Entertainment

Courage the cowardly dog နဲ့ Collab လုပ်မယ့် Scooby Doo

Courage the cowardly dog နဲ့ Collab လုပ်မယ့် Scooby Doo

Crossover လုပ်နိုင်လွန်းတဲ့ Scooby Doကို Cartoon Network ရဲ့ အအောင်မြင်ဆုံး Cartoon Series တစ်ခုဖြစ်တဲ့ ပန်းရောင်ခွေးလို လူသိများကြတဲ့ courage the cowardly နဲ့အတူမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဒီမနက်လေးတင်  Warner Bro. Entertainment မှ Trailer ထွက်ရှိထားတာဖြစ်ပြီး Courage dog နဲ့ Scooby Doo - movie ကိုတော့ Straight Outta Nowhere: Scooby-Doo! Meets Courage the Cowardly Dog လိုအမည်ပေးထားပါတယ်။

ပန်းရောင်ခွေး လဲ ပါလာပြီဆိုတော့ ဒီ တစ်ခါ Scooby Doo တို့ အဖွဲ့သား ဘယ်လိုစွန့်စားခန်းတွေကိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရတော့မှာပါ။နှစ်ယောက်လုံးကလည်း အသေကြောက်တတ်ပြီး ကြည့်လို့လည်းကောင်းတာမို့လို့ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ Courage Dog နဲ့ Scooby ကိုတော့ September 14 ရက် 2021 မှာ Digital and DVD  အနေနဲ့တာထွက်ရှိသွားမှာဖြစ်တယ်လို့ Warner Bros. Home Entertainment မှ​ဆိုပါတယ်။

အောက်က လင့်ထဲမှာ Trailer ကိုဝင်ကြည့်နိုင်ပါတယ်

>>https://cutt.ly/Cn745Mj 

Next

Read 1550 times