Entertainment

သိန်း (၇၅၀) ကျော် တန်ဖိုးရှိတဲ့ ဆုတွေကို ပိုင်ဆိုင်နိုင်မယ့် MLBB ရဲ့ MPL Season 5 ပြိုင်ပွဲ

MLBB's MPL Season 5 competition to win prizes worth over 750 lakhs

မြန်မာနိုင်ငံမှာ ရေပန်းစားလူကြိုက်အများဆုံး MOBA ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Mobile Legend:Bang Bang ရဲ့ MPL Season 5 ကို သြဂုတ်လ (၂၂) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ကျပ်သိန်းပေါင်း (၇၅၀) ကျော် တန်ဖိုးရှိတဲ့ဆုတွေ ပါဝင်မယ်လို့  MLBB Myanmar ကသြဂုတ်လ (၁၂) ရက်နေ့က ကြေညာခဲ့ပါတယ်။

MPL Season 5 မှာ Presenting Sponsor အဖြစ် တယ်လီနောမြန်မာ၊ Official Smartphone Partner အဖြစ် OPPO Myanmar နဲ့ MLBB Developer MOONTON အပြင်  ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar တို့မှ ပါဝင်ပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး MLBB ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းက စိတ်ပါဝင်စားကြသူ E-sports အားကစားသမားများနဲ့  တရားဝင် တိုက်ရိုက် ဖိတ်ကြားခံထားရသော  ထိပ်သီးအသင်းများဖြစ်တဲ့ MPL Season 4 ရဲ့ ချန်ပီယံ Burmese Ghouls၊ တတိယနေရာရရှိခဲ့တဲ့ Yangon Galaticos နဲ့ စတုတ္ထနေရာကို ရရှိခဲ့တဲ့ Lord ( ယခင် Team Reselection )  တို့မှ ပါဝင်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပထမဆု ရရှိတဲ့ အသင်းကိုတော့ အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာငွေကျပ် ၁၉၅ သိန်းခန့်) ၊ ဒုတိယဆုအတွက် အမေရိကန် ဒေါ်လာ ၆,၀၀၀  (မြန်မာကျပ်ငွေ ၈၅ သိန်းခန့်) ၊ တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၅ သိန်းခန့်) စီ အသီးသီး ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်၊၊

ပြိုင်ပွဲဝင်ရန်အတွက် ဩဂုတ်လ (၁၆) ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး၊ League Qualifiers (လက်ရည်စစ် ပွဲစဉ်များ) ကို ဩဂုတ်လ (၂၂) ရက်နေ့မှာ စတင်သွားမှာပဲ ဖြစ်ပါတယ်။ Qualified ဖြစ်တဲ့ အသင်း (၈) သင်းက (Round-Robin League Format) ပွဲစဥ်များကို စက်တင်ဘာ (၁၂) ရက်နေ့မှစ၍ (၄) ပတ်ဆက် တိုက်ယှဥ်ပြိုင်သွားရမှာဖြစ်ပြီးတော့ ထိပ်ဆုံး (၆) သင်းက အောက်တိုဘာ (၃၁)ရက်နေ့ နဲ့ နိုဝင်ဘာ (၁) ရက်နေ့အတွင်း ရှုံးထွက်ပွဲစဉ်ကို ဆက်လက် ဆော့ကစားရမှာပါ။

ထိပ်သီးအသင်းကြီးတွေရဲ့  Meta အသစ်၊ ကစားကွက်အသစ်၊ လူအပြောင်းအလဲ အသစ်တွေနဲ့ ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး ယှဥ်ပြိုင်ကြမလဲဆိုတာ ဖန်သားပြင်ပေါ်မှာ စောင့်ကြည့်လိုက်ကြရအောင်။

MPL-MM S5 အကြောင်းနဲ့ စာရင်းပေးသွင်းရမယ့် အချက်အလက်များ၊ တိုက်ရိုက်ထုတ်လွှင့်မယ့် အချိန်များအကြောင်း အသေးစိတ်သိရှိလိုပါက Mobile Legends: Bang Bang Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/MobileLegendsGameMyanmar/ မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

⇐ Previous Next

Read 1527 times