Technology

QNE Software ကို အရှေ့တောင်အာရှတွင်သာမက မြန်မာ့လုပ်ငန်းများကပါ အသုံးပြုလာ

QNE Software

QNE Software သည် မလေးရှားနိုင်ငံအခြေစိုက်ဖြစ်ပြီး မြန်မာနှင့်အာဆီယံနိုင်ငံများမှ လုပ်ငန်းပေါင်း ၄၀,၀၀၀ ကျော် ခန့်၏ စာရင်းကိုင်၊အရောင်းအဝယ်၊ Inventory Management System ၊ E-commerce နှင့် Payroll စနစ် များကို ထောက်ပံ့ပေးနေပြီး ရန်ကုန်မှာလည်း ရုံးခွဲ တည်ရှိပါတယ်။

QNE Software ၏ Hybrid Cloud Accounting System ကို အသုံးပြုပြီး လုပ်ငန်းခွဲအားလုံး၏ စာရင်းပိုင်း၊ အရောင်းအဝယ်၊ ကုန်ပစ္စည်း စီမံခန့်ခွဲမှု နှင့် အစီရင်ခံစာများကို အချိန်မရွေး၊ နေရာမရွေး တချိန်တည်းတပြိုင်နက် အသုံးပြုကြည့်ရှုလို့ရတာကြောင့် လုပ်ငန်းခွဲ၊ ဆိုင်ခွဲများစွာကို စီမံနေရတဲ့လုပ်ငန်းရှင်များနှင့် စာရင်းကိုင်များအတွက် လွယ်ကူအဆင်ပြေတယ်လို့ သိရပါတယ်။

ထို့အပြင် လုပ်ငန်းခွဲ၊ ဆိုင်ခွဲ အလိုက် Financial Reports တွေကြည့်လို့ရသလို၊ လုပ်ငန်းခွဲ အားလုံးကိုစုပေါင်း၍ Consolidated Financial Report ကိုလည်း ကြည့်ရှုနိုင်တာကြောင့် အချိန်ကုန်သက်သာပြီး လွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့် Covid လိုမျိုး အရေးပေါ်ကာလ Stay At Home အခြေအနေတွေမှာ စာရင်းကိုင်တွေက အိမ်ကနေပြီး အဆင်ပြေစွာ အလုပ်လုပ်နိုင်ကြတယ်လို့ သိရပါတယ်။

QNE Software ၏ product တစ်ခုဖြစ်တဲ့ Cloud Payroll and HR Software ဆိုလျှင်လည်း Payroll process၊ Overtime၊ Personal Income Tax နှင့် SSB တွေကို မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီရေးဆွဲထားတာဖြစ်သောကြောင့် HR Department အတွက် အဆင်ပြေစေပါတယ်။

Cloud system ဖြစ်တာကြောင့် ရုံးမလာဖြစ်လည်း အိမ်ကနေ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ e-Leave Module ပါဝင်တာကြောင့် ဝန်ထမ်းတွေကလည်း အချိန်မရွေး မိမိဖုန်းမှခွင့်တိုင်နိုင်သည့်အပြင် ခွင့်ရက်လက်ကျန်တွေကိုပါ ကိုယ်တိုင်စစ်ကြည့်နိုင်တာကြောင့် အရင်လိုစာရွက်စာတမ်းတွေမလိုအပ်တော့ပဲ HR ဝန်ထမ်းတွေအတွက် အကူအညီတစ်ခုဖြစ်စေပါတယ်။

QNE Software ၏ ရည်ရွယ်ချက်ကတော့ ပြောင်းလဲလာတဲ့ လုပ်ငန်းတွေ၏လိုအပ်ချက်အခက်အခဲတွေကို အကူအညီပေးပြီး Accounting Software နှင့် Payroll & HR Software မှာ အရှေ့တောင်အာရှ၏ နံပါတ် (၁) ဖြစ်ရမယ်လို့ သိရပါတယ်။

QNE Accounting Software (Accountant Version) ကို အခမဲ့ ရက် (၆၀) အသုံးပြုဖို့ https://go.qne.com.mm မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

⇐ Previous Next

Read 1776 times