Entertainment

ခရစ္စမတ်ကာလမှာ နားထောင်သင့်တဲ့ လူကြိုက်အများဆုံး သီချင်းအသစ် (၁၀)ပုဒ်

Top 10 Most Popular Christmas Songs You Should Listen To

မကြာခင် ခရစ္စမတ်နေ့လည်း ရောက်တော့မှာဆိုတော့ ခရစ္စမတ် သီချင်းအေးအေးလေးတွေနဲ့ အိမ်မှာပဲ Chill ဖို့ စဉ်းစားနေကြတဲ့ သူတွေအတွက် (၂၀၂၀) ခုနှစ်မှာ လူကြိုက်အများဆုံး ခရစ္စမတ်သီချင်း (၁၀)ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ 

 

သီချင်းတွေကို မပြောပြခင် ခရစ္စမတ်နေ့ ဘယ်လို ပေါ်ပေါက်လာတာလဲဆိုတာရော မသိချင်ကြဘူးလား? ခရစ္စမတ်နေ့ကို အေဒီ (၃၀၀) ပြည့်နှစ်က စတင်ပြီးတော့ ကျင်းပခဲ့ကြပါတယ်။ သမိုင်းကြောင်း အကျဉ်းချူပ်လေးကိုလည်း ဗဟုသုတရဖွယ် ကိုးကားတင်ဆက် ပေးလိုက်ချင်ပါတယ်နော်။

 

ခရစ်တော် ယေရှု မပေါ်ထွန်းမီ နှစ်ပေါင်းများစွာကတည်းက ပရောဖက်ကြီးတွေဟာ ထာဝရဘုရားသခင်က လူသတ္တဝါ အပေါင်းကို ကယ်တင်ဖို့ ပုဂ္ဂိုလ်ထူး တစ်ပါးကို လူ့လောကဆီ စေလွှတ်မယ်လို့ မိန့်ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် ယုဒ (Jews)  လူမျိုးတွေဟာ ဒီပုဂ္ဂိုလ် ပေါ်လာမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်တဲ့။ 

 

 

ခရစ်တော် မမွေးဖွားမီမှာ  ကောင်းကင်တမန် ဂါဗြေလ ( ဂါဘရီရယ်လ် - Gabriel ) ဟာ မာရီ (Marry) ထံ ရောက်လာပြီး ခရစ်တော် မွေးဖွားမယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။ ယေရှုရဲ့ မယ်တော် မာရီဟာ ခင်ပွန်းသည် နာဇရက်(Nazareth)  မြို့သား ယောသပ် (ဂျိုးဆက် - Joseph)  နဲ့အတူ သန်းကောင်စာရင်း ပေးဖို့ ယုဒပြည် ဗက်လင် (ဗက်သဲလဟမ် - Bethlehem) မြို့ကို သွားခဲ့ပါတယ်။

 

ဗက်လင်မြို့ကို ရောက်တဲ့အခါ တည်းခိုဖို့ နေရာ အလွယ်တကူ မရတာကြောင့် နွားတင်းကုတ် တခုအတွင်းမှာ တည်းခိုနေတဲ့အချိန်မှာပဲ ခရစ်တော်ကို ဖွားမြင်တာကြောင့် သူငယ်ကို နွားစာခွက်မှာ သိပ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ခရစ္စမတ်နေ့ ပေါ်ပေါက်လာခဲ့တယ်လို့ ရှေးမှတ်တမ်းတွေက ဆိုခဲ့ကြပါတယ်။ 

 

ခရစ်တော်ကို ဖွားမြင်တဲ့နေ့ကို အတိအကျ မှတ်တမ်းမရှိပေမယ့်လည်း အေဒီ (၃၀၀)ပြည့်နှစ်မှာ ခရစ္စယာန်များက ဒီဇင်ဘာ (၂၅) ရက်နေ့ကို ခရစ္စမတ်နေ့အဖြစ် သီးခြားသတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။ 

 

 

ခရစ္စမတ်နေ့မှာ ခရစ်ယာန်များဟာ မိမိတို့ခင်မင်တဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေထံ လက်ဆောင်တွေ ပေးပို့လေ့ ရှိကြပါတယ်။ ဒီအလေ့အထက ရှေးရောမခေတ်ကတည်းက အစပျိုးခဲ့တဲ့ အလေ့အထဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ခရစ်ယာန် ကလေးငယ်တွေဟာ ပွဲတော်အချိန်အခါရောက်ရင် သူတို့ကို စန်တာကလော့ ဘိုးဘိုးကြီးက လက်ဆောင်ပစ္စည်းတွေ လာပေးလေ့ ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ စန်တာကလော့ ဆိုတာကတော့ ကက်သလစ် ခရစ်ယာန် ရဟန္တာတစ်ဦးဖြစ်တဲ့ စိန့်နီကိုးလပ် ဖြစ်ပါတယ်။

 

ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက ကလေးငယ်တွေက ခရစ္စမတ်အကြိုညမှာ စန်တာကလော့ လာရောက်ပြီး လက်ဆောင်ထည့်နိုင်ဖို့ ခြေအိတ်ရှည်တွေကို ချိတ်ဆွဲထားလေ့ ရှိကြပါတယ်။ ပြင်သစ်နိုင်ငံက ကလေးငယ်များကတော့ သစ်သားဖိနပ်တွေကို မီးဖိုပေါ်မှာ တင်ထားလေ့ ရှိကြပါတယ်။

 

 

ကဲ၊ ခရစ္စမတ်အကြောင်း တစ်စေ့တစ်စောင်းကိုလည်း သိပြီဆိုတော့ မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်နေ့ကို ကြိုဆိုကြရင်း ခရစ္စမတ်သီချင်းလေးတွေ နားထောင်နိုင်ဖို့ လူကြိုက်များတဲ့ ခရစ်မစတ် သီချင်းအသစ် (၁၀)ပုဒ်ကို ပြောပြပေးလိုက်ပါမယ်နော်။ 

 

၁။ Robbie Williams, ‘Can’t Stop Christmas’

To Watch Video - https://bit.ly/3pfQ9Gw 

 

၂။ Carly Rae Jepsen, ‘It’s Not Christmas Till Somebody Cries’

To Watch Video - https://bit.ly/38xgCZs 

 

၃။ Lil Nas X, ‘Holiday’

To Watch Video - https://bit.ly/2LYkElU 

 

၄။ Liam Payne, ‘Naughty List’ feat. Dixie D’Amelio

To Watch Video - https://bit.ly/3nI6bZl 

 

၅။ Twenty One Pilots, ‘Christmas Saves The Year’

To Watch Video - https://bit.ly/38GxWLF 

 

 

၆။ Julia Jacklin, ‘Baby Jesus Is Nobody’s Baby Now’

To Watch Video - https://bit.ly/2KKeSDJ 

 

၇။ Shaggy, ‘Holiday in Jamaica’ feat. Ne-Yo and Ding Dong

To Watch Video - https://bit.ly/3mFpCRb 

 

၈။ Bad Boy Chiller Crew, ‘White White Christmas’ 

To Watch Video - https://bit.ly/2WBNsCL 

 

၉။ Sam Smith, ‘The Lighthouse Keeper’

To Watch Video - https://bit.ly/3rdGXUG 

 

၁၀။ Sabrina Claudio and The Weeknd, ‘Christmas Blues’

To Watch Video - https://bit.ly/2WC8JMC 

⇐ Previous Next

Read 2093 times