Health & Beauty

နေလောင်ဒဏ်ကြောင့် ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းဖို့ နည်း (၈)နည်း

Here are eight ways to deal with sunburn for all skin type

(၁၂)ရာသီ ပူနေတတ်တဲ့ နေရောင်ကြောင့် အသားအရေတွေ ညိုမဲပြီး မညီမညာ ဖြစ်လို့ စိတ်ညစ်နေကြသူတွေ ရှိကြမှာပါ။ နေ့စဉ်လှုပ်ရှာ သွားလာနေရတဲ့အချိန်မှာ နေရောင်ခြည်ကို ရှောင်ဖို့ဆိုတာကလည်း သိပ်တော့ မလွယ်လှပါဘူးနော်။ 

အပြင်ထွက်မှ မဟုတ်ပါဘူး။ အိမ်ထဲမှာပဲ နေရင်တောင် ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတဲ့ နေရောင်ခြည်တွေကို ရှောင်လွဲလို့ မရဘဲ ထိတွေ့မိကြမှာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်-ဒီ ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကို မမေ့ထားသင့်ပါဘူး။ 

နေရောင်ခြည်ကို များများထိတွေ့သူတွေဟာ သာမန်လူတွေထက်ပိုပြီး အရေပြားပြဿနာတွေ ကြုံလာရတတ်ပါတယ်။ နေပူဒဏ် များများခံရတာနဲ့အမျှ အသားအရေ နီမြန်းတာ၊ ယားယံတာ၊ အဖုအပိန့်ထွက်တာ၊ အရေးအကြောင်းတွေ ဖြစ်လာတာနဲ့ တစ်ခြားသော အရေပြားရောဂါများစွာ ဖြစ်ပွားတတ်ပါတယ်။ 

ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ခရမ်းလွန်ရောင်ခြည်ကို အထိရောက်ဆုံး ကုသနိုင်မယ့် သဘာဝ နည်းလမ်းလေးတွေကို ဒီကနေ့မှာ MY Yangon ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ပြောပြပေးလိုက်ချင်ပါတယ်။ 

(၁) ဒိန်ချဉ်နဲ့ ကုသနည်း 

လတ်ဆတ်တဲ့ ဒိန်ချဉ်ကို ခွက်ကြီးကြီးတစ်ခုထဲ ထည့်ပြီး နေလောင်တဲ့ နေရာတွေဖြစ်တဲ့ လက်၊ လည်ပင်း၊ မျက်နှာနဲ့ ခြေထောက် စသဖြင့် လိုအပ်သလို အသာအယာ သုတ်လိမ်းပေးပါ။ နေရာအနှံ့လိမ်းပေးပြီးရင်တော့ (၁၅)မိနစ်ခန့် ထားပြီး ရေပြန်ဆေးချလို့ ရပါတယ်။ 

(၂) သခွားသီးနဲ့ ကုသနည်း 

သခွားသီးနဲ့ ကုသလို့ ရတဲ့နည်း (၂)နည်းရှိပါတယ်။ ပထမတစ်နည်းကတော့ သခွားသီးတွေကို အဝိုင်းလိုက် ခပ်ပါးပါး လှီးပြီး နေလောင်တဲ့ နေရာမှာ ပြန့်နေအောင် တင်ထားပါ။ (၁၅)မိနစ်လောက် ကြာရင်တော့ ရေဆေးချလို့ ရပါပြီ။ 

ဒုတိယနည်းကတော့ အဝိုင်းလိုက် လှီးထားတဲ့ သခွားသီးတွေကို ရေအေးအေးထဲ စိမ်ထည့်ပြီး ရလာတဲ့ ရေတွေကို စပရေးဗူးတစ်ခုထဲ ထည့်ပါ။ ပြီးရင် နေလောင်တဲ့ နေရာအနှံ့ကို (၁၅)မိနစ်တစ်ကြိမ်ခန့် ဖြန်းပေးပါ။ 

(၃) နွားနို့နဲ့ ကုသနည်း 

လတ်ဆတ်တဲ့နွားနို့နဲ့ ဒိန်ချဉ်အနည်းငယ်နဲ့ ဖန်ခွက်တစ်ခုထဲ ရောထည့်ပြီး အအေးခံထားပါ။ ပြီးရင်တော့ သန့်ရှင်းတဲ့ အဝတ်စကို ဖန်ခွက်ထဲနှစ်ပြီး နေလောင်တဲ့နေရာတွေကို တို့တို့ပြီး သုတ်ပေးပါ။ (၅)ကြိမ်၊ (၆)ကြိမ်လောက် ပြုလုပ်ပေးရပါမယ်နော်။ 

(၄) ပျားရည်နဲ့ ကုသနည်း 

လတ်လတ်ဆတ်ဆတ် ရလာတဲ့ ပျားရည်အကြမ်းကို နေလောင်တဲ့နေရာအနှံ့ သုတ်လိမ်းပေးပြီး မိနစ် (၂၀)ခန့် ထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချပြီး သန့်ရှင်းတဲ့ အဝတ်စနဲ့ သုတ်ပေးပါ။ နေ့စဉ်ပြုလုပ်ပေးရင် နေလောင်ဒဏ်ကို သက်သာစေမှာပါ။ 

(၅) ရေခဲနဲ့ ကုသနည်း 

မိမိအိမ်ရဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ ရေခဲရေဗူးတွေကို အဝတ်စတစ်ခုနဲ့ ပတ်ပြီး နေလောင်တဲ့ ဒဏ်ရာပေါ်မှာ ကပ်ထားပေးပါ။ နာရီအနည်းငယ် ကပ်ပေးရင် နေဒဏ်ကြောင့် ရောင်နေတာတွေ သက်သာစေပါတယ်နော်။ 

(၆) Baby Wipers နဲ့ ကုသနည်း

ကလေးတွေအတွက် သီးသန့် ထုတ်လုပ်ပေးထားတဲ့ Baby Wipes နဲ့ Wet Tissue တွေကလည်း ဓာတုကင်းစင်တဲ့အတွက် Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ နေလောင်ဒဏ်ကို ကုသဖို့ အသုံးဝင်ပါတယ်နော်။ တစ်ရှူးကို နေလောင်တဲ့ နေရာအနှံ့ ခပ်ဖွဖွ သုတ်လိမ်းပေးလို့ ရပါတယ်။

(၇) Baking Soda နဲ့ ကုသနည်း 

Baking Soda ကို ရေနွေး (သို့မဟုတ်) ကြက်ဥအကာနဲ့ ခပ်ပြစ်ပြစ်ကလေး ဖြစ်တဲ့အထိ နယ်ပြီး နေလောင်တဲ့ဒဏ်ရာအနှံ့ သုတ်လိမ်းပေးပါ။ နေ့စဉ်ပုံမှန် လိမ်းပေးရင် နေလောင်ဒဏ်ကို သက်သာစေမှာပါနော်။ 

(၈) အာလူးနဲ့ ကုသနည်း 

နေလောင်ဒဏ်ကြောင့် ဖြစ်တတ်တဲ့ အမဲစက်တွေကို ကုသဖို့ အာလူးက အကောင်းဆုံး သဘာဝဆေးနည်းပါပဲ။ အာလူးကို အခွံနွာ၊ ရေဆေးပြီး ခပ်ပါးပါး အဝိုင်းလေးတွေ ရ‌အောင် လှီးပါ။ ပြီးရင်တော့ အအေးခံထားပြီး နေလောင်တဲ့နေရာ (မျက်နှာ)ပေါ်မှာ (၁၅)မိနစ်ခန့် ကပ်ထားပေးပါ။ နေ့စဉ်ပုံမှန် ကပ်ထားပေးရင် အမဲစက်တွေ လုံးဝပျောက်ကင်းသွားစေမှာပါနော်။ 

⇐ Previous Next

Read 1465 times