Shopping & Promos

Comfy ဖြစ်လွန်းတဲ့ လူငယ်ကြိုက် ဒီဇိုင်းတွေနဲ့ ပြည်တွင်းဖြစ် ညဝတ်အင်္ကျီ Brand “ BBG “

Local nightwear brand "BBG" with very youthful designs that are very comfy.

“ ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ စကားအတိုင်းပါပဲ။ (၂၀၁၆)ခုနှစ်နောက်ပိုင်းက စတင်ပြီး မြန်မာမှုပြုထားတဲ့ ဆန်းသစ်တီထွင်မှု အသစ်အဆန်းတွေ၊ အစားအသောက်တွေ၊ အဝတ်အထည်တွေဟာ တစ်စထက်တစ်စ ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ 

 

ခေတ်လူငယ် တော်တော်များများကလည်း ပြည်ပ Brand တွေထက်၊ Quality ကောင်းမွန်ပြီး ဆန်းသစ် တီထွင်ထားတဲ့ ပြည်တွင်းထုတ်ကုန် အသုံးအဆောင်တွေကို တမြတ်တနိုး ဝယ်ယူလာကြပါတယ်။ ဒီထဲမှာမှ နိုင်ငံတကာ အရည်အသွေးကို ပြည့်မီလာတဲ့ ပြည်တွင်းဖြစ် ညဝတ် Brand တစ်ခုအကြောင်းကို MY Yangon ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ပြောပြပေးလိုက်ချင်ပါတယ်။ 

 

ဒီပြည်တွင်းဖြစ် Pajama Brand လေးရဲ့ နာမည်က “BBG” လို့ ခေါ်ပါတယ်။ ဒီ Brand လေးက အဓိကအားဖြင့် အမျိုးသား၊ အမျိုးသမီးအပြင် ကလေးငယ်တွေအတွက်ပါ Customized Sizeနဲ့ ညဝတ်အင်္ကျီတွေကို ကိုယ်တိုင် ချုပ်လုပ် ရောင်းချပေးနေတဲ့ Brand တစ်ခု ဖြစ်ပါတယ်။ 

 

ဒီ Brand လေးက ညဝတ်အင်္ကျီတွေကို High Quality Satin Fabric နဲ့ ချုပ်လုပ်ပေးတဲ့အပြင် သက်သောင့်သက်သာ ရှိတဲ့ လက်တိုလက်ရှည်၊ ဘောင်းဘီ အင်္ကျီ ဝမ်းဆက်တွေအပြင် Princess လေးလို ဝတ်ဆင်နိုင်မယ့် Nightdress Pajama လေးတွေလည်း ရှိတယ်နော်။ 

ဈေးနှုန်းလေးတွေကလည်း လူတန်းစားမရွေး ဝယ်ယူနိုင်တဲ့ နှုန်းထားလေးတွေဖြစ်တဲ့ ဘောင်းဘီနဲ့အင်္ကျီ ဝမ်းဆက် တစ်စုံကိုမှ မြန်မာငွေကျပ် (၉,၅၀၀)ထဲနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် BBG ရဲ့ ထူးခြားချက်က ဝယ်ယူတဲ့ အဝတ်အစားတိုင်းကို Customized နာမည်လေးတွေ ထိုးလို့ရတာပါ။ 

 

ဒီလိုမျိုး မိမိစိတ်ကြိုက် စာလုံးလေးနဲ့ လိုချင်တယ်ဆိုရင်လည်း အပိုဆောင်း ငွေ (၂,၅၀၀)ကျပ် ထပ်ပေးရုံနဲ့ ဖောင့်လှလှနဲ့ Customized နာမည်လှလှလေးတွေပါ ပါပြီးသားလေး ရရှိနိုင်မှာပါ။ ဒါ့အပြင် ချီးကျူးစရာ တစ်ခုက ထုတ်ပိုးမှုအပိုင်းပါ။ 

No Plastic Campaign ကို ဖော်ဆောင်ထားတဲ့ ဒီ Local Brand လေးဟာ သူ့ဆီက ဘာအဝတ်အစားပဲဝယ်ဝယ်၊ ပါကင်ကို စက္ကူဗူး လှလှလေးနဲ့ ထုတ်ပိုးပေးထားတာပါ။ Classic ဆန်ပြီး ဝယ်သူတွေကို အလေးထားတဲ့ စေတနာလေးပါတဲ့။ 

 

 

ဒီတော့ ကိုယ်က သူငယ်ချင်းတွေနဲ့ Staycation သွားရင်ဖြစ်ဖြစ်၊ အိမ်မှာပဲ မိသားစုလိုက် ဝတ်ချင်ရင်ဖြစ်ဖြစ်၊ Tiktok ပဲ ဆော့ဆော့၊ ဆယ်လ်ဖီပဲရိုက်ရိုက် ဘာပဲလုပ်လုပ် သက်သောင့်သက်သာလည်း ရှိပြီး စတိုင်ကျ ခေတ်မီနေမယ့် ညဝတ်အင်္ကျီ‌ အမျိုးအစားလေးပါပဲ။ 

ဒီလိုမျိုး စတိုင်လ်ကျ ခေတ်မီတဲ့ ညဝတ်အင်္ကျီလှလှလေးတွေ ထုတ်လုပ်ပေးနေတဲ့ ပြည်တွင်းဖြစ် Local Pajama Brand “BBG” ကနေ မှာယူချင်တယ်ဆိုရင်တော့ သူ့ရဲ့ Facebook Page လေးက www.facebook.com/BBGNightwears ဖြစ်ပါတယ်။ 

 

ညဝတ်အင်္ကျီလှလှလေးနဲ့ လာမယ့် ပိတ်ရက်ရှည်တွေမှာ Staycation ကြဖို့ ကိုယ့်သူငယ်ချင်းတွေကိုလည်း မန်းရှင်းခေါ်ပေးခဲ့ဦးနော်။ 

 

⇐ Previous Next

Read 1994 times