Health & Beauty

အိပ်ယာဝင်ခါနီး မစားသင့်တဲ့အစားအစာများ

Foods you should not eat at bedtime

အစာဟာဆေးလို့ ဆိုတတ်ကြပေမယ့် သူ့နေရာ သူ့အချိန်နဲ့ စားဖို့တော့ လိုတတ်ပါသေးတယ်။ ညဘက်တွေ စားလိုက်ပြီးမှ အိပ်တဲ့အခါမှာ အိပ်လို့မပျော်တာ၊ အိပ်လို့မကောင်းတာတွေ ဖြစ်ဖူးကြမှာပါ။ ဒီတော့ အိပ်ယာဝင်ခါနီး ရှောင်သင့်တဲ့ အစားအစာတွေကို ပြောပြပေးသွားမှာပါ။ 

 

  1. ခရမ်းချဥ်သီးဆော့

ဘာလို့ခရမ်းချဥ်သီးဆော့ကို မစားရလဲဆိုတော့ သူကအက်စစ်ဓာတ်များတဲ့အတွက် အစာမကြေတာတွေ၊ အစာအိမ်အချဥ်‌ပေါက်တာတွေ ဖြစ်နိုင်လို့ပါ။

  1. အသားကင်နဲ့ ချိစ်

အသားကင်နဲ့ ချိစ်ဆိုတာ ဘယ်အချိန်မဆိုစားလို့ကောင်းပေမယ့် အိပ်ယာဝင်ခါနီးမှာတော့

စားလို့လုံးဝလုံးဝ မကောင်းပါဘူး။ အမိုင်နိုအက်စစ်ဓာတ် ပါဝင်တဲ့အတွက် အိပ်မပျော်ပဲ နိုးနေပါလိမ့်မယ်။ 

 

  1. Dark Chocolate 

သိတဲ့အတိုင်းပါပဲ ကဖင်းဓာတ်အများကြီးပါဝင်တဲ့အတွက် ညအိပ်ယာဝင်ခါနီးစားမယ်ဆို တက်ကြွတဲ့ကြက်ဖကြီးဖြစ်နေလိမ့်မယ်။ညဘက်မစားပဲနေ့ဘက်အလုပ်များတဲ့အချိန်မှာ

စားတာက ပိုကောင်းမှာပါ။ 

  1. ကော်ဖီ

ဒါကတော့ တော်တော်များများ သိကြမှာပါ။ ညဘက် ကော်ဖီ တစ်ခွက်လောက်သောက်လိုက်ရင် အိပ်မပျော်ပဲ ဖြစ်နေတတ်ပါတယ်။

 

  1. Alcohol 

ဝိုင်နီတစ်ခွက်လောက်သောက်တာက အိပ်ပျော်တယ်ဆိုပေမယ့် ပမာဏများရင်တော့ နောက်ပိုင်း အိပ်စက်တဲ့ ဖြစ်စဥ်ကို အနှောက်အယှက် ဖြစ်လာမှာပါ။ 

 

  1. ရေ

ဒီစာရင်းမှာ ရေပါဝင်လာတာလည်း မထူးဆန်းလှပါဘူး။ မအိပ်ခင် ရေအလွန်အကျွံသောက်မယ်ဆိုရင် ဆီးခဏခဏသွားနေရမှာ ဖြစ်တဲ့အတွက် သင့်ရဲ့အိပ်စက်မှုကို အနှောက်အယှက်ဖြစ်မှာအသေအချာပါပဲ။

 

⇐ Previous Next

Read 1749 times