Technology

တစ်ရက်အတွင်း သိန်း (၅၀) အထိ ငွေလွှဲနိုင်မည့် Citizens Application

Citizens Application that can transfer up to 50 lakhs in one day

မြန်မာနိုင်ငံအနှံ့ ငွေပို့ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းစသည်တို့ကို ပြုလုပ်နိုင်ရန်  ဒီဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် အပလီကေးရှင်း (Citizens Application) ကို Capital Diamond Star Group (CDSG) အဖွဲ့အစည်း၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် Capital Connect သည် ဩဂုတ် (၁၁) ရက်နေ့တွင် တရားဝင်မိတ်ဆက်ခဲ့သည်။

အဆိုပါ Citizens Application တွင် ငွေပမာဏ အားဖြင့် (၂) မျိုးခွဲထားသည်။ပထမတစ်မျိုးသည် level (1) ဟုခေါ်ပြီး တစ်ရက်အတွင်း ၄၀၀၀၀၀ အထိ ငွေလွှဲနိုင်ပြီး တစ်လတွင် ၁၀ သိန်း Application ထဲတွင် ထားခွင့် ရှိမည် ဖြစ်သည်။ ဒုတိယ တစ်မျိုးသည် Level (2) ဟုခေါ်၍ တစ်ရက်အတွင်း သိန်း ၅၀ အထိ လွှဲနိုင်ကာ တစ်လတွင် သိန်း ၅၀၀ Application ထဲတွင် ထည့်ထားနိုင်မည် ဖြစ်သည်။

Citizens တွင် အသုံးပြုသူများအား ငွေပေးချေမှုတွင် အထူးလျှော့ဈေးများ၊ လက်ငင်းငွေသား ပြန်ရမည့်အစီအစဉ်များ၊ စုဆောင်းထားနိုင်သော ဆုမဲပွိုင့်ပေးခြင်းများ၊ ဆုလက်ဆောင်ပေးအပ်ခြင်းများ၊ ပွိုင့်နှင့် ပေးချေခြင်းများ စသည့် စိတ်လှုပ်ရှားဖွယ် ကောင်းသည့် အစီအစဉ်များအား ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ထို့အပြင် မှတ်ပုံတင်မိတ္တူ ၊ (selfie) ဓာတ်ပုံနှင့် လက်မှတ် (Signature) ဖြင့် အကောင့်ကိုအဆင့်မြှင့်ကာ မိမိ Citizens အကောင့်နှင့် ဘဏ်အကောင့်ချိတ်ဆက်မှုကို ပြုလုပ်နိုင်ပြီး၊ အသုံးပြုနိုင်မည့် ငွေပမာဏ ပိုတိုးမြှင့်နိုင်မည်ဖြစ်သည်။ 

“ Citizens ၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲသူများကို ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံများနှင့် ဝန်ဆောင်မှုပေးရန် ဖြစ်သည်။ ထိုဝန်ဆောင်မှုများထဲတွင် မှတ်ပုံတင်ထားသော မိုဘိုင်းလ်ဖုန်းနံပါတ် ကိုင်ဆောင်သူ မည့်သူ့ကိုမဆို ငွေလွှဲပေးပို့ခြင်း၊ စျေးဝယ်ရာတွင် ငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) လစဥ်ဘေဆောင်ခြင်းများ ပါဝင်သည်။ထို့အပြင် သုံးစွဲသူများ ၏ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေရန်ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု အစီအစဉ်များ လုပ်ဆောင်ရန် ရှိသည် ’’ ဟု Capital Connect Limited ၏ CEO ဖြစ်သူ Mr. Wan Kup Yew က ပြောကြားသည်။ 

Citizens အနေဖြင့် FMCG၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရ၀န်ထမ်းများ၊  မြန်မာ့စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းများနှင့်အစိုးရအခန်းကဏ္ဍများကို ၀န်ဆောင်မှုပေးရန်ဖြစ်သည်။

Citizens feature တစ်ခုသည် သုံးစွဲသူများအနေဖြင့် အသုံးစရိတ် စီမံခန့်ခွဲရန် Financial Dashboard ကို ထည့်သွင်းပေးထားသဖြင့် အသုံးစရိတ်မှတ်တမ်းများကို အသေးစိတ်ပြန်လည် စီမံခန့်ခွဲနိုင်ပါသည်။ 

Citizens Application download link မှာ အောက်ပါအတိုင်းဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် လွယ်ကူစွာ Install လုပ်နိုင်ပါသည်။

 https://bit.ly/3gSbzpa 

⇐ Previous Next

Read 1193 times