲ့ သားသတ်လွတ်သမားများအတွက် အထူးအစားအစာတွေကိုပါ စီမံထားရှိတဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် (၂၀)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၄၂၁ ၀၀၅ ၀၈၅ 

ဈေးနှုန်း - ငွေကျပ် (၂၆,၀၀၀) မှ (၇၉,၀၀၀) ကျပ်အထိ 

 

(၄) Green Gallery 

 

 

ဒီဆိုင်လေးက Rating 4.5 နဲ့ Review (၄၅၈) ခု ရရှိထားတဲ့ဆိုင်လေး ဖြစ်ပါတယ်။ ထိုင်းအစားအစာနဲ့ Asian Food တွေ အများဆုံး စားသုံးနိုင်တဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် (၅၈)၊ (၅၂)လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၂၅၇ ၂၅၉ ၇၇၉ 

 

(၅) Taing Yin Thar (တိုင်းရင်းသား)

 

 

ဒီဆိုင်လေးက Rating 4.5 နဲ့ Review (၁၈၁)ခု ရရှိထားတဲ့ Asia နဲ့ Burmese Cuisine ဆိုင်လေးပဲ ဖြစ်ပါတယ်။ မြန်မာ အစားအစာနဲ့ပတ်သက်ပြီး အစုံအလင် ရရှိတဲ့ ဆိုင်လေးမို့ နိုင်ငံခြားသားတွေအပြင် မြန်မာပြည်တွင်းက လူတော်တော်များများပါ သဘောကျကြတဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် (2/A)၊ ကံဘဲ့လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၇၈၇ ၁၅၄ ၇၉၉ 

 

(၆) Le Planteur 

 

 

ဒီဆိုင်လေးက Rating 4.5 အပြင် Review ပေါင်း (၁,၄၅၃) ခုအထိ ရရှိထားတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြင်သစ်အစားအစာတွေ အများဆုံး ရရှိပြီး ဥရောပအစားအစာနဲ့ တစ်ခြားသော အာရှရဲ့ လူကြိုက်များတဲ့ အစာအစာတွေ အားလုံး ရရှိနိုင်တဲ့ ဆိုင်လေးပါပဲ။ 

 

လိပ်စာ - အမှတ် (၈၀)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၁ ၅၁၄ ၂၃၀ 

ဈေးနှုန်း - ငွေကျပ် (၂၃,၀၀၀) ကျော်မှ (၁၉၉,၀၀၀) ကျော်အထိ 

 

(၇) Burma Bistro 

 

 

ဒီဆိုင်လေးက မြန်မာ့အစားအစာ အစုံအလင်ကို ထူးခြားဆန်းသစ်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စားစရာတွေအပြင် Cocktail အစုံအလင်နဲ့ Bar Counter လေးလည်း ရှိပါသေးတယ်နော်။ Rating 4.5 နဲ့ Review ပေါင်း (၂၄၀) ရရှိထားပါတယ်။ 

 

လိပ်စာ - အမှတ် (၆၄၄)၊ ပထမထပ်၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၄၀၁ ၁၈၃ ၈၃၈ 

ဈေးနှုန်း - ငွေကျပ် (၂,၅၀၀) မှ (၂၅,၀၀၀) ကျပ်အထိ 

 

(၈) 999 Shan Noodle House 

 

 

ဒီဆိုင်လေးက Foreign အပြင် Local မှာပါ နာမည်ရနေတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ရှမ်းရိုးရာ အစားအစာတွေနဲ့ မြန်မာအစားအစာတွေ အဓိက ရရှိနိုင်တဲ့အပြင် Rating 4.5 နဲ့ Review ပေါင်း (၂,၁၉၅) ခုအထိ ရရှိထားတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ 

 

လိပ်စာ - အမှတ် ၁၃၀ (B)၊ (၃၄)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၁ ၃၈၉ ၃၆၃ 

 

(၉) Shan Yoe Yar (ရှမ်းရိုးရာ)

 

 

ဒီဆိုင်လေးကလည်း Review ပေါင်း (၇၈၉) အထိ ရရှိထားတဲ့ ရှမ်းရိုးရာ အစားအစာဆိုင်လေးပဲ ဖြစ်ပါတယ်။ Rating 4.5 အထိ ရရှိထားပြီးတော့ ရှမ်းအစားအစာအပြင် အာရှအစားအစာနဲ့ မြန်မာအစားအစာ ရရှိနိုင်တဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် (၁၆၉)၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၂၅၀ ၅၆၆ ၆၉၅ 

ဈေးနှုန်း - ငွေကျပ် (၁,၆၀၀)မှ (၉,၈၀၀)ကျော်အထိ 

 

(၁၀) Rangoon Tea House 

 

 

ဒီဆိုင်လေးကိုလည်း တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ မြန်မာအစားအစာ အစုံအလင်ကို ရရှိနိုင်ပြီးတော့ Review ပေါင်း (၁,၈၇၉) ခုနဲ့ Rating 4.5 အထိ ရရှိထားတဲ့ ဆိုင်လေးပါ။ 

 

လိပ်စာ - အမှတ် (၇၇၊၇၉)၊ ပန်းဆိုးတန်းလမ်း၊ အောက်ဘလောက်၊ ရန်ကုန်မြို့။ 

ဖုန်း - ၀၉ ၉၇၉ ၀၇၈ ၆၈၁ 

 

ဈေးနှုန်း - ငွေကျပ် (၆,၆၀၀) မှ (၂၆,၀၀၀)ကျော်အထိ

⇐ Previous Next

Read 2940 times