ဟောလိဝုဒ်ဇာတ်ကားတွေ ကမ္ဘာကျော်အောင်မြင်ရတဲ့အချက်တွေထဲမှာ ကုန်ကျစရိတ်အများ အပြားသုံးနိုင်တာကလည်းအဓိကအချက်ပဲဖြစ်ပါတယ်။ တချို့ဇာတ်ကားတွေဆိုရင် တကယ့်လူတွေရဲ့အားစိုက်မှု၊ သရုပ်ဆောင်ကောင်းမှုဆိုတာတွေထက် VFX Effect တွေ၊ CGI တွေအသုံးပြုပြီး ငွေကြေးအမြောက်အများအကုန်ခံကျပါတယ်။ အခုတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ အဲဒီလို ငွေကြေးအများအပြားသုံးစွဲရိုက်ကူးခဲ့ပေမယ့် ကုန်ကျစရိတ်အရင်းတောင်မရခဲ့ပဲ အကြီးအကျယ်အရှုံးပေါ်ခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားတွေအကြောင်းပဲဖြစ်ပါတယ်။ ကောင်းတာမကောင်းတာမဟုတ်ပဲနဲ့ ဝင်ငွေအပေါ်မှာမူတည်တဲ့ စာရင်းဖြစ်တာကြောင့် ရုပ်ရှင်ကားကောင်းတွေလည်း ပါဝင်တာကိုတွေ့ရမှာပါ။
Water World
.jpg)
၁၉၉၅ ကထွက်ရှိခဲ့တဲ့ Waterworld ဇာတ်ကားဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ် အ များဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒေါ်လာ (၂၆၆) သန်းအထိကုန်ကျခံရိုက်ကူးခဲ့ပေမယ့် ဒေါ် လာ (၁၇၅) သန်းသာပြန်ရခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေကတော့ ဇာတ်လမ်းကိုက အားနဲချက်တစ်ခုဖြစ်နေပြီး ငြီးငွေ့စရာကောင်းလောက်အောင် ရှည်လျားလွန်းတဲ့ ဇာတ်ကားတစ်ကားအဖြစ် မှတ်ချက်ပေးခဲ့ကြပါတယ်။
John Carter

နာမည်ကျော်ဇာတ်ကားကောင်းတွေကိုသာထုတ်လုပ်ခဲ့တဲ့ ဒစ္စနေးကနေ ၂၀၁၂ ခုနှစ်မှာ မင်းသား Taylor Kitsch သရုပ်ဆောင်တဲ့ John Carter ဇာတ်ကားထွက်ရှိလာခဲ့ပါတယ်။ ဇာတ်ကားရဲ့စုစုပေါင်း ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကျော်ရှိခဲ့ပေမယ့် box office မှာ သန်း (၂၈၀) ကျော်သာပြန်လည်ရရှိခဲ့ပါတယ်။
47 Ronins

ကမ္ဘာကျော် ဂျွန်ဝစ်ဇာတ်ကောင်ဖြစ်လာမယ့် မင်းသားကြီး Keanu Reeves ပါဝင်တဲ့ 47 Ronins ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တာပါ။ (၁၉၄၁) နဲ့ (၁၉၄၂) ခုနှစ်မှာ Part 1, Part 2 အပိုင်းနှစ်ပိုင်းခွဲပြီး ထွက်ရှိခဲ့တဲ့ဂျပန်ရုပ်ရှင် 47 Ronins ကိုနာမည်မပြောင်းခဲ့သလို ဂျပန်ဒဏ္ဍာရီ အငွေ့အသက်တွေနဲ့ ပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ (၂၀၁၃) ထွက်လာချိန်မှာတော့ မူလဂျပန်ဇာတ်ကားနဲ့ နာမည်ကအစတူနေတာကြောင့် ပရိသတ်တွေ ကိုစိတ်ပျက်စေခဲ့ပါတယ်။ဒါ့အပြင် ဇာတ်ကားတစ်ကားလုံးမှာ မထင်မရှား ဂျပန်သရုပ်ဆောင် တွေကိုအများအပြား ထည့်သုံးထားတဲ့အတွက်လည်း ဂျပန်ရုပ်ရှင်နဲ့တူနေပြီး ဟောလိဝုဒ်ရုပ်ရှင်ရဲ့ အရသာကို အပြည့်အဝမခံစားရဘူးဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီထက်ပိုပြီး စိတ်မကောင်း စရာကောင်းတဲ့အချက်ကတော့ ဇာတ်ကားအတွက် ဘတ်ဂျက် (၂၂၅) သန်းကျော် သုံးစွဲခဲ့ပေမယ့် သန်းတစ်ရာကျော်တောင်အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။
Jupiter Ascending

လူစိတ်ဝင်စားမှုအများဆုံး ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေလည်းပါဝင် ပါတယ်။ ဒါပေမဲ့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Jupiter Ascending ဇာတ်ကားကတော့ သိပ်ပြီးမစွံခဲ့ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့အဆိုအရ Jupiter Ascending ဇာတ်ကားဟာ ဟောလိဝုဒ်မှာရိုက်ကူးခဲ့သမျှ သိပ္ပံဇာတ်ကားတွေထဲမှာ အချာဆုံးနဲ့ အောင်မြင်မှု အနိမ့်ဆုံးဇာတ်ကားဖြစ်နေလို့ပါပဲ။ ဒီဇာတ်ကားကို ဒေါ်လာ (၁၇၆)သန်းကုန်ကျခံရိုက်ကူးခဲ့ပေမယ့် အမေရိကန်ရဲ့ပြည်တွင်းဝင်ငွေ (၄၇) သန်းကျော်သာပြန်ရခဲ့ပါတယ်။ လက်ရှိနိုင်ငံတကာရုပ်ရှင် ဈေးကွက်ကနေ ဝင်ငွေသန်း ၁၈၀ကျော်ရရှိနေပေမယ့် အသားတင်အမြတ်ငွေကိုတွက်ရင် ဒီဇာတ်ကားလည်း အရှုံးပေါ်ခဲ့တယ်ဆိုတာသေချာပါတယ်။
Mars Needs Moms

ဒစ္စနေးကနေထွက်သမျှ Animation ဇာတ်ကားတွေထဲမှာ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းလောက်က ပရိသတ်ကြိုက်နှစ်သက်ပြီး အားပေးခံရတာများပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mars Needs Moms ဇာတ်ကားကတော့ ကျန်တဲ့ ၁၀ရာခိုင်နှုန်းထဲမှာပါသွားခဲ့ပုံရပါတယ်။စုစုပေါင်း ဒေါ်လာ သန်း (၁၅၀) ကနေ (၁၇၅) သန်းကြားကုန်ကျခံရိုက်ကူးခဲ့ပေမယ့်လည်း box office မှာ ဝင်ငွေ (၃၉) သန်းကျော်သာ ပြန်လည်ရရှိခဲ့တဲ့အတွက် ခွက်ခွက်လန်အောင် အရှုံးပေါ်ခဲ့တယ်လို့ပဲဆိုရမှာပါ။
The Lone Ranger

Pirates of the Caribbean ဇာတ်ကားတွေကိုတော့ ဟောလိဝုဒ်ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်မင်းသားကြီး ဂျွန်နီဒက်ပ်ရဲ့ The Lone Ranger ဇာတ်ကားကတော့ စီးပွားရေး အရ အကြီးအကျယ်အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ရိုက်ကူးထုတ်လုပ်စရိတ်ကို ဒေါ်လာ သန်း (၂၅၀)အထိသုံးစွဲခဲ့ပေမယ့် စတူဒီယိုစရိတ်ကိုတောင် မကာမိခဲ့ဘူးလို့သိရပါတယ်။ဒီဇာတ်ကားမှာ မင်းသားဂျွန်နီဒက်ပ်နဲ့ Armie Hammer တို့က အတွဲညီညီ သရုပ်ဆောင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေရဲ့ ပစ်ပစ်နှစ်နှစ်ဝေဖန်တာကိုခံခဲ့ရပါတယ်။ လက်ရှိ Box office မှာဝင်ငွေ သန်း (၂၆၀) ရရှိနေပေမယ့် (၂၀၁၃)ခုနှစ် ဇာတ်ကားထွက်ရှိခဲ့ချိန်မှာ ဒေါ်လာ သန်း (၂၀၀) နီးပါးအရှုံးပေါ်ခဲ့တယ် လို့သိရပါတယ်။
Read 3320 times