Food & Drink

ဝီစကီရဲ့ အရသာကို ပိုမိုပေါ်လွင်စေမယ့် အစားအစာ (၅)မျိုး

 Here are five foods that will enhance the taste of whisky

လူတစ်ဦးနဲ့ တစ်ဦး အကြိုက်ချင်း မတူနိုင်ကြပေမယ့် ယမကာအမျိုးပေါင်း များစွာရှိတဲ့ထဲမှာ ဝီစကီကတော့ အတော်လေးကို လူကြိုက်များတဲ့ အမျိုးအစားပါပဲ။  ဝီစကီကို ရေခဲလေး (၁)တုံးလောက်ထည့်ပြီး သောက်ရတာက သူ့ရဲ့ အရသာအစစ်ကို ခံစားရတယ် ဆိုပေမယ့် အမြည်းလေးတစ်ခုခုနဲ့ တွဲသောက်ရင်တော့ ပိုပြီးပြည့်စုံသွားတာပေါ့။
အဲ့အတွက် ဝီစကီနဲ့ ဘယ်လိုအစားအစာတွေက လိုက်ဖက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ Cheese

ဝီစကီနဲ့ Cheese နဲ့ကတော့ အထူးတလည် ပြောပြစရာမလိုတဲ့ လိုက်ဖက်မှုပါပဲ။ ဒါပေမယ့် ဝီစကီနဲ့ တွဲဖက်ဖို့အတွက်တော့ Chedder Cheese တမျိုတည်းကသာ အကောင်းဆုံးပါ။ Chedder Cheese ရဲ့သင်းပျံ့တဲ့ နို့အနံ့လေးရယ် နူးညံ့တဲ့ အထိအတွေ့လေးတွေကို လျှာပေါ်မှာ ခံစားရင်း ဝီစကီရဲ့ ပြင်းရှရှ အရသာလေးနဲ့ တွဲဖက်လိုက်ရင် အနှစ်ကျကျ လိုက်ဖက်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၂။ ပင်လယ်စာ

ဝီစကီနဲ့ ပင်လယ်စာ အတွဲအဖက်ကတော့ တော်တော်လေးကို လူကြိုက်များတဲ့ အတွဲပါပဲ။ အဓိကအားဖြင့် ဆယ်လမွန်ငါးလို နူးညံ့တဲ့ အသားမျိုးနဲ့ တွဲစားကြတာများပါတယ်။ ဆူရှီ၊ ပုစွန်၊ ငါး စတာတွေကလည်း ဝီစကီရဲ့ မိတ်ဖတ်တွေပါပဲ။ ပင်လယ်စာ နဲ့ အလိုက်ဖက်ဆုံး ဝီစကီ အမျိုးအစားတွေကတော့ Rye Whisky နဲ့ Malt Whisky တို့ပဲဖြစ်ပါတယ်။

၃။ သစ်သီးခြောက်နှင့် အခွံမာသီးများ

စပျစ်သီးခြောက်လို သစ်သီးခြောက်တွေနဲ့ မြေပဲ၊ သစ်ကြားသီး၊ သီဟိုဠ်စေ့တို့လို အခွံမာသီးတွေဟာလည်း ဝီစကီနဲ့ အတူသုံးဆောင်ဖို့ ‌မေ့မထားသင့်ပါဘူး။ ဒါပေမယ့် အနံ့ထည့်ထားတဲ့ သစ်သီးခြောက်တွေကတော့ ဝီစကီရဲ့ အနံ့နဲ့ အရသာကို ထိခိုက်စေပါတယ်။ ဝီစကီလေးသောက်ရင်း စပျစ်သီးခြောက် သို့မဟုတ် သီဟိုဠ်စေ့လေးကို ဝါးလိုက်ရတဲ့ ခံစားမှုလေးဟာလည်း ဝီစကီရဲ့ ရီဝေဝေ အာနိသင်လေးနဲ့အတူ စီးမျောလို့ကောင်းမှာ အသေအချာပါပဲ။

၄။ အသားကင်

ဝီစကီနဲ့ အသားကင်ကတော့ ဘယ်လိုမှ မမှားနိုင်တဲ့ ပေါင်းစပ်မှုပါပဲ။ Steak လိုမျိုး အဆီဓာတ် ကြွယ်ဝတဲ့ အသားကင်မျိုးက အချိုမြမြလေးပါတဲ့ Bourbon Whiskyနဲ့ဆို ကွက်တိပါပဲ။ အသားကင်စားပြီး ကျန်ခဲ့တဲ့ အရသာလေးကို ဝီစကီလေးနဲ့ မျှောချမလား၊ ဝီစကီသောက်ပြီး ခံတွင်းထဲမှာ ကျန်ခဲ့တဲ့ အရသာစူစူးလေးကို အသားကင်လေးဝါးရင်း အဆုံးသတ်မလား? ဘယ်လိုပဲတွေးတွေး ဝီစကီနဲ့ အသားကင်ရဲ့ လိုက်ဖက်မှုကတော့ ခိုင်မာနေဦးမှာပဲ ဖြစ်ပါတယ်။ 

၅။ Dark Chocolate

ဝီစကီမှာဆိုရင်တော့ တော်တော်များများက Scotch Whisky ကို သောက်ကြတာများပါတယ်။ Scotland ကလူတွေကတော့ များသောအားဖြင့် ဝီစကီကို ချောကလက်နဲ့ မြည်းလေ့ရှိတယ်။  စဉ်းစားကြည့်ရင် နည်းနည်းထူးဆန်းသလို ဖြစ်နေနိုင်ပေမယ့် ဝီစကီဟာ ချောကလက်နဲ့ လိုက်ဖက်မှုရှိပါတယ်။

ဝီစကီသောက်ပြီးတဲ့ အချိန်မှာ ချောကလက်လေး တစ်ကိုက်လောက် စားလိုက်ရင် ခံတွင်းထဲမှာ ကျန်ခဲ့တဲ့ ဝီစကီရဲ့ အရသာကို ချောကလက်ရဲ့ မွှေးတဲ့ရနံ့နဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့ ခံစားမှုတစ်ခုကို ရစေမှာပါ။

⇐ Previous Next

Read 1447 times