Technology

Wear OS Smartwatch တွေမှာ ဖုန်းမလိုဘဲ Google Maps စတင်သုံးနိုင်

Google Maps Now Works On Wear OS Without Pairing With A Phone

Wear OS ဆိုတာ Google ကနေ Smartwatch တွေအတွက် ထုတ်ပေးထားတဲ့ Operating System တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး Smartwatch မှာ ပါတဲ့ Features တွေကို အသုံးပြုနေရတယ်ဆိုပေမဲ့ အခုတစ်ခါကတော့ စမတ်ဖုန်းမလိုဘဲ Google Maps လမ်းကြောင်းကို အသုံးပြုနိုင်တဲ့ Feature အသစ်ကို Google က Wear OS system မှာ စတင် ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် Wear OS system သုံးထားတဲ့ Smartwatch တွေမှာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားစရာမလိုဘဲ Google Maps ရဲ့ Turn-by-Turn Navigation ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Offline အသုံးပြုနိုင်ဦးမှာ မဟုတ်တဲ့အတွက် အင်တာနက်လိုင်းရှိဖို့တော့ လိုပါတယ်။ အင်တာနက်လိုင်းရှိဖို့ လိုတာကြောင့် LTE Support ပြုလုပ်တဲ့ Smartwatch တွေမှာပဲ အခု Update လုပ်လိုက်တဲ့ Feature အသစ်ကို ကောင်းကောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

⇐ Previous Next

Read 688 times