Health & Beauty

မြို့ပြကြီးတွေမှာ စက်ဘီး စီးနင်းရာမှရမယ့် ကောင်းကျိုးများ

Benefits of cycling in big cities

မြို့တွေမှာ စက်ဘီးလမ်းကြောင်းတွေ သီးသန့်ရှိခြင်းက စက်ဘီးစီးနင်းသူတွေကိုသာ အကျိုးရှိစေတာမဟုတ်ဘဲ မြို့ပြပတ်ဝန်းကျင်အတွက်ပါ အကျိုးအမြတ်များစွာပေးနိုင်ပါတယ်။စက်ဘီးလမ်းကြောင်းတွေရှိခြင်းက မြို့နေတွေအတွက် ပိုမိုပျော်ရွှင်ကျန်းမာတဲ့မြို့ပြတွေကို ဖန်တီးပေးနိုင်ပါတယ်။ လမ်းလျှောက်သွားလာသူတို့အတွက် ပိုမိုအဆင်ပြေချောမွေ့စေပြီး ကားမောင်းသူတွေအနေနဲ့လည်း စက်ဘီးလမ်းကြောင်းတွေကတစ်ဆင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးအမြတ်တွေဖြစ်ပုံကို သုတေသနမှတ်တမ်းတွေအရ တွေ့မြင်နိုင်ပါတယ်။

 

စက်ဘီးစီးခြင်းက ကားတွေ၊စက်ဘီးတွေလောက် အန္တရာယ်မများတဲ့အတွက် လမ်းလျောက်သူတွေအတွက် အန္တရာယ် သိပ်မရှိပဲ လမ်းလျောက်သွားလာသူတွေကို ပိုမိုများပြားလာစေပါတယ်။

 

စက်ဘီးစီးခြင်းက လေထုညစ်ညမ်းစေမယ့် အရာတွေ မီးခိုးတွေ မထုတ်လုပ်တဲ့အတွက် လေထုညစ်ညမ်းတာကို လျော့ချပေးနိုင်ပါတယ်။ 

 

လမ်းကြို လမ်းကြားမှာ စက်ဘီးစီးရင်းနဲ့ အိမ်ဆိုင်လေးတွေဆီက ဝယ်ယူဖြစ်ရင် အိမ်ဆိုင်လေးတွေ ဆက်လက်ရပ်တည်နိုင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီရာ ရောက်ပါတယ်။ 

 

မတော်တဆဖြစ်မှုတွေ၊ ထိခိုက်မှုတွေ ပိုမိုလျော့နည်းစေပါတယ်။ 

 

အနီးအနားကို စက်ဘီးနဲ့သွားခြင်းအားဖြင့် ကားစီးသူအရေအတွက်ကို လျော့ကျစေပါတယ်။ 

မြို့ပြကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲဖြစ်တဲ့ ယာဥ်ပိတ်ဆို့မှုကို လျော့ကျစေပါတယ်။ 

 

စက်ဘီးစီးရာတွင် ခြေထောက်ကြွက်သားများကို အသုံးပြုပြီး စီးနှင်းရသည့် အတွက် ခြေသလုံးကြွက်သား သန်မာစေနိုင်တဲ့ အပြင် ခန္ဓာကိုယ် ကြွက်သားတွေကိုပါ သန်မာစေနိုင်ပါတယ်။

 

ခန္ဓာကိုယ်မှာ ရှိတဲ့ အလိုအပ်သော အဆီတွေကို စက်ဘီးစီး လေ့ကျင့် ခန်းက လျော့ချပေးနိုင်ကြောင်း သိရပါတယ်။

 

စက်ဘီးစီးခြင်းကြောင့် အမောဒဏ်ကို ခံနိုင်တဲ့ အပြင် နှလုံးကြွက်သားများကိုလည်း သန်မာစေနိုင်ပါတယ်။

⇐ Previous Next

Read 1255 times