Health & Beauty

E-Cigarette,Vapeနဲ့Shisha စတဲ့ ဆေးလိပ်အစားထိုး ပစ္စည်းတွေက တစ်ကယ် အန္တရယ်ကင်းရဲ့လား?

Disadvantages of E-cigarette, Vape and Shisha

(၂၁)ရာစုရဲ့ လူငယ်တော်တော်များများဟာ ဆေးလိပ်၊ ဆေးရွက်ကြီးတွေအစား ဆေးလိပ်အစားထိုး ပစ္စည်းတွေဖြစ်တဲ့ E-Cigarette, Vape နဲ့ Shisha စတာတွေနဲ့ တစ်ဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ဒီမှာ မေးစရာ ပေါ်လာတာက ဒီအရာတွေဟာ အန္တရာယ် မရှိတာ သေချာရဲ့လား? 

ဆေးလိပ်ရော E-Cigarette ရော (၂)မျိုးလုံးက နီကိုတင်း ပါဝင်ပါတယ်။ E-Cigarette က နီကိုတင်းကို အရည်ဖျော်ပြီး ထည့်ထားတာ ဖြစ်ပါတယ်။ နီကိုတင်းက သွေးကြောနံရံတွေကို ပျက်ဆီးစေတဲ့အပြင် သွေးကို ပြစ်စေတာကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေပါတယ်။ 

ဒါ့အပြင် E-Cigarette က ဆေးလိပ်လိုပဲ မသောက်ရ မနေနိုင်အောင် စွဲလမ်းစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ နှလုံးရောဂါနဲ့ အဆုတ်ရောဂါ မြန်မြန်ဖြစ်ပွားစေနိုင်ပြီးတော့ အာရုံကြောကိုပါ ထိခိုက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်နော်။ 

E-Cigarette ကို အလွန်အကျွံ အသုံးပြုသူတွေဟာ အာရုံစူးစိုက်မှု နည်းပါးလာပြီး စိတ်ဂယောက်ဂယက် ဖြစ်လာတာမျိုးတွေအထိ ကြုံလာနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ စိတ်ခံစားလွယ်တာမျိုး၊ စိတ်ရှုပ်လွယ်တာမျိုးလည်း မကြာခဏ ဖြစ်လာတတ်ပါတယ်တဲ့။ 

Vape နဲ့ Shisha လည်း ထိုနည်းတူပါပဲ။ Vape တော်တော်များများဟာ နီကိုတင်းပါဝင်တဲ့ အရည်ကို အသုံးပြုပြီး ထွက်လာတဲ့ အငွေ့ကို တိုက်ရိုက် ရှိုက်ရတာကြောင့် ဆေးလိပ်ထက်တောင် ပိုပြီး ကျန်းမာရေး ထိခိုက်စေပါတယ်။ 

ဒါ့ကြောင့် တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားအတိုင်းပါပဲ။ မိမိက ဆေးလိပ်ဖြတ်ချင်လို့ ဆေးလိပ်အစားထိုး ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရင်တောင် သေချာစိစစ် ရွေးချယ်ပြီးမှ အန္တရာယ် အကင်းဆုံးလို့ ယူဆရတဲ့ ပစ္စည်းမျိုးတွေကိုသာ ရွေးချယ်ဝယ်ယူကြဖို့ အကြံပြုချင်ပါတယ်။ 

⇐ Previous Next

Read 1550 times