Health & Beauty

အသားအရေကို သဘာဝကျကျ ဘယ်လို ထိန်းသိမ်းကြမလဲ?

How to take care of your skin naturally?

နေရောင်ခြည်အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသားအရေတွေ ညိုမည်းခြောက်သွေ့ လာနိုင်ပါတယ်။ ဒါ့ကြောင့် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသားအရေကို ပြန်လည် လှပလာစေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Image result for skin care

အဆီပြန်သော အသားအရေအတွက်

ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။

အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအဖို့ တစ်ချိန်လုံး မျက်နှာအဆီ ပြန်နေတာကြောင့် စိတ် မရှုပ်ရလေအောင် မီးဖိုချောင်ထဲ ရှိတာလေးတွေနဲ့ ဘယ်လိုလုပ်နိုင် တယ်ဆိုတာ မျှဝေလိုက်ပါတယ်။

Image result for face skin care

ကြက်ဥအနှစ်

ကြက်ဥအနှစ် မျက်နှာပေါင်း တင်လွှာဟာ အရေပြားပေါ်က အဆီတွေကို အကောင်းဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။ ဂွမ်းစလေးနဲ့ မျက်နှာပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်လောက်နေရင် ရေအေးအေး လေးနဲ့ မျက်နှာသစ်ပေးနိုင်ပါတယ်။

ပန်းသီးပေါင်းတင်လွှာ

ကြိတ်ခြေထားတဲ့ ပန်းသီးအနှစ်၊ ချက်ထားတဲ့ အုတ်ဂျုံမှုန့် နည်းငယ်၊ ကြက်ဥအကာတို့ကို ရောမွှေကာ သံပရိုသီးအရည် အနည်းငယ်ညှစ်ထည့်ပါ။ မျက်နှာမှာ သုတ်ပြီး ၁၅ မိနစ်လောက်ထားကာ ရေအေးလေးနဲ့ ဆေးချနိုင်ပါတယ်။

ပြောင်းဖူးမှုန့်

ရေနွေးနွေးလေးနဲ့ ပြောင်းဖူး မှုန့်အနည်းငယ် ရောမွှေပြီး မျက်နှာအနှံ့သုတ်လိမ်းကာ မျက်နှာ သစ်ပေးတာမျိုး တစ်နေ့တစ်ကြိမ် လုပ်ဆောင်နိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက် ရည်ဇွန်းတစ်ဇွန်းထဲကို ပန်းသီးဗီနီဂါ (ဒါမှမဟုတ်) ဗီနီဂါအဖြူအနည်းငယ်၊ ဆပ်ပြာရည် အနည်းငယ်ထည့်ပြီး နှာခေါင်း၊ မေးစေ့ တစ်ဝိုက် သုတ်လိမ်းပြီး မျက်နှာ သစ်ပေးရင် အဆီတွေ သာမက ဆားဝက်ခြံတွေပါ ဖယ်ရှားပြီး သားဖြစ်စေပါတယ်။

အယ်လ်မွန်မှုန့်

အမှုန့်ကြိတ်ထားတဲ့ အယ်လ်မွန်စေ့နဲ့ ပျားရည်အနည်းငယ်ရောပြီး ပေါင်းတင်တာမျိုးလည်း လုပ် နိုင်ပါတယ်။

အဆီပြန်တတ်သူတွေအနေ နဲ့ မျက်နှာနဲ့ ဆံပင် ထိတွေ့မှု နည်းအောင် ဆံပင်ကို အတတ်နိုင် ဆုံး စည်းထားဖို့လိုပြီး မျက်နှာကို လက်နဲ့ ခဏခဏပွတ်တာမျိုး လည်း ရှောင်ဖို့လိုသလို အလှကုန် တွေသုံးတဲ့အခါမှာလည်း အဆီ ပြန်တတ်တဲ့ အသားအရေအ တွက် သီးသန့်ထုတ်တာမျိုး ရွေး ချယ်သုံးစွဲဖို့လိုပါတယ်။

အဆီစုပ် စက္ကူလေးတွေ အကူအညီယူပြီး တော့လည်း တစ်ချိန်လုံးမျက်နှာ အဆီပြန်မနေအောင် လုပ်နိုင်ပါ တယ်။  

ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ

ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ ဝက်ခြံကိုလည်း အမြန်ဆုံး ပြေလျော့စေပါတယ်။

မျက်နှာသန့်စင်စေချင်ရင်

အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

ပါးနုသွေး၊ နီမြန်းစေချင်ရင်

နီးမြန်းနေတဲ့ ပါးလေးတွေ ပိုင်ဆိုင်ချင်ရင်တော့ ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာ လူတွေကို ကျန်းမာစေရုံတင်မက၊ အသားအရေကိုလဲ လှပစေပါတယ်။

၁. ပန်းသီး

Image result for apple

ကျန်းမာရေး ကောင်းချင်ရင် ပန်းသီးပုံမှန်စားသင့်ပါတယ်။ ဒါ့အပြင် အသားအရေ လှချင်တယ်ဆိုရင်လည်း ပန်းသီးပုံမှန် စားပေးဖို့ လိုအပ်ပါတယ်။

၂. ဖရဲသီး

Image result for watermelon

ဖရဲသီးမှာ ရေဓာတ် ၉၀% ကျော် ပါဝင်ပြီး အလွန်လတ်ဆတ်တာကြောင့် သင့်အရေပြားကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။

၃. ငှက်ပျောသီး

Image result for banana

ငှက်ပျော်သီးမှာ အသားအရေ စိုပြေစေဖို့ လိုအပ်တဲ့ သတ္ထုဓာတ်တွေအများစု ပါဝင်ပါတယ်။ အသီးအနှံ စားမယ်ဆို ငှက်ပျော်သီးကို စားဖို့ မမေ့နဲ့နော်။

၄.နာနတ်သီး

Image result for pineapple

အရေပြား ရောင်ခြင်း၊ အဖုအပိတ်ထွက်ခြင်းတွေကို နာနတ်သီးက ကုသပေးမှာပါ။ နာနတ်သီးက ရောဂါအများစုကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

၅. စတော်ဘယ်ရီသီး

Image result for strawberryနေလောင်ခံရတဲ့ အသားအရေနဲ့ အရေးအကြောင်းတွေ ပေါ်နေတဲ့ အသားအရေတွေ အတွက် စတော်ဘယ်ရီသီးကို စားပေးသင့်ပါတယ်။

⇐ Previous Next

Read 1235 times