Food & Drink

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Matcha Tea တစ်ခွက် ပြုလုပ်နိုင်မယ့် အလွယ်ဆုံးနည်း

The most easiest recipe for Matcha Tea

Milk Tea နဲ့ ပတ်သတ်တဲ့ သောက်စရာတွေက (၂၀၁၆) ခုနှစ် လောက်ကစပြီး တော်တော်လေး ခေတ်စားလာတာကို တွေရပါတယ်။ အဲဒီ့ထဲကမှ ဂျပန်ရိုးရာ လက်ဖက်စိမ်းတစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ Matcha Tea လည်းပါဝင် လာခဲ့ပါတယ်။ 

Matcha ကပုံမှန် လက်ဖက်စိမ်း အမျိုးအစားတွေနဲ့ မတူဘဲ ခါးသတ်သတ် အရသာတစ်မျိုး ပါဝင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရသာက Coffee မှာ ပါဝင်တဲ့ ခါးသက်ပုံနဲ့တော့ မတူပါဘူး။ 

ဒီလို အရသာရှိတဲ့ Matcha Tea ကို ပြုလုပ်လို့ရမယ့် အလွယ်ဆုံး နည်းလမ်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ 

ပါဝင်ပစ္စည်း 

Matcha မှုန့် - (၃၀) ဂရမ် 

နွားနို့ - (၄၀) မီလီလီတာ 

ရေနွေး - (၄၀) မီလီလီတာ 

သကြား (သို့) ပျားရည် - လက်ဖက်ရည် တစ်ဇွန်းစာ 

Matcha မှုန့်က တခြား နို့မှုန့်၊ ကော်ဖီမှူန့်တို့နဲ့ မတူပဲ အသင့်ဝယ်လာတဲ့ ဗူးကို ဖောက်ပြီးတာနဲ့ (၁) လ သို့မဟုတ် (၂) လ အတွင်း ကုန်အောင်သောက် ပေးရပါတယ်။ အကြောင်းကတော့ အချိန်ကြာတဲ့ အခါ Matcha မှုန့်လေးတွေက အရောင်ပြောင်းသွားပြီး အရသာနဲ့ အာနိသင်လျော့နဲ လာနိုင်တာကြောင့်ပါ။ 

ပထမဦးဆုံး အနေနဲ့ Matcha မှုန့်ကို ဇကာတစ်ခုနဲ့ စစ်ပြီး ကိုယ်သောက်မယ့် ခွက်ထဲကို ထည့်ပေးရပါမယ်။ ပြီးရင် ရေနွေးအနည်းငယ်ကို ထည့်ပြီး အမှုန့်လေး‌တွေ အရည်ပျော်တဲ့ အထိမွှေပေးပါ။ 

ဂျပန်လူမျိုးတွေကတော့ Matcha မှုန့်ကို ရေနွေးနဲ့ ဖျော်ပြီးတာနဲ့ ဇွန်းကိုသုံးမယ့်အစား ဝါးတံ (သို့) ဝါးအစည်းလိုက်နဲ့ မွှေပါတယ်။ အဲ့လို မွှေပေးတာက Matcha ရဲ့ အရသာကို ပိုမိုပေါ်လွင်စေတယ်လို့ ယုံကြည်ထားကြ လို့ပဲဖြစ်ပါတယ်။ 

မွှေပြီးတာနဲ့ နွားနို့ကို မိမိနှစ်သက်သလောက် ပမာဏ (သို့)  (၄၀) မီလီလီတာလောက်ကို ရောထည့်ပေးရပါမယ်။ ပြီးရင်တော့ အချိုအတွက် သကြား နည်းနည်း (သို့) ပျားရည် နည်းနည်းကို ရောထည့်ပြီးရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Matcha Tea တစ်ခွက်ကို ရရှိပါပြီ။ 

Next ⇒

Read 4221 times