Health & Beauty

အလှဖျက်တဲ့ ဝက်ခြံကို ဘယ်လိုတိုက်ထုတ်ကြမလဲ?

Here are behaviors and lifestyle habits that can make acne worse

၀က်ခြံဆိုတာက လူတစ်ယောက်ရဲ့ အလှကိုဖျက်စီးတတ်တဲ့ သဘာဝအလှဖျက်အရာတစ်မျိုးပါ။ မိန်းကလေးတွေဆို ပိုသိပါတယ်။ ဝက်ခြံမပေါက်အောင် အစားအသောက်ရှောင်ရ မိတ်ကပ်တွေအတွက် ဂရုစိုက်ရနဲ့ပါ။ 

Webinar: NEW TREATMENTS FOR, SENSITIVE, ACNEIC AND MATURE SKIN. - Salubre  Skincare

ဝက်ခြံက ဖြစ်ပြီးလို့ ဂရုမစိုက်ရင် ပွားတတ်တဲ့အမျိုးဆိုတော့ သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေမပွားအောင် ဘယ်လိုပြုလုပ်ကြမလဲ? 

၁. ဝက်ခြံကို ညှစ်တာ၊ တို့တာ၊ ဆိတ်တာ ပြုလုပ်ခြင်း

လူတော်တော်များများက ဝက်ခြံများကို လက် တို့တာ၊ ဆိတ်တာ၊ ညှစ်တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီလို လုပ်တာတွေဟာ ဘက်တီးရီးယားပိုးတွေကို ပိုဆိုးလာစေပြီး လက်ယောင်လိုက်ပြီး ရောင်ရမ်းသွားတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဝက်ခြံကို မဖြစ်မနေထိကိုင်ဖို့ လိုတယ်ဆိုရင် လက်ကို အရင်ဆုံး သန့်စင်အောင် သေချာဆေးကြောပြီးမှ ပြုလုပ်ပါ။

၂. ညစ်ပတ်နေတဲ့ ဖုန်းကြောင့် ပိုဆိုးလာခြင်း

ဝက်ခြံတွေကို လက်နဲ့ထိတာ ကိုင်တာတွေလည်း မလုပ်ပေမယ့် ဘာကြောင့် မှန်းမသိပဲ ပျောက်မသွားတဲ့ အပြင် ပိုပိုဆိုးလာတယ်ဆိုရင်တော့ ဖုန်းကြာင့်လား ဆိုတဲ့ အချက်ကို ပြန်တွေးကြည့်ပါ။

ဖုန်းမှာလည်း မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီး ရှိတဲ့အတွက် ဝက်ခြံပေါက်နေတဲ့ ပါးကို ညစ်ပတ်နေသော ဖုန်းနဲ့ ထိမိတယ်ဆိုရင် ဝက်ခြံတွေက ပျောက်မသွားပဲ ပိုဆိုး လာတတ်ပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံပေါက်နေတဲ့ အချိန်မှာ ဖုန်းပြောရင် နားကြပ်ကို အသုံးပြုပေးပါ။

The Only Way To Get Rid Of Acne Scars According To The Experts | Blog |  HUDA BEAUTY

၃. ဆံပင်

ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာဆိုရင်တော့ တတ်နိုင်သမျှ ဆံပင်ကို အပြောင် သိမ်းထားတာ အကောင်းဆုံးပါ။ ဆံပင်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် မျက်နှာမှာ ဝက်ခြံပေါက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်နေတဲ့နေရာပေါ်ကို ဆံပင်တွေ မထိမိအောင် အတတ်နိုင်ဆုံးနေပါ။

၄. မျက်နှာအရမ်းသစ်တာ (မျက်နှာဆေးတာ)

မျက်နှာကို ခဏခဏ ဆေးတာ၊ သစ်တာတွေ လုပ်တတ်တဲ့ အပြုအမှုဟာ ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အရေပြားပေါ်မှာ လိုအပ်တဲ့ အဆီတွေကို ဆေးချပစ်လိုက်သလိုဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ကနေ အဆီတွေပို ထုတ်ပေးအောင် လုပ်လိုက်သလို ဖြစ်သွားပါတယ်။

How to Get Rid of Pimples Overnight | GQ

၅. မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးစွပ်တွေကို ပုံမှန်လျှော်ပါ။

မျက်နှာသုတ်ပုဝါနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်လျှော်ပေးပါ။ ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာဆိုရင် ပိုပြီးတော့ ဂရုတစိုက်နဲ့ လျှော်ပေးပါ။

၆. စားသောက်မှုပုံစံ

ပေါင်မုန့်၊ ပါစတာ၊ အာလူးကြော်၊ ကွတ်ကီး၊ ကိတ်နဲ့ နို့ထွက် ပစ္စည်းတွေဟာ ဝက်ခြံနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အငန်တွေ အရမ်းစားလွန်းရင်လည်း ဝက်ခြံထွက်လာတာ၊ ဝက်ခြံတွေကို ပိုဆိုးလာစေတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေ လှပဖို့ဆိုရင် Anti Oxidant ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

How to Get Rid of Acne Scars Fast and Naturally (19 Strategies)

Next

Read 1176 times