Health & Beauty

Weight ချဖို့အတွက် သာမက အလှအပရေးရာ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်တဲ့ အုန်းရေ

Coconut water can not only help you lose weight but also solve cosmetic problems

အုန်းရေက ထင်မထားလောက်အောင်ကို အံ့ဩစရာကောင်းတယ်လို့ ပြောရင် သင်ယုံနိုင်မလား? အုန်းရေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်တဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ အုန်းရေကို များသောအားဖြင့် ကမ်းခြေတွေမှာသာ သောက်သုံးကြပေမယ့် အမြဲတမ်းလိုလို သောက်သုံးသင့်ပါတယ်။

Asda is first to stock young, green coconuts filled with fresh nutritious  exotic water | Daily Mail Online

အုန်းသီးက အုန်းရေသောက်လို့ရပြီး အုန်းသီးပါစားနိုင်တဲ့ အတွက် ကလေးရော လူကြီးပါကြိုက်နှစ်သက်ကြပါတယ်။ အုန်းရေမှာ ဗီတာမင်တွေနဲ့ ဓာတ်သတ္တုများစွာရှိပြီး electrolytes တွေရဲ့ အကျိုးအာနိသင်ကြောင့် လူသိများပါတယ်။ 

အုန်းရေသောက်သုံးခြင်းက သင့်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အပြင် နောက်ဆက်တွဲအနေနဲ့  အလှအပရေးဆိုင်ရာ ပြဿနာအချို့ကိုလည်း သာသာယာယာ ဖြေရှင်းပေးပါသေးတယ်။ 

The end of coconut water? The world's trendiest nut is under threat of  species collapse

သင်မထင်ထားတဲ့ အုန်းရေရဲ့ နောက်ထပ် အာနိသင်တွေကတော့...

ကိုယ်အလေးချိန်လျော့နည်းစေခြင်း - အုန်းသီးတစ်လုံးမှာ ရှိတဲ့ အုန်းရေက (၄၈) ကယ်လိုရီသာရှိပြီး အဆီဓာတ်လုံးဝ မပါဝင်ပါဘူး။ အုန်းရေမှာ ဇီ၀တက်ကြွသော အင်ဇိုင်းများရှိပြီး အစာခြေရာမှာ ကူညီပေးပြီး လူတစ်ယောက်ရဲ့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်နေ့ကို (၃ မှ ၄) ကြိမ်လောက် အုန်းရေသောက်သုံးပါက သင်ရဲ့ ကိုယ်အလေးချိန်ကို သိသိသာသာ ကျဆင်းစေပါတယ်။

Detox Drink အဖြစ် သောက်သုံးနိုင်ခြင်း - အုန်းရေက သင်ရဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ပျောက်ကင်းစေပါတယ်။ အုန်းရေက သင့်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ရေဓာတ်ကို လုံလောက်စွာ ဖြည့်တင်းပေးပါတယ်။ နောက်ပြီး သင့်စိတ်ကို လန်းဆန်းကြည်လင်စေပါတယ်။

အစာကို ပိုမိုခြေဖျက်နိုင်ခြင်း - အုန်းရေရဲ့ ဇီဝတက်ကြွသောဒြပ်ပေါင်းတွေနဲ့ ဖိုင်ဘာအမျှင်များများပါဝင်ခြင်းကြောင့် အုန်းရေကို သောက်သုံးခြင်းက အစာခြေရာမှာ ပိုလွယ်ကူပြီး အထောက်အကူပြုနိုင်ပါတယ်။ အုန်းရေတစ်ခွက်သည်ဖောင်းပွခြင်း (သို့) အချဉ်ဓာတ်များကိုဖယ်ရှားနိုင်သည်။

Coconut Oil for Hair: 6 Best Uses, Plus Recipes - Dr. Axe

ခြောက်သွေ့သောအသားအရေကိုသန့်စင်ပေးခြင်း - အုန်းရေက ပဋိဇီဝဆေးဓာတ်များကို ပိုင်ဆိုင်ထားပြီး ခြောက်သွေ့သော အသားအရေကို သန့်စင်ပေးပါတယ်။ သင်ရဲ့ မျက်နှာပေါ်မှာ အုန်းရေကို လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်က မိတ်ကပ်၊ အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။

သင်ရဲ့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးခြင်း - အုန်းရေက (၉၄) ရာခိုင်နှုန်းသောရေ ဖြစ်ပြီး သွေ့ခြောက်တဲ့ အသားအရေ သို့မဟုတ် အစက်အပြောက်များရှိပါက အုန်းရေဖြင့် ထုတ်လုပ်သော ထုတ်ကုန်တွေကို သင့်အသားအရေထိန်းသိမ်းဖို့အတွက် အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

အုန်းရေက အရေပြား၊ အညစ်အကြေးတွေနဲ့ အခြားအရေပြား ပြဿနာတွေကို သက်သာစေပါတယ်။ အကယ်၍ သင့်မှာ ဝက်ခြံပေါက်နိုင်တဲ့ အရေပြားရှိပါက သင့်အသားအရေ ထိန်းသိမ်းမှုလုပ်တဲ့အခါ အုန်းရေအသုံးပြုပြီး Skin Care နိုင်ပါတယ်။

Cracking the coconut oil craze - Harvard Health Blog - Harvard Health  Publishing

ပင်ပန်းနွမ်းနယ်ခြင်းနှင့်စိတ်ဖိစီးမှုကို လျော့ချပေးခြင်း - သင်ပင်ပန်းပြီး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပါက အုန်းရေကို သောက်သုံးသင့်ပါတယ်။ ဘာလို့ဆို အုန်းရေက စိတ်ဖိစီးမှုနှင့်ပင်ပန်းမှုတွေကို သက်သာစေပြီး လန်းစမ်းတက်ကြွစေပါတယ်။

⇐ Previous Next

Read 1515 times