Technology

Messenger မှတစ်ဆင့် ရောင်းဝယ်မှုများအပြင် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မယ့် eBOT

EBOT, which allows you to make purchases and payments via Messenger

မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Messenger မှတစ်ဆင့် မိမိတို့ရဲ့ Product များကို ရောင်းချနိုင်မယ့် Facebook အခြေပြုစနစ်သစ်ဖြစ်တဲ့ eBOT ကို Copperbrains က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

အသေးစားနဲ့ အလတ်စား လုပ်ငန်းများအနေနဲ့ မိမိလုပ်ငန်းရဲ့ Facebook Page နဲ့ eBOT ကို ချိတ်ရုံနဲ့ Product တွေကို E-commerce  ဈေးကွက်အတွင်း အလွယ်တကူ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

eBOT ရဲ့ အားသာချက်ကတော့ eBOT က မြန်မာပြည်တွင်းမှာရှိတဲ့ ငွေပေးချေမှု နည်းလမ်းများနဲ့ ကိုက်ညီအောင် ပြုလုပ်ပေးထားတာ ဖြစ်ပြီးတော့ eBOT မှတစ်ဆင့် Product ကို ဝယ်ယူသူများကလည်း ၎င်းတို့ရဲ့ VISA, Mastercards များသာမက အခြား လူသိများတဲ့ Mobile Wallet တွေကိုပါ အသုံးပြုပြီး ငွေပေးချေမှုများ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။  

ဒီ Solution ကိုတော့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်မိတ်ဆက်ပေးဖို့ စီစဉ်ထားခဲ့ပေမယ့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားခဲ့တာကြောင့် eBOT ရဲ့ ပထမဆုံး Version ကို သတ်မှတ်ချိန်ထက် ရှေ့တိုးပြီး မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ eBOT ကို စတင်အသုံးပြုခြင်းအတွက် အခကြေးငွေ ပေးဆောင်ဖို့ မလိုအပ်ဘဲ လစဉ် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခကိုတော့ eBOT မှတဆင့် ရောင်းချလိုက်တဲ့ Product တွေရဲ့ ပမာဏအလိုက်သာ ကျသင့်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းများအနေနဲ့လည်း eBOT စတင်အသုံးပြုချိန်နဲ့ အသုံးမပြုရသေးချိန်မှာရှိတဲ့ ရောင်းအားပမာဏ ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်ရှုနိုင်နိုင်ဖို့အတွက် ပထမဆုံး အသုံးပြုတဲ့လအတွက် ဝန်ဆောင်ခတွေကို အခမဲ့ သတ်မှတ်ပေးသွားမှာဖြစ်ပြီး သတ်မှတ်ကာလ ကုန်ဆုံးရင်တော့ eBOT မှတဆင့် ရောင်းချလိုက်တဲ့ ပစ္စည်းတန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းကို လစဉ်ကြေးအဖြစ် ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

eBOT ရဲ့ Solution ကို အသေးစိတ် စုံစမ်းမေးမြန်း ရယူလိုတဲ့ E-commerce လုပ်ငန်းရှင်များအနေနဲ့ Copperbrains ရဲ့  Hotline Number 09 962 013 495 နဲ့ အီးမေးလ်လိပ်စာ  [email protected] ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဒီမိတ်ဆက်ပွဲကို ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာ ZOOM ကတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပြီး ပြည်တွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို တိုးတက်လာတဲ့ E-commerce ဈေးကွက်နဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

⇐ Previous Next

Read 1319 times