Entertainment

ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ (၁၉၉၀) ဝန်းကျင်က နိုင်ငံတကာ ဇာတ်လမ်းကောင်းများ

90s movies that will never old to watch

 

(၁၉၉၀) ဝန်းကျင်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးထဲကမှ ယခုအချိန်အထိ မရိုးနိုင်အောင် ကြည့်လို့ကောင်းနေဆဲ ဖြစ်တဲ့ ဇတ်လမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဘယ်ချိန်ကြည့်ကြည့် စိတ်ဝင်စား၊ခံစားလို့ ကောင်းတဲ့ (၁၉၉၀) ခုနှစ်ဝန်းကျင်က နိုင်ငံတကာ ဇာတ်လမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။ 

Titanic (1997) 

ဒီဇတ်လမ်းလေးကတော့ လူတိုင်းကြည့်ဖူးပြီးသား ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ။ မင်းသားကြီး Leonardo DiCaprio နဲ့ မင်းသမီး Kate Winslet တို့က အဓိကပါဝင်ထားပြီး (၁၉၉၇) ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူဌေးသမီးလေးနဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ဇတ်လမ်းဇတ်အိမ်ကလည်း Romance- Drama ဖြစ်တာမို့ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 

Forest Gump (1994) 

အကောင်းဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ မင်းသားကြီး Tom Hanks ရဲ့အကောင်းဆုံး ဇာတ်ကာဒတစ်ကားပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက သာမန်လူတွေထပ် အနည်းငယ်နိမ့်ပါးတဲ့ ဉာဏ်ရည်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်တဲ့ Forest Gump ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ အောင်မြင်မှုတွေကို ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇတ်လမ်းကောင်းတစ်ခုပါ။ 10 Things I Hate About You (1999) 

ဒီဇတ်ကားလေးကတော့ Romance အမျိုးအစား ဇတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပြီး Julia Stiles, Heath Ledger, Joseph Gordon-Levitt, Larisa Oleynik နဲ့ Larry Miller တို့က အဓိကပါဝင်ထားပါတယ်။ ဇတ်လမ်းလေးက ညီအမနှစ်ယောက်ရဲ့ အချစ်ဇတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး (၁၉၉၉) ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇတ်လမ်းလေးမို့ ဘယ်အချိန်ပဲကြည့်ကြည့် ရိုးမသွယးတဲ့ ဇတ်လမ်းလေးပါ။

Dumb and Dumber (1994) 

ဟာသကားလို့ ပြောလိုက်တာနဲ့ ဒီဇတ်လမ်းလေးကိုတော့ မေ့ထားလို့မရပါဘူး။ မင်းသားကြီး Jim carrey နဲ့ Jeff Daniels တို့ပထဆုံးအနေနဲ့ တွဲပြီးရိုက်ကူးခဲ့တဲ့ ဇတ်ကားလေးဖြစ်ပြီး (၁၉၉၄) ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အရမ်းခင်ကြတယ် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က အရမ်းရိုးလွန်း၊ တုံဒအလွန်းတာကြောင့် ဖြစ်လာတဲ့ အလွဲလေးတွေကို ဟာသမြောက်အောင် ရိုက်ကူးထားတာမို့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ 

Ghost (1990) 

Romanic Thriller ဇတ်လမ်းလေး ဖြစ်ပြီး အကောင်းဆုံး မင်းသမီးတစ်လက် ဖြစ်တဲ့ Demi Moore နဲ့ မင်းသားကြီး Patrick Swayze တို့ကအဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲမှာ တခြားသူတစ်ယောက်က သတ်တာကို ခံလိုက်ရတဲ့ ကောင်လေးရဲ့ ဝိညာဉ်က မကျွတ်မလွတ်ပဲ လူ့ပြည်မှာပဲရှိနေရာကနေ ကောင်မလေးနဲ့ တွေ့ပြီး ချစ်ကြိုက်သွားတဲ့ ပုံစံလေးကို (၁၉၉၀) တုန်းကပုံစံ ဆန်းဆန်းလေး ရိုက်ကူးထားတဲ့ ဇတ်လမ်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1737 times