Health & Beauty

အိမ်ထဲမှာ လေထုသန့်စင်အောင် ဘယ်လိုပြင်ဆင်နေထိုင်သင့်လဲ?

How to keep the air in the house clean?

ကမ္ဘာပေါ်မှာ လူဦးရေ ၃ သန်းကျော်ဟာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်သေဆုံးနေရပါတယ်။ ညစ်ညမ်းတဲ့ လေထုတွေကို ရှုရှိုက်မိရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အခုဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်အန္တာရယ်ကြောင့် ကျောင်းသားကျောင်းသူနဲ့ ရုံးဝန်ထမ်းတော်တော်များများဟာ အိမ်မှာပဲ နေထိုင်ကြရပါတယ်။ ဒါကြောင့် အိမ်တွင်းလေထုသန့်စင်အောင် ဘယ်လိုမျိုးတွေပြုလုပ်သင့်လဲဆိုတာကို My Yangon ပရိတ်သတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

၁။  အိမ်တွင်းစိုက်လို့ရတဲ့ ပန်းပင်လေးတွေ စိုက်ပေးပါ။ အပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတာကြောင့် အိမ်တွင်းက ညစ်ညမ်းလေထုတွေအတွက် အထောက်အကူ ပြုစေပါလိမ့်မယ်။

၂။ ကိုယ့်အိမ်အတွင်းမှာ လေအေးပေးစက် ဖွင့်ထားပေးပါ။ လေအေးပေးစက်ထဲမှာရှိတဲ့ Filterကို မကြာခဏသန့်စင်ပေးခြင်းနဲ့ လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ အပြင်ထွက်ရင် အမြဲစီးတက်တဲ့ ခြေညှပ်ဖိနပ်တွေနဲ့ ရှုးတွေကို အိမ်အပြင်မှာ ချွတ်ပေးပါ။ ကိုယ်အပြင်မှာ စီးလာတဲ့ ဖိနပ်တွေကနေ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ကပ်ပါလာနိုင်တာကြောင့် အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင့်ရဲ့ ဖိနပ်တွေကို အိမ်အပြင်မှာပဲ ချွတ်ထားပေးပါ။

၄ ။ အလွယ်တကူ ဝယ်နိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ အိမ်သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါ စတာတွေနဲ့ အိမ်သန့်ရှင်းရင် အဆုတ်၊ လည်ချောင်း၊ နား၊ နှာခေါင်း ရောဂါတွေကို ကာကွယ်နိုင်ပြီး လေထုညစ်ညှမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

၅။ ခန်းစီးလိုက်ကာ၊ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ အပြင်က နေရောင်ခြည်တွေထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က မှို၊ ဘတ်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။ လေဝင်လေထွက်လည်း ကောင်းမွန်တာကြောင့် သင့်အိမ်က ခန်းစီးလိုက်ကာ၊ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။

⇐ Previous Next

Read 1399 times