Food & Drink

ကိုရီယားတွေရဲ့ အသည်းစွဲတော့ပိုကီကို ဘယ်လိုလုပ်ကြမလဲ

How To Make tteokbokki

ကိုးရီယားစီးရီးတိုင်းမှာ အမြဲတမ်းနီးပါး ပါတဲ့ကိုးရီးယားလူမျိုးတွေရဲ့ အသည်းစွဲ စားစရာလေးပါ။ ကိုးရီးယားလူမျိုး Maangchi (Cookbook Author & Blogger) ရဲ့နည်းကို အဓိကအခြေခံပြီး ချက်ထားတာဖြစ်ပါတယ်။ frozen rice cake stick ကို သုံးပါက နာရီဝက်ခန့် ရေစိမ်၊ ရေစစ်ပြီးမှ သုံးပါ။ frozen မဟုတ်လျှင် ရေစိမ်ရန် မလိုပါ။

1. ရေ  3 1/2 cups (875 ml)

2. ငါးနီတူခြောက် (dried anchovies) – ၁၀ ကောင်ခန့်

3. ၁ လက်မခွဲအရွယ် ရေညှိခြောက် (dried kelp, dried sea tangle) – ၇ ခု (မရှိလျှင် ငါးနီတူ အနည်းငယ် ပိုထည့်ပေးပါ။)

4. hot papper paste – ထမင်းစားဇွန်း ၅ ဇွန်း

5. hot papper flakes – ထမင်းစားဇွန်း ၁ ဇွန်း

6. သကြား – ထမင်းစားဇွန်း ၁ ဇွန်း

7. ပဲငံပြာရည် အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း (သို့) ချင့်ချိန်ထည့်ပါ

8. rice cake stick (topokki, tteokbokki) – 450 g

9. ငုံးဥပြုတ် – ၁၀ လုံး (သို့) ကြက်ဥပြုတ် – ၃ လုံး (ကြက်ဥကိုပဲ သုံးလေ့ရှိပေမယ့် ကျွန်မကတော့ ငုံးဥသုံးထားပါတယ်။)

10. fish ball – ၁၀ လုံး (များသောအားဖြင့် အပြားကြီးကြီး fish cake ကိုသုံးကြပါတယ်။)

11. ၁ လက်မ အရှည်ခန့် ခပ်စောင်းစောင်းလှီးထားသော ကြက်သွန်ပင် – 1 cup (250 ml) ခန့်

ရေ၊ ငါးနီတူခြောက် နှင့် ရေညှိခြောက် ကို အိုးအဖုံး မဖုံးပဲ over medium heat ဖြင့် တည်ထားပါ။ ဆူလာပြီးနောက် အရသာများပိုထွက်လာစေရန် ၁၀ မိနစ်ခန့် ဆက်တည်ထားပါ။၁၀ မိနစ်ခန့် ဆူခိုင်းပြီးနောက် ငနီတူ နှင့် ရေညှိဖတ်များကို ဆယ်ထုတ်ကာ hot papper paste, hot papper flakes, သကြား နှင့် ပဲငံပြာရည် အကျဲထည့်ကာ အနည်းငယ်မွှေကျိုပါ။ဆူလာလျှင် rice cake stick , ငုံးဥပြုတ် နှင့် fish ball ထည့်ချပြီး medium heat သို့လျှော့ကာ ၁၂ မိနစ်ခန့် တည်ပါ။အိုးအောက်ခြေမကပ်စေရန် မကြာခဏ မွှေပေးဖို့လိုပါတယ်။

၁၂ မိနစ်ခန့် (သို့) အရည်အတော်လေးပျစ်လာလျှင် rice cake stick တစ်ချောင်းကို မြည်းကြည့်ပါ။rice cake stick မာနေသေးပါက ရေနွေးအနည်းငယ်ထည့်ပြီး ဆက်တည်ပါ။ မမာတော့ပါက ကြက်သွန်ပင်ထည့်ကာ မွှေပေးပြီး မီးဖိုမှဖယ်၍ နှမ်းလှော်လေးအနည်းငယ်ဖြူးကာ အရသာရှိစွာသုံးဆောင်နိူင်ပါပြီ။

⇐ Previous Next

Read 2620 times