Entertainment

အင်တာနက်မရှိချိန်မှာ ဆော့နိုင်မယ့် အကောင်းဆုံး Offline Game တွေက??

What are the best offline games during no internet or Wifi ??

အခုအချိန်က အင်တာနက်က ဘယ်အချိန်မှာ ပြတ်မယ်ဆိုတာပြောလို့မရပါဘူး။ဒီအချိန်မှာ အပျင်းပြေစေဖို့ အင်တာနက်မရှိလည်း ဆော့လို့ရတဲ့ ဂိမ်းတွေကို ပြောပြပေးချင်ပါတယ်။

 

Alto's Odyssey

ဒီဂိမ်း‌လေးကတော့ Editors’ Choice ရထားတဲ့ Game လေးတစ်ခုဖြစ်သလို Data တွေ Wifi တွေလည်းချိတ်စရာမလိုပါဘူး။In Game သီချင်းကောင်းကောင်းလေတွေနဲ့အတူ Relaxing Game လေးတစ်ခု အဖြစ်နာမည်ကြီးပါတယ်။(နာကြပ်တပ်ပြီးဆော့ရင် ပိုကောင်းပါတယ်။) Runner Game ဖြစ်ပြီး Coins တွေလိုက်စုကာ တစ်ဆင့်ပြီးတစ်ဆင့် Upgrade လုပ်သွားရမှာဖြစ်ပါတယ်။Story Line ကောင်းမှ Graphic ကောင်းမှဆိုသူတွေအတွက်ကတော့ ဒီဂိမ်းကို ကြိုက်ကြမှာမဟုတ်ပါဘူး။ 

 

Football Manager 2021  

Manager Game ကောင်းကောင်း ကြိုက်တဲ့သူတွေအတွက်တော့ ဒီဂိမ်းလေးက တော်တော်အဆင်ပြေပါတယ်။အပြင်က နာမည်ကြီး ဘောလုံးလိဂ်တွေ၊အသင်းတွေအပြင် အာရှကအသင်းတွေ လိဂ်တွေတောင်ပါပါတယ်။အပြင်က အခြေအနေနဲ့ တော်တော်လေးတူပြီး ဆော့ရတာလည်း မိုက်ပါတယ်။Play Store မှာတော့ MMK 12,000 နဲ့ ရောင်းပေးနေပြီး Crack Version တွေလည်းရှိပါတယ်။(သွင်းရတာတော့ နည်းနည်းရှုပ်တယ်)

 

Asphalt 9 

Racing Game တစ်ခုဖြစ်ပြီး တော်တော်လေး နာမည်ကြီးတဲ့ Game တစ်ခုပါ။မောင်းရတာတွေ Drift ဆွဲတာတွေကလည်း တော်တော်လေး ပီပြင်ပါတယ်။ အားနည်းချက်အနေနဲ့က File Size ကြီးပြီးတော့ ဆော့မယ့် Device အနေနဲ့လည်း Specification ကောင်းဖို့လိုပါတယ်။ ဆော့ကြည့်ရင်တော့ နောင်တမရမယ့် ဂိမ်းအဖြစ်အာမခံပါတယ်။ 

 

Once Upon A Tower

ဒီgame လေးကတော့ နည်းနည်းဆန်းတယ်ဗျ ကျွန်တော်တို့ Super Mario ဆိုရင် မင်းသမီးလေးကို Mario တို့ကသွားကယ်ရတာလေ။ ဒီ Game ကကျတော့ မင်းသမီးက သူ့ကိုဖမ်းထားတဲ့ ရဲတိုက်ထဲကနေ လွတ်အောင်ထွက်တဲ့ပုံစံမျိုးပါ။Gold တွေကိုစုပြီး တစ်ဆင့်ပြီးတစ်ဆင့် Upgrade လုပ်နိုင်ပါတယ်။Playstore မှာ Free Down နိုင်ပါတယ်။

 

Street Fighter IV :Champion Edition

Online Game မဟုတ်တဲ့အတွက် တကယ့်လူအစစ်တွေနဲ့ ဆော့လို့မရပေမယ့် Solo AI နဲ့ဆော့ရတယ့် Game ထဲမှာတော့ ဒီကောင်လေးက တော်တော်မိုက်တာပါ။ Control တွေကအစ သေချာလုပ်ပေးထားပြီး Special Moves တွေဘာတွေလည်း ပါပါတယ်။ Android မှာအလကား ရပြီးတော့ IOS မှာတော့ 4.99$ ပေးရပါတယ်။ဘာတွေကွာလဲဆိုတော့ IOS မှာက Android ထက် Character တွေ Unlocked ဖြစ်ပေးထားမှာပါ။ 

 

ICEY 

ဒီဂိမ်းက တော်တော်လေး Graphic မိုက်ပြီးတော့ ဆော့ရတာလည်း တော်တော်လေးကောင်းပါတယ်။Fighting Game ဖြစ်ပြီးတော့ Story Line နဲ့ဆော့ရမှာပါ။Samurai ကောင်မလေးနေရာကနေ ဝင်ရောက် ဆော့ကစားရမှာဖြစ်ပြီး  IOS မှာ 1.99$ နဲ့ဝယ်ယူနိုင်မှာပါ။ 

 

 

တခြား ဂိမ်းတွေလည်း အများကြီးရှိပေမယ့် Category စုံအောင် ဖော်ပြပေးတာမို့လို့ မပါတာတွေလည်း ရှိနိုင်ပါတယ်။ဆော့ဖူးတဲ့ အထဲက ကောင်းတဲ့ Offline Game လေးတွေရှိရင်လည်း ပြောပြပေးသွားခဲ့ပါဦး။

⇐ Previous Next

Read 2311 times