Health & Beauty

ဝါညစ်နေတဲ့သွားတွေကို အမြန်ဆုံးပြန်လည် ဖြူဖွေးအောင် ပြုလုပ်နိုင်မယ့်နည်း (၆) နည်း

Ways to whiten your teeth

သွားအရောင် ဝါတာ၊ ညစ်တာ၊ မည်းတာတွေဟာ အသက်အရွယ် အိုမင်လာတာကြောင့် ဖြစ်နိုင်သလို အသက်ငယ်ရွယ်သူအနေနဲ့ အစားအသောက် မဆင်ခြင်တာ၊ အာလုတ်ကျင်းတဲ့ရေက မသန့်တာနဲ့ အချိုရည်တွေ ကော်ဖီတွေ အသောက်များတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ 

ဒီလိုမျိုး အကြောင်းအရာတွေကြောင့် ဝါညစ်လာတဲ့ သွားတွေကို သွားဆေးခန်းတွေမှာ ဈေးကြီးပေးပြီး ပြန်လည်ကုသနေကြရပါတယ်။ ဒါပေမယ့် ဒီလိုဈေးကြီးပေးစရာမလိုဘဲ သွားဝါညစ်တာတွေကို သက်သာစေမယ်ဆိုရင်ရော?

ပိုက်ဆံအကုန်အကျသက်သာပြီး အိမ်မှာရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ သွားဝါညစ်တာတွေကို ကုသနိုင်ပါတယ်။ သွားဝါခြင်းကို ကုသနိုင်မယ့် နည်းလမ်း(၅)ခုကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ 

၁။ ငှက်ပျောသီးခွံနဲ့ ကုသနည်း 

ငှက်ပျောသီးစားပြီးရင် ငှက်ပျောခွံကို လုံးဝမလွှတ်ပစ်ပါနဲ့ဦး။ ငှက်ပျောသီးခွံမှာ ပါရှိတဲ့ အစွမ်းသတ္တိတွေက သွားကိုဖြူဖွေးစေပါတယ်။ အသုံးပြုပုံကတော့ ငှက်ပျောသီးအခွံရဲ့ အတွင်းဘက်ကို သွားမှာ (၂)မိနစ်ကနေ (၃)မိနစ်ခန့် ကြာမြင့်တဲ့အထိ ပွတ်တိုက်ပေးရပါမယ်။ 

အခွံနဲ့ပွတ်တိုက်ပြီးသွားရင်တော့ သွားကြားထဲက အညစ်အကြေးတွေကို သန့်စင်စေဖို့ သွားပွတ်တံနဲ့ ထပ်မံတိုက်ပေးရပါမယ်။ တိုက်ပြီးသွားရင်တော့ သန့်စင်တဲ့ရေနဲ့ ပလုတ်ကျင်းလိုက်ရုံပါပဲ။ ပုံမှန်ပြုလုပ်ပေးရင် သွားဝါတာကို အမြန်ဆုံး သက်သာစေမှာ ဖြစ်ပါတယ်။ 

၂။ ဆနွင်းနဲ့ ကုသနည်း 

ဆနွင်းဟာ အသားဖြူစေရုံသာမက သွားဝါညစ်တာတွေကို သက်သာစေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အသုံးပြုပုံကတော့ သွားပွတ်တံကို ဆနွင်းထည့်ပြီး (၂)မိနစ်ကနေ (၃)မိနစ်ခန့် ကြာတဲ့အထိ သွားတိုက်ပေးရပါမယ်။ ပြီးရင်တော့ ရေသန့်နဲ့ ပလုတ်ကျင်းလိုက်ရုံပါပဲ။ (၁)ပတ် (၂)ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးရုံနဲ့ သွားဝါညစ်တာတွေကို သက်သာစေမှာပါ။ 

၄။ မုန့်ဖုတ်ပေါင်ဒါ (Baking Soda) နဲ့ ကုသနည်း 

Baking Soda ကလည်း သွားတွေကို ဖြူဖွေးစေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပြုလုပ်နည်းကတော့ ခွက်အလွတ်တစ်ခုထဲမှာ Baking Soda (၁)ဇွန်း၊ သွားတိုက်ဆေး အနည်းငယ်၊ သံလွင်ဆီ အနည်းငယ်နဲ့ သံပုရာသီး တစ်ခြမ်းကို အရည်ညစ်ထည့်ပြီး ရောသမမွှေပါမယ်။

ရလာတဲ့အနှစ်ကို သွားတိုက်တံထဲထည့်ပြီး (၂)မိနစ်ကနေ (၃)မိနစ်ခန့်ကြာအောင် သွားတိုက်ပေးပါ။ ပြီးရင်တော့ ရေသန့်လေးနဲ့ ရေဆေးချရုံပါပဲ။ ၁ပတ်မှာ (၁)ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ ဖြူဖွေးတဲ့ သွားလှလှလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ 

၅။ ချင်းနဲ့ကုသနည်း 

ချင်းနဲ့ သွားဝါတာကို ကုသဖို့အတွက် ပြုလုပ်နည်းလေးကတော့ ချင်းလက်တစ်ဆစ်ခန့်ကို အစိတ် ခပ်သေးလေးတွေ စိတ်ပြီး ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပေးပါ။ ပြီးရင်တော့ သံပုရာသီး(၁)ခြမ်းနဲ့ ဆား လက်ဖက်ရည်ဇွန်း (၄)ပုံ(၁)ပုံကို ရောမွှေပြီး ကြိတ်ထားတဲ့ ချင်းထဲကို ထည့်မွှေပေးရပါမယ်။ 

ရလာတဲ့အနှစ်ကို သွားတိုက်ဆေးနဲ့ တွဲဖက်ပြီး သွားတိုက်ပေးရပါမယ်။ ပြီးရင်တော့ ရေသန့်လေးနဲ့ ရေဆေးချရုံပါပဲနော်။ 

၆။ တမာရွက်နဲ့ ကုသနည်း 

သဘာဝရဲ့ ဆေးကောင်းတစ်လက်ဖြစ်တဲ့ တမာရွက်ကလည်း သွားများကို ဖြူစင်စေဖို့ ကူညီနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ တမာရွက်အနည်းငယ်ကို ရေနဲ့ထည့်ပြုတ်ပြီး ရလာတဲ့ အရည်ကို ရေစစ်နဲ့ စစ်ပေးပါ။ ပြီးရင်တော့ တမာရွက်ပြုတ်ရည်ကို အေးအောင်ထားပြီး (၁)နေ့ (၂)ကြိမ်ခန့် ပုံမှန် ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ 

ကဲ၊ အခု ဖြူဖွေးတဲ့သွားလှလှလေးတွေကို ပြန်လည်ရရှိစေမယ့် သဘာဝနည်းလမ်းလေးတွေကို ပြောပြပေးပြီးသွားပြီဆိုတော့ သွားဝါတတ်တဲ့ မိမိသူငယ်ချင်းလေးတွေကို အချင်းချင်း လက်တို့ပြီး ပြောပြပေးလိုက်ပါဦးနော်။ 

အခုလိုမျိုး ဗဟုသုတ ရရှိစေမယ့် အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြဖို့ မမေ့ပါနဲ့ဦးနော်။ 

⇐ Previous Next

Read 3314 times