Entertainment

၂၅ နှစ်ပြည့် အထိမ်းအမှတ်ဖြင့် တဖန်ရုံတင်ပြသမည့် “Titanic”

Titanic Remastered in 4K 3D on February

“Titanic” ရုပ်ရှင်ဆိုတာ နိုင်ငံတကာက ရုပ်ရှင်ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ရိုမန့်တစ်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ Director ကြီး James Cameron ရဲ့ “Titanic” နှင့် “:Avatar” စီးရီးတွေကတော့ ရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးကားတွေထဲမှာ စံချိန်မီ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ “Titanic” ရုပ်ရှင် ရုံတင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အော်စကာဆု ဆန်ကာတင်စာရင်း (၁၄) ဆု ဝင်ခဲ့တဲ့အပြင် အော်စကာဆု (၁၁) ဆု ရရှိခဲ့ပါတယ်။ ရုံတင်ပြသပြီး အစပိုင်းမှာပဲ အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၁,၈၄၀ ထိ ရရှိခဲ့ပြီး သန်းထောင်ဂဏန်းဝင်တဲ့ ပထမဆုံး ဟောလီ၀ုဒ်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ “Leonardo Decaprio” နှင့် “Kate Winslet” တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်မှုကြောင့် ဇာတ်ကားနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။

ဒီလို အစဉ်အလာကောင်းခဲ့တဲ့ ဇာတ်ကားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်နေ့မှာ နိုင်ငံတကာက ရုပ်ရှင်ရုံကြီးများတွင် Remaster ဗားရှင်း 4K 3D အကြည်ကို (၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် တဖန်ပြန်လည် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ပြသမည့်အချိန်ကို ဖေဖော်ဝါရီလ ရွေးချယ်ဖြစ်တာကတော့ Valentine Weekend မှာ ရိုမန့်ဇာတ်ကားကောင်းတစ်ကားရဲ့ 4K 3D အကြည်ဗားရှင်းကို ကိုယ်ချစ်ခင်ရသူနှင့်အတူ ခံစားကြည့်ရှုရင်း  ဖြတ်သန်းနိုင်ဖို့ ဖြစ်ပါတယ်။

“Titanic” Remaster trailer ကြည့်ရန် - https://bit.ly/3Qxy9WF

⇐ Previous Next

Read 893 times