Shopping & Promos

မြန်မာငွေထောင့်ငါးရာနဲ့ ကမ္ဘာတစ်ဝန်းမှာ ဘာတွေဝယ်လို့ရနိုင်လဲ

What can be bought all over the world for 1500 Myanmar kyats?

ဒီတစ်ခေါက်မှာတော့ ပိုက်ဆံတစ်ဒေါ်လာက တခြားနိုင်ငံတွေမှာ ဘယ်လိုအရာတွေဝယ်လို့ ရနိုင်သလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ယနေ့ခေတ်လို အရာရာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပိုက်ဆံတစ်ဒေါ်လာရဲ့ တန်ဖိုးက ဘာမှသုံး လို့ ရမှာမဟုတ်လောက်တော့ဘူးလို့တောင် ယုံကြည်နေကြပါပြီ။ တစ်ဒေါ်လာနဲ့ ဘာမှဝယ်လို့ရမှာ မဟုတ်ဘူး လို့သာမန်အားဖြင့် မှတ်ထင်ထားလေ့ရှိကြမှာ အသေအချာပါပဲ။

ဒါကြောင့် ပိုက်ဆံတစ်ဒေါ်လာနဲ့ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ဘာတွေဝယ်ယူလို့ ရနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်လိုနိုင်ငံတွေမှာ ဘာတွေ ဝယ်လို့ရနိုင်သလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။

 

  • ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်သူတွေ အနေနဲ့ ပိုက်ဆံတစ်ဒေါ်လာနဲ့ လုပ်နိုင်တဲ့ အရာတစ်ခုရှိနေ ပါတယ်။ အဲဒါကတော့ ပင်ပန်းညောင်းညာမှုတွေကို တစ်ဒေါ်လာတည်းနဲ့ ဖြေဖျောက်နိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို ရောက်တုန်းရောက်ခိုက် တစ်နေကုန်လည်ပတ်ပြီးလို့ ညောင်းညာကိုက်ခဲလာတဲ့အခါမျိုးမှာ တင်းနေတဲ့ အကြောအချင်တွေ ပြေလျော့စေဖို့အတွက် ဖိလစ်ပိုင် ဆီးဘူးမှာ မိနစ်နှစ်ဆယ်စာ နှိပ်နယ်လို့ရတာပဲ ဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့ နာမည်ကြီး မိနစ်နှစ်ဆယ်နှိပ်နယ်ခြင်းကို တစ်ဒေါ်လာတည်းနဲ့ ရရှိပြီးတာနဲ့ သင်ဟာ လန်းဆန်းတက်ကြွခြင်းတွေကို ခံစားနိုင်ပြီး ကျေနပ်စရာခံစားမှုကိုရရှိနိုင်တာဖြစ်လို့ ဖိလစ်ပိုင်ရောက် ရင် တစ်ဒေါ်လာနဲ့ အနှိပ်ခံလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

  • တူရကီ

တူရကီနိုင်ငံကို သွားလည်ဖြစ်မယ်ဆိုရင်တော့ အစားအသောက်ကောင်းတွေကို ဈေးနှုန်းသက်သက်သာသာနှင့် မြည်းစမ်းနိုင်ပါတယ်။ တူရကီလူမျိုးတွေ စွဲစွဲမြဲမြဲကြိုက်လို့ တူရကီ လက်ဖက်ရည်ရဲ့ အနံ့အရသာကို မြည်းစမ်း ချင်တယ်ဆိုရင်လည်း မြည်းကြည့်သင့်ပါတယ်။ပူပူလောလောနဲ့ အနံ့သင်းလှတဲ့ တူရကီလက်ဖက်ရည်ကတော့ စားသောက်ဆိုင်တိုင်းမှာ တစ်ဒေါ်လာမပြည့်တဲ့ ပိုက်ဆံနဲ့ ဝယ်သောက်နိုင်တယ်ဆိုတော့ ဒါကလည်း တစ်ဒေါ် လာရဲ့ ရှိနေသေးတဲ့ တန်ဖိုးလို့ပဲပြောရမှာ ဖြစ်ပါတယ်။

  • ဗီယက်နမ်

ဗီယက်နမ်နိုင်ငံကနေ အလည်အပတ်ပြန်လာလို့ အမှတ်တရ အနေနဲ့ တစ်ခုခုကို ဝယ်ခဲ့ချင်တယ်ဆိုရင်တော့ ဗီယက်နမ်ရိုးရာ စတိုင် ခမောက်ကို ဝယ်လာသင့်ပါတယ်။ ကြိမ်နှင့် ယက်လုပ်ထားတဲ့ ခမောက်တစ်ခုကိုမှ ၁ဒေါ်လာထဲနှင့် ဝယ်ယူနိုင်လို့ ဗီယက်နမ် ရောက်တာနှင့် ခမောက်လေး ဝယ်ပြီး အလှပုံလေးတွေ အများကြီး ရိုက်လာသင့်ပါတယ်။ အိမ်ပြန်ရောက်ရင်လည်း ဒီခမောက်လေးတွေကို အိမ်တွင်းအလှဆင်တဲ့ နေရာမှာ သုံးစွဲ နိုင်တော့ ၁ဒေါ်လာက အရမ်းကို တန်လွန်းနေပြီလို့ပဲ ပြောလိုက်ပါရစေ။

  • ဂျာမနီ

ဂျာမနီလိုမျိုး အရာရာ တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံကြီးမှာ တစ်ဒေါ်လာထဲနှင့် ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း လူတိုင်းနီးပါး လိုအပ်လောက်မယ့် နားကျပ်တံ အထုပ်လေးတွေကို တစ်ဒေါ်လာ မပြည့်ဘဲဝယ်ယူနိုင်တာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံရောက်တုန်း နားကျပ်တံ အရေးပေါ်လိုလာရင် ပိုက်ဆံအများကြီး သုံးစရာ မလိုအပ်ပါဘူးနော်။ ရတဲ့ ပစ္စည်းလေးကလည်း ဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ နားတွေများယားလာ ပြီဆိုရင်တော့ ဒီနားကြပ်တံဟာ လိုကို လိုတဲ့ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

  • မလေးရှား

မလေးရှားနိုင်ငံမှာဆိုရင်တော့ အဝတ်လျှော်စက်ကို အသုံးပြုပြီး အဝတ်လျှော်တဲ့ ဆိုင်တွေမှာ တစ် ဒေါ်လာ ထဲနှင့် လျှော်နိုင်တာက အံ့သြစရာပါပဲ။ တစ်ပတ်စာလောက် ဝတ်ထားပြီးတဲ့ အဝတ်တွေကို အပင်ပန်းခံ စရာမလိုဘဲ တစ်ဒေါ်လာ သုံးလိုက်ရုံနှင့်တင် အဝတ်လျှော်စက်နှင့် လျှော်နိုင်တာပဲဖြစ်ပါတယ်။ အများသုံး နေရာဖြစ်အောင် စီစဉ်ထားတာဆိုတော့ ကိုရီးယားကားတွေထဲကလို အဝတ်လျှော်နေတုန်း စကားပြောဖို့ အတွက် အဖော်တစ်ယောက်ခေါ်သွားသင့်ပါသေးတယ်

  • ထိုင်း

ထိုင်းနိုင်ငံကို သွားလည်တဲ့ အခါမှာ ထိုနိုင်ငံမှာ သုံးတဲ့ ဖုန်း Sim Card အမျိုးအစားကို ပြောင်းသုံးရပါတယ်။ ထိုင်းနိုင်ငံမှာတော့ ၁၆ မိနစ်စာ ဖုန်းပြောဖို့ပါပြီးသား Sim Card တစ်ကတ်ကိုမှ ၁ဒေါ်လာမပြည့်ဘဲ ဝယ်ယူနိုင် တာပဲဖြစ်ပါတယ်။ ဒါဟာ အတော်လေးကို ဈေးချိုသာတဲ့ ဆင်းကတ်လို့ ဆိုရပါမယ်။ တကယ်လိုတဲ့ ပစ္စည်းလည်း ဖြစ်တာကြောင့် တစ်ဒေါ်လာကို အသုံးမဝင်လောက်ဘူးလို့ ထင်နေတဲ့သူတွေရှိရင် အဲဒီအတွေးကို မေ့ပစ်လိုက်ပါတော့လို့ပဲ ပြောလိုက်ပါရစေ။

  • ဆွစ်ဇာလန်

ဆွစ်ဇာလန်နိုင်ငံဆိုတာက ဈေးပေါတဲ့ပစ္စည်းတွေရှိတဲ့ နိုင်ငံတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာရေ ငတ်တယ်ဆိုရင်တော့ တစ်ဒေါ်လာရှိရင်ရေငတ်ပြီးသေမယ့် ဘေးက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ တစ်ဒေါ်လာဟာရေ ၁.၅ လီတာကို ဝယ်သောက်နိုင်တာမို့ သင့်မှာ တစ်ဒေါ်လာရှိရင် ဆွစ်ဇာလန်မှာ ရေဝယ်သောက်လို့ ရပါလားဆိုပြီး ပျော်လိုက်ပါတော့။

  • ခရိုအေးရှား

ခရိုအေးရှားနိုင်ငံက ကမ္ဘာပေါ်မှာအကောင်းဆုံးရေခဲမုန့်တွေရှိတဲ့နိုင်ငံဖြစ်တာကြောင့် သင်ဟာဆောင်းတွင်းမှာ ရောက်ခဲ့တယ်ဆိုရင်တောင် ရေခဲမုန့်စားဖို့ကြိုးစားသင့်ပါတယ်။ ရေခဲမုန့်ဆိုင်သေးသေးလေးတွေမှာဆိုရင်တော့ ၉၄ဆင့်နဲ့ ရေခဲမုန့်တစ်ဗူးတောင်ရရှိမှာ ဖြစ်ပါတယ်။

 

⇐ Previous Next

Read 2219 times