Health & Beauty

သခွားသီးကို မျက်နှာကပ်ရုံတင်မက ပုံမှန်စားသုံးပေးမယ်ဆိုရင် ရနိုင်မယ့် ကောင်းကျိုး (၇)ခု

benefits of cucumber

သခွားသီးဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိစေတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ သခွားသီးကို မျက်နှာမှာ (၁၅)မိနစ်ခန့် ပုံမှန် ကပ်ထားပေးခြင်းက မျက်နှာအသားအရည်ကို စိုပြေစေပြီး ဝက်ခြံကင်းကာ ဖြူဝင်းတဲ့အသားအရည်ကို ရရှိစေပါတယ်။ 

လက်ရှိမှာ မျက်နှာကို သခွားသီးကပ်ပေးတာက Spa တော်တော်များမှာ ပြုလုပ်ပေးလေ့ ရှိပါတယ်။ သခွားသီးမှာ ဗီတာမင်-စီ နဲ့ Caffeic Acid ပါဝင်တာကြောင့် မျက်လုံးပေါ်မှာ သခွားသီးကပ်ပေးရင် 

  • မျက်လုံးအောက် အရည်အိတ်ဖြစ်ခြင်း၊ 
  • မျက်စိရောင်ရမ်းခြင်း၊ 
  • မျက်ကွင်းညိုခြင်း၊ 
  • မျက်လုံးတစ်ဝိုက် အလက်ဂျစ်ဖြစ်ခြင်း၊ 
  • အရေးအကြောင်းဖြစ်ခြင်း၊ 

စတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် Sensitive ဖြစ်တတ်တဲ့ အသားအ‌ရေ ပိုင်ရှင်တွေအတွက် အရေပြား ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ မျက်နှာနီမြန်းခြင်းကိုလည်း သက်သာစေပါတယ်။ 

အထက်မှာ ပြောပြထားတာတွေအပြင် သခွားသီးကို ပုံမှန်စားသုံးပေးခြင်းကလည်း သင့်ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ … 

၁။ ခန္တာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ် 

သခွားသီးတစ်လုံးဟာ ရေဓာတ် (၉၅)ရာခိုင်နှုန်း၊ ကာဘွန်ဟိုက်ဒြိတ် (၅)% နဲ့ ဖွဲ့စည်းထားတဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ရေဓာတ်ဟာ ခန္တာကိုယ်တွင်းက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှာပေးတာကြောင့် ရေများများမသောက်တတ်တဲ့ သူတွေဟာ ရေဓာတ်ပြည့်ဝတဲ့ သခွားသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ 

၂။ ကယ်လိုရီတွေကို လျော့ချပေးတယ်

သခွားသီးတစ်လုံးဟာ ကယ်လိုရီ ပမာဏ (၁၅)ကနေ (၁၇)အထိ လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ချလိုသူတွေ အနေနဲ့ သခွားသီးကို Diet Food အနေနဲ့ စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝတဲ့ စားစရာ ဖြစ်တာကြောင့် ထမင်းနဲ့အတူ တွဲစားပေးရင် ဗိုက်ပြည့်လွယ်ပြီး အဆာခံနိုင်စေပါတယ်။ 

၃။ Hangover ဖြစ်ခြင်းကို သက်သာစေတယ်

လေ့လာတွေ့ရှိချက်တွေအရ သခွားသီးဟာ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်တဲ့ အရက်နာကျခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။ သခွားသီးဖျော်ရည်ဟာ Hangover ဖြစ်နေတဲ့ သူအတွက် ပြန်လည်လန်းဆန်းစေပြီး ခေါင်းကြည်လင်စေပါတယ်။ 

၄။ ခံတွင်းအနံ့ဆိုးတွေကို ကာကွယ်ပေးတယ်

သခွားသီးကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် အစာအိမ်ထဲမှာရှိတဲ့ အပူဓာတ်ကို လျော့ချပေးနိုင်ပြီး ခံတွင်းကို ရှင်းစေတဲ့အတွက် လူတော်တော်များများ ဖြစ်တတ်တဲ့ ခံတွင်းအနံ့ ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ 

၅။ အစာချေစနစ်ကို ကောင်းမွန်စေတယ် 

သခွားသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတစ်မျိုး ဖြစ်တာကြောင့် အစာကြေလွယ်စေပြီး အစာချေဖျက်မှု စနစ်ကို များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ် ကောင်းမွန်စွာ လည်ပတ်ဖို့လည်း အထောက်အကူပြုစေပါတယ်။ 

၆။ အမြင်အာရုံ ကြည်လင်စေတယ်

သခွားသီးကို မျက်လုံးပေါ်မှာ အကွင်းလေးတွေ လှီးပြီး တင်ထားပေးတာက မျက်လုံးမို့အစ်တာတွေကို သက်သာစေတဲ့အပြင် စားသုံးပေးခြင်းကလည်း အမြင်အာရုံ မရှင်းလင်းမှုကို သက်သာစေတယ်လို့ ဆိုပါတယ်။ 

၇။ ဆံသားတွေကို ကျန်းမာစေတယ် 

သခွားသီးမှာ ဆာလဖာနဲ့ ဆီလီကွန်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံပင်သန်စွမ်းဖို့အတွက် အထောက်အကူ ပြုနိုင်သလို ဗီတာမင်-စီ ပါဝင်တာကြောင့် အသားအ‌ရေ ထိန်းသိမ်းရာမှာလည်း အထောက်အကူ ပြုပါတယ်။ 

အထက်မှာ ပြောပြခဲ့တာတွေအပြင် သခွားသီးဟာ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ စတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သခွားသီးကို ပုံမှန်စားသုံးပေးခြင်းက သင့်ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ များစွာ အကျိုးရှိစေပါတယ်။ 

⇐ Previous Next

Read 2258 times