ပါပီယွန်ရဲ့ စာအုပ်တွေဟာ ဘယ်တုန်းကမှ စာမျက်နှာအများကြီးမပါခဲ့ပါဘူး။ဒါပေမယ့် တစ်အုပ်ဖတ်ပြီးတိုင်း ကျွန်တော်တို့ကို တွေးစရာအများကြီးချန်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာတော့ အရင်စာအုပ်တွေမှာ ပါဝင်ခဲ့တဲ့ ဒေါ်နန်းမေမေကြည်နဲ့ စာရေးသူတို့အကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရတော့မှာပါ။
ဘူတာအိုရုံလေး ၊ ပိုင်ဆိုင်တာ ဘာမှမရှိဘူးဆိုပေမယ့် မာနတော့ရှိတယ်ဆိုတဲ့ ခပ်ဆိုးဆိုး ပေတေတေ နေတတ်တဲ့သူတစ်ယောက်၊ သူ့ရဲ့ အိုအေစစ်လိုဖြစ်နေတဲ့ ညီမလေး ဒေါက်တာ နန်းမေမေကြည်၊ ဘူတာရုံအိုလေး စပိန်ဂီတာတစ်လက်ရယ် ညီမလေးကိုဆိုပြဖူးတဲ့သီချင်းတွေရယ် သူတို့ဘဝဟာ ပျော်ရွှင်စရာအတိပြီးခဲ့ပါတယ်။ ပြီးတော့..မေတ္တာ။ ပြီးတော့ ဒဏ်ရာ ။ နှစ်ယောက်သားအတူထိုင်ခဲ့တဲ့ လေရဟတ်နီကော်ဖီဆိုင်လေးထဲ.. ။
နောက်ဆုံးကျနော်ဟာ ဘာကောင်လဲ ကျနော်ကိုယ်တိုင်သိရှိသွားခဲ့တယ်။
ကျနော်ဟာ (၄) နှစ် (၅) နှစ်သားအရွယ် ကလေးဘဝက ခြံကျယ်ကြီးရဲ့ထောင့်တစ်ခုမှာ မတော်တဆရှာတွေ့ခဲ့တဲ့ သစ်ရွက်ခြောက်တွေ မြေဆွေးတွေ တစ်ပိုင်းတစ ဖုံးလွှမ်းနေတဲ့၊
ဗုံတီးနေတဲ့ အစွန်ပစ်ခံ အဝါရောင် ဝက်ဝံရုပ် အကျိုးအပဲ့လေးပါပဲ။ဒါလေးပါပဲ။
ဒီစာအုပ်ပါးပါးလေးဖတ်ရင်းနဲ့ scarborough fair ဆိုတဲ့ သီချင်းလေးကို ရှာနားထောင်ကြည့်ပါ ပြီးရင်ပြန်ဖတ်ပါ ရင်ဘတ်တစ်စုံနဲ့ခံစားပါ။ ခင်ဗျားဘဝမှာ နန်းမေမေကြည် တစ်ယောက်လောက်တော့ရှိချင်လာမှာ အသေအချာပါပဲ ။ ဒါမှမဟုတ်လည်း ညီမလေးလို့ နှုတ်ခမ်းသားတွေကရင်ခုန်လှိုက်မောစွာ ခေါ်စရာတစ်ခုခုပေါ့ ။
Read 4229 times