Food & Drink

Hotpot နဲ့ BBQ နှစ်မျိုးစလုံးကို ဘူဖေးစားလို့ရတဲ့ ဆိုင် (၇) ဆိုင်

Hotpot & BBQ Buffet Restaurants In Yangon

အစားအသောက်ဆိုရင် အလှမစားဘဲ အ၀စားရတာတွေကိုမှ သဘောကျတဲ့ Foodie လေးတွေအတွက် ဟော့ပေါ့နဲ့ BBQ အကင်ကို တစ်နေရာတည်းမှာ စိတ်ကြိုက် ဘူဖေးအ၀စားလို့ရမယ့် ရန်ကုန်မြို့က ဆိုင် (၇) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ Mr.Jerry Thai BBQ & Hot Pot

ထိုင်းအရသာ အသားကင်တွေကို Cheese တွေနဲ့ ထူးထူးခြားခြား စားလို့ရတဲ့ ဆိုင်လေးဖြစ်တဲ့အတွက် BBQ ကို Cheese Sauce နဲ့ စားရတာ ကြိုက်တဲ့သူတွေရဲ့ အသည်းစွဲဆိုင်ပါ။ BBQ ရော Hotpot ပါ ဘူဖေးဖြစ်ပြီး Cheese Base နဲ့ Mozzarella Topping တို့ပေါင်းစပ်ထားတဲ့ Premium Cheese Sauce ကိုလည်း Free Flow  ပေးထားပါတယ်။ 

အသားလွှာတွေမှာဆိုရင် ကြက်သား၊ ဝက်သား၊ အမဲသားအပြင် ကြက်မဲနဲ့ ငါးအသားလွှာတွေပါ ရနိုင်ပြီး ပင်လယ်စာ ချစ်သူတွေအတွက်လည်း ပုစွန်တွေ၊ ရေဘဝဲတွေ၊ ပြည်ကြီးငါးနဲ့ ဂုံးတွေ အစုံရှိပါတယ်။ လူကြီးတစ်ယောက်စာ အ၀စားဘူဖေးက ၂၅,၀၀၀ ကျပ် ဖြစ်ပြီး အချိန်ကန့်သတ်ချက်တော့ (၂) နာရီပါ။

အကင်တွေစားပြီး အီလာပြီဆိုရင် အအီပြေ ဟော့ပေါ့ချဉ်စပ်ဟင်းရည်လေးလည်း သောက်လို့ရပါတယ်။ အချိုတည်းမယ်ဆိုလည်း မြန်မာမုန့်တွေဖြစ်တဲ့ သာခွေယိုင်ဆိမ့်ဆိမ့်လေး၊ ဆွမ်းမွှေးကျောက်ကျောလေး၊ သရက်သီး အုန်းနို့ သာကူချိုချိုလေး၊ ပူတင်းရွှေကြည်အိအိလေး ဒါမှမဟုတ် သီးစုံ Mocktail တွေ သောက်လို့ရပါတယ်။

လိပ်စာ - ဝေဇယန္တာလမ်းမပေါ် (ရတနာလမ်းနဲ့ ပြည်သာယာလမ်းကြား)၊ အောင်ရတနာ ဆေးရုံမျက်စောင်းထိုး (ပြည်သာယာမီးပွိုင့်နဲ့ ပိုနီးပါတယ်) 

ဆိုင်ဖွင့်ချိန် - 11:00 AM - 10:00 PM 

ဖုန်း - 09404050341 

၂။ Thai Pot 

Thai Pot ဆိုင်ကတော့ ၁၀ နှစ်တိုင်တိုင် လူကြိုက်များတဲ့ BBQ ဆိုင်အဖြစ် ရပ်တည်လာတဲ့ ထိုင်းစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဟောပေါ့နဲ့ အကင်ဘူဖေး အ၀စား တစ်ယောက်ကို ၂၄,၉၀၀+ ကျပ် ကျသင့်မှာဖြစ်ပြီး အချိန်ကလည်း အကန့်အသတ်မရှိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

Thai Pot မှာဆိုရင် ကိုယ်တိုင်နှပ်ထားတဲ့ လတ်ဆတ်တဲ့ အသားနှပ် (၂၁) မျိုး၊ Seafood ကြိုက်သူတွေအတွက် ပင်လယ်စာအမယ်မျိုးစုံ၊ Hot Pot အရသာအရည် (၄) မျိုး၊ အကင်လေးတွေနဲ့ တို့စားလို့ ကောင်းတဲ့ အချဉ် (၅) မျိုး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အချိုပွဲအနေနဲ့ ရေခဲမုန့်နဲ့ အအေးမျိုးစုံ ရှိပါတယ်။ အသားကင်နဲ့အတူ တို့စားဖို့အချဉ်ကို Free Flow ပေးပေမဲ့ ချိစ့်ကိုတော့ တောင်းသလာက် ပိုက်ဆံပေး ဝယ်ရပါတယ်။  

No.4, Kan Street, Hlaing, Yangon

09 500 7997

၃။ Hotpot King

ဒီဆိုင်ကတော့ ဟော့ပေါ့ရော BBQ ရောအတွက် ဘူဖေးစနစ်ဖြစ်ပြီး အကင်တွေနဲ့ အလိုက်ဖက်ဆုံး ဘီယာလေးကိုပါ တစ်နေရာတည်းမှာတင် တွဲဖက်သောက်နိုင်မယ့် ဆိုင်လေး ဖြစ်ပါတယ်။ (ဘီယာကတော့ ဘူဖေးမဟုတ်ပါဘူးနော်)

အ၀စား ဘူဖေး တစ်ယောက်ကို ၂၁,၈၀၀ ကျပ် သတ်မှတ်ထားပြီး အချိန်ကတော့ ၂ နာရီအတွင်း စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဟော့ပေါ့ဟင်းရည်ရဲ့ အရသာ၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ အသားတွေကြောင့် လူကြိုက်များတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ 

N0 (47), Sayar San Road, Bahan Township, Yangon

09 777 777008

၄။ Shwe Kaung Hotpot & BBQ Buffet

ရွှေကောင်းဆိုင်ကတော့ ဆိုင်ခွဲအများအပြားရှိသည့်အထဲ ဆိုင်ခွဲ (၂) ဆိုင်မှာဘဲ ဘူဖေးစနစ် ရနိုင်တာဖြစ်ပါတယ်။ ကျန်တဲ့ ဆိုင်တွေကတော့ ကိုယ်မှာစားသလောက်ဘဲ ပေးရတဲ့ A La Charte စနစ် ဖြစ်ပါတယ်။

ရွှေကောင်းမှာ ဘီယာ၊ ကြက်သားလွှာ၊ ကြက်ဆင်သားလွှာ၊ ကြက်မဲလွှာ၊ ဝက်သားလွှာနဲ့ အမဲသားလွှာ၊ ပင်လယ်စာ၊ အသားလုံး၊ ကလီစာတွေအပြင် လတ်ဆတ်တဲ့ အသီးအရွက်မျိုးစုံလည်း ရနိုင်ပါသေးတယ်။ ရွှေကောင်းက ဆူရှီလည်း အရသာကောင်းလို့ နာမည်ကြီးပါတယ်။

တစ်ယောက်ချင်းဆီအတွက် အ၀စား စျေးနှုန်းကတော့ ၂၀,၀၀၀+ ကျပ်မှ စရှိပြီး စားသုံးချိန်ကိုတော့ ၂ နာရီ ပေးထားပါတယ်။ ရွှေကောင်းရဲ့ ဘူဖေးစနစ် ရနိုင်မဲ့ ဆိုင် (၂) ဆိုင်လိပ်စာတွေကတော့ -

People's Park Brunch - ပြည်သူ့ရင်ပြင်ဝန်း (09420805895)
Moe Kaung, Yankin Branch (09 783 715 820, 09 797 779 249)

၅။ အစားတလိုင်း Hotpot & BBQ

BBQ ကို ချိစ်အမျှင်တွေနဲ့ တွဲပြီး အဝစားမလား၊ Hot pot ကို အရည်အရသာလေးမျိုးရှိတဲ့ထဲက နှစ်ကန့်ခွဲပြီး ကြိုက်တာယူပြီးပဲ အဝစားမလား စိတ်ကြိုက် စားလို့ရပါတယ်။ သူ့ဆိုင်မှာ လူကြီးတစ်ယောက်စာ အ၀စားကို ၂၆,၀၀၀ ကျပ် ဖြစ်ပြီး ၃ ပေအောက် ကလေးဆို Free ပါ။ ဘူဖေးအ၀စားအချိန်ကတော့ (၂) နာရီ သတ်မှတ်ထားပါတယ်။ 
အသားမှာဆို အမဲသား၊ ဝက်သုံးထပ်သား၊ ကြက်ဆင်၊ ကြက်မဲ၊ ဝက်မှိုလုံး၊ ကြက်မှိုလုံး၊ ပဲလိပ်နဲ့ တခြားအသားလုံးတွေလည်း အများကြီး ရှိပါတယ်။ ပင်လယ်စာတွေဆိုလည်း လတ်ဆတ်ပြီး အရသာရှိပါတယ်။

ဘူဖေးမှာက Side Dish တွေ၊ အချိုပွဲတွေ၊ ရေခဲ့မုန့်တွေ၊ အအေးတွေ ထပ်ပါပါသေးတယ်။ Side Dishes တွေမှာ ဂဏန်းမဆလာ ၊မာလာရှမ်းကော၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်နဲ့ ထမင်းကြော် အစုံရပါတယ်။ အချဉ်က ဟော့ပေါ့အချဉ်၊ အကင်အချဉ်၊ ပင်လယ်စာအချဉ်နဲ့ ဘိတ်ချဉ်ဆိုပြီး (၄) မျိုး ရပါတယ်။  

ပုဏမီမှတ်တိုင်၊ သစ္စာလမ်းမကြီး (ဝေဇယန္တာလမ်းနှင့် သုမင်္ဂလာလမ်းကြား)၊ တောင်ဥက္ကလာ (၆) ရပ်ကွက်
09 796 551141

၆။ Daejon BBQ

ကိုရီးယားအရသာ BBQ အကင်တွေကို ဘူဖေးစားချင်သလို Hotpot ကိုလည်း ဘူဖေး ကြိတ်ချင်တယ်ဆိုရင် Daejeon BBQ ဆိုင် ရှိပါတယ်။ သူ့ဆိုင်မှာ ကိုရီးယားမြို့နာမည်နဲ့ Package (၄) မျိုး ရှိပါတယ်။ ဘူဖေးအ၀စား အချိန်သတ်မှတ်ချက်ကတော့ (၂) နာရီပါ။

Incheon (အင်ချွန်း) Package: 22,900 Ks

> အသား + ပင်လယ်စာ - (၁၁) မျိုး 
> ဟော့ပေါ့အရည် - ကင်မ်ချီ၊ တုံ့ယမ်း

Busan (ဘူဆန်) Package: 25,900 Ks

> အသား + ပင်လယ်စာ - (၂၀) မျိုး 
> ဟော့ပေါ့အရည် - ကင်မ်ချီ၊ တုံ့ယမ်း

Seoul (ဆိုးလ်) Package: 28,900 Ks

> အသား + ပင်လယ်စာ - (၂၅) မျိုး 
> ဟော့ပေါ့အရည် - ကင်မ်ချီ၊ တုံ့ယမ်း၊ မာလာ
> အရံဟင်းပွဲ - (၅) မျိုး

Daejeon Premium Package - 33,900 Ks

> အသား + ပင်လယ်စာ - (၂၈) မျိုး
> ဟော့ပေါ့အရည် - ကင်မ်ချီ၊ တုံ့ယမ်း၊ မာလာ
> အရံဟင်းပွဲ - (၅) မျိုး 

အရံဟင်းပွဲတွေကတော့ Seoul နဲ့ Daejeon Package မှာပဲ ပါပါတယ်။ အရံဟင်းပွဲတွေအနေနဲ့ Korea Seafood Pancake၊ Seafood Soup၊ အမဲစွပ်ပြုတ်၊ Bibimbap တွေကို တစ်ယောက်စာပုံစံ လုပ်ပေးထားပါတယ်။

Package တိုင်းမှာ Appetizer၊ Kimbaps၊ Salad၊ Soup၊ Desserts၊ Ice-Cream နဲ့ Soft Drinks တွေကို Free flow စိတ်ကြိုက် အ၀ယူစားနိုင်ပါတယ်။

Sayarsan outlet:
Open Daily: 10:30 AM - 10:00 PM

Reservation: 09 755 700 311, 09 755 700 322

No. 55, 2nd Floor, Sayarsan Road, Bahan Tsp., Yangon, Myanmar.

Times City outlet:

Open Daily: 11 AM - 10 PM

Reservation: 09 790 579 111, 09 790 579 222

Building No. 218, 5th Floor, Times City Complex, Hanthawaddy Street, Kamayut Tsp., Yangon, Myanmar.

၇။ Seoul Garden

Halal Food ဖြစ်တဲ့ Seoul Garden Yangon မှာ BBQ ရော Hotpot ပါ ဘူဖေးစားလို့ ရပါတယ်။ သူ့ဆိုင်မှာ ဟော့ပေါ့ချည်းပဲ သီးသန့်ဘူဖေးအတွက် Package A၊ Package B (၂) မျိုးရှိပြီး ဟော့ပေါ့နဲ့ အကင် အရော ဘူဖေးအတွက် Standard နဲ့ Superior ဆိုပြီး Package (၂) မျိုး ခွဲထားပါတယ်။

စျေးနှုန်းတွေကတော့ Package အလိုက် ၂၀,၀၀၀ ကျော်ကနေ ၅၀,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိပါတယ်။ ဘူဖေးမှာ ၄နှစ်နဲ့ ၁၀နှစ်ကြား ကလေးတွေအတွက် တစ်ဝက်စာပဲ ရှင်းရမှာ ဖြစ်ပြီး  ၄ နှစ်အောက် ကလေးတွေအတွက် Free ပါ။

သူ့ဘူဖေးမှာ ရှားပါးတဲ့ Import အသားတွေ၊ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေ၊ အသီးအရွက်တွေ၊ အချဉ်ဆော့စ်နဲ့ ချီစ့်တွေ၊ Side Dish တွေ၊ အချိုပွဲတွေနဲ့ အအေးတွေ ပါဝင်ပါတယ်။ စားသုံးချိန်ကတော့ (၂) နာရီအထိပဲ ဖြစ်ပါတယ်။ 

No.238, ERC Condominium, East Horse Race Course Road, Tamwe
Township, Yangon

09 770 118 887

⇐ Previous Next

Read 1225 times