Entertainment

(၂၀၀၃) ခုနှစ်က K Drama ကို ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ Classic Again ထိုင်းဇာတ်လမ်း

Classic Again Thai drama remake of K Drama (2003)

တစ်ပတ်လုံး အလုပ်သွားပြီး ပိတ်ရက်ရောက်ရင် အိမ်မှာ ပျင်းတတ်ကြတယ်မလား? နေပူပူမှာ အပြင်လည်း မသွားချင်၊ အိမ်မှာပဲ အေးအေးဆေးဆေး ဇာတ်လမ်းလေးကြည့်ပြီး Chill ချင်သူတွေနဲ့ Romance Drama ဇာတ်လမ်းကောင်းကောင်းကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ပတ်ပိတ်ရက်မှာ ကြည့်သင့်တဲ့ ထိုင်းဇာတ်လမ်းလေးတစ်ခုကို ပြောပြပေးသွားချင်ပါတယ်။

ဇာတ်လမ်းလေးကတော့ Classic Again ဆိုတဲ့ ထိုင်းဇာတ်လမ်းလေးတစ်ခု ဖြစ်ပြီးတော့ Netflix က မကြာသေးခင်ကမှ ပူပူနွေးနွေး အသစ်ထွက်ရှိထားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးက (၂၀၀၃)ခုနှစ်လောက်က ကိုရီးယားမှာ ရိုက်ကူးထွက်ရှိခဲ့တဲ့ The Classic Again ပြန်လည် ဇာတ်အိမ်ယူ ရိုက်ကူးထားတဲ့ Romance & Drama ဇာတ်လမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဘိုတာဆိုတဲ့ ကောင်မလေးဟာ တစ်ရက်မှာ သူမအမေရဲ့ ဗီရိုကိုဖွင့်မိပြီး သူမအမေနဲ့ အချစ်ဦးတို့ အပြန်အလှန်ရေးခဲ့ကြတဲ့  ရည်းစားစာလေးကို အမှတ်မထင် တွေ့ရှိသွားခဲ့ပါတယ်။

သူ့အမေရဲ့ အချစ်ဇာတ်လမ်းလေးက သူမရဲ့ အချစ်ဇာတ်လမ်းလိုမျိုး သုံးပွင့်ဆိုင်ဇာတ်လမ်း ဖြစ်နေတဲ့အတွက် ကျောင်းက Drama Club အတွက် ဇာတ်ညွှန်းလေး ရေးပေးလိုက်ပါတယ်။

သူမအမေရဲ့  အချစ်ဦးကတအား ကဗျာဆန်ပြီး ချစ်တတ်တာလေးတွေ၊ အရင်ခေတ်က ချစ်သူရည်းစားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပုံလေးတွေကို ဒီဇာတ်လမ်းလေးထဲမှာ တစ်ကယ့်ကို Classic ဆန်ဆန် မြင်တွေ့ရမှာပါ။

မင်းသမီးရဲ့ အချစ်ဇာတ်လမ်းလေးကရော Happy Ending ဖြစ်နိုင်ပါ့မလား၊ ဘယ်လိုအချိုးအကွေ့တွေနဲ့ မြင်ရမလဲဆိုတာကို Romance တစ်လှည့်၊ Drama တစ်လှည့်၊ ငိုတစ်လှည့်၊ ရယ်တစ်လှည့် ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

Movie Download Link - https://justpaste.it/5u6tv
How to Download - https://youtu.be/N9gSi28vxOk

Source From Channel Myanamr

⇐ Previous Next

Read 1746 times