Food & Drink

ချင်းဂုတို့အသည်းစွဲ ကိုရီးယား BBQ က ဘယ်ကနေ ဖြစ်တည်လာတာလဲဆိုတာ သိကြလား?

Do you know where the Korean BBQ originated?

မြန်မာပြည်မှာတင်မက နိုင်ငံတကာမှာ ကိုရီးယား အစားအစာတွေဟာ လူကြိုက်များ ရေပန်းစားလှပါတယ်။ လူသိများတဲ့ ကိုရီးယား အစားအစာတွေကတော့ တော့ပုကီ၊ ရေညှိထမင်းလိပ်၊ ကြက်အူချောင်း၊ ကင်မ်ချီ ထမင်းသုတ်၊ ပဲခေါက်ဆွဲ၊ ကိုရီးယား အသားကင်နဲ့ ဆိုဂျူးလ် စသဖြင့် များပြားလှပါတယ်။ 

 

အရသာစုံလင်လှတဲ့ ကိုရီယား စားစရာတွေထဲမှာမှ ကိုရီးယားအသားကင် (ဘူလ်ဂိုဂီ၊ ဆူဂိုလ်ဂီ) ဆိုတာ ဘယ်ကနေစပြီး ဖြစ်တည်လာတာလဲ သိကြလား? မသိသေးဘူးဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိုရီးယား BBQ ရဲ့ သမိုင်းကို ဆက်ပြီး လေ့လာကြည့်ရအောင်နော်။ 

 

 

ကိုရီးယား အသားကင်က ဂိုဂူရောခေတ် (၃၇ ဘီစီ - ၆၆၈ အေဒီ) ကနေ အစပြုခဲ့တာပါ။ ကိုရီယားနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေထဲ ကိုရီးယား အသားကင်ကလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

 

တော်ဝင်မျိုးနွယ်စုတွေရဲ့ အောင်ပွဲခံ စားစရာတစ်ခုအဖြစ် သတ်မှတ်ထားကြပြီးတော့ စစ်ပွဲနိုင်ပြီး ပြန်လာတဲ့အခါ မီးသွေးဖိုပေါ် အသားတင်ပြီး အရက်ငှဲ့ကာ ပျော်ပျော်ပါးပါး အောင်ပွဲခံကြတာမျိုး ဖြစ်ပါတယ်။ ဘူလ်ဂိုလ်ဂီက maekjeok လို့ ခေါ်တဲ့ တုတ်ထိုးပြီး ကင်စားရတဲ့ အရာတစ်မျိုးကနေ ဖြစ်တည်လာတာပါ။ 

 

 

ကိုရီးယားအသားကင်နဲ့အတူ တွဲလျက်ပါလာတာကတော့ Banchan လို့ခေါ်တဲ့ အရံဟင်းလျာတွေပါပဲ။ ကိုရီးယားနိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးခဲ့ဖူးတဲ့ (၅၇ ဘီစီအီး - ၆၆၈ စီအီး) ရောက်တဲ့အခါမှာတော့ အသားလုံးဝ မစားကြဘဲ သားသတ်လွတ် စားသုံးကြဖို့ တယူသန်စွဲခဲ့ကြပါတယ်။

 

ဒီအတွက် Banchan (အရံဟင်း) တွေက သူတို့ရဲ့ အဓိက စားစရာ ဖြစ်လာခဲ့ပြန်ပါတယ်။ မွန်ဂိုလူမျိုးတွေ အုပ်စိုးတဲ့ (၁၂၃၁ - ၁၂၅၉) ခုနှစ် ရောက်တဲ့ အချိန်မှ အသားတွေကို ပြန်လည်စားသုံးခွင့် ပြုခဲ့တာ ဖြစ်ပြီး ကိုရီးယား အသားကင်တွေက တစ်ခေတ်ပြန်လည် ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။ 

 


၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက အာရှနိုင်ငံနဲ့ အနောက်နိုင်ငံ တော်တော်များများမှာ ပေါက်ရောက်လာခဲ့ပြီး သူတို့ရဲ့ ရိုးရာ စားစရာတွေနဲ့ ဘာသာစကားတွေက နိုင်ငံတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံလာရတာ ဖြစ်ပါတယ်။ 

 

ဇာတ်လမ်းတွဲတွေကနေ ပေါက်ရောက်ပြီး နောက်ပိုင်းမှာမှ ဘော်ဒါတွေ ကြိုက်နှစ်သက်ကြတဲ့ ကိုရီးယား အသားကင် (ဘူလ်ဂိုဂီ) ဆိုပြီး ဖြစ်တည်လာခဲ့တာပါ။ ဒီဘက် (၂၁) ရာစု ရောက်တဲ့အချိန်မှာတော့ ကိုရီးယား အသားကင်ကိုမှ အသားမျိုးစုံ၊ ကင်နည်းမျိုးစုံနဲ့ စားသုံးလာကြပါတယ်။ 

 


ကဲ၊ ကိုရီးယား အသားကင်ရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်ကိုလည်း သိသင့်သလောက် သိပြီဆိုတော့ အသားကင်စားရင်း သမိုင်းကြောင်း အတူတူ ဖတ်ဖို့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်ခဲ့လိုက်ဦးနော်။ 

 

Ref : nextshark.com

⇐ Previous Next

Read 2223 times