Technology

Projectors အမျိုးမျိုးနဲ့ အသုံးဝင်ပုံများ

How to use different projectors

Projector ဆိုတာ ပညာရေးနယ်ပယ်မှာသာမက၊စီးပွားရေး၊ဖျော်ဖြေရေး အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ အသုံးပြုကြပါတယ်။ကျွန်တော်တို့ ဒီနေ့ အသုံးပြုနေကြတဲ့ Projectos နည်းပညာတွေထဲမှာ အဓိကကျတာကတော (၄)ခုတည်းပါ။ DLP,LCD,LCOS နဲ့ Laser ဆိုပြီး ရှိပါတယ်။ ဒီ(၄)ခုကို တစ်ခုချင်းစီ ရှင်းပြသွားပါမယ်။ 

What is a DLP projector ?

DLP projector ဆိုတာ Digital Light Processing နည်းပညာကို အသုံးပြုတဲ့ Projector ဖြစ်ပါတယ်။မှန်သေးသေးပိစိလေးတွေ အများကြီး (millionနဲ့ချီပါတယ်) ကိုအသုံးပြုပြီး အလင်းကိုပြန်စေပါတယ်။DLP projectors တွေအထဲမှာ chip တစ်ခု (ဒါမှမဟုတ်) အနီ၊အစိမ်း၊အပြာ ရောင်ရှိတဲ့ DLP chips တွေဆိုပြီး သုံးခုထိပါနိုင်ပါတယ်။ 

ဒီ DLP projector တွေကထွက်တဲ့ အရောင်ဟာ တောက်တောက်ပပရှိတာကြောင့်မို့လို့ အလင်းရောင် ကောင်းကောင်းရနိုင်တဲ့ စာသင်ခန်းတွေ၊ဟောခန်းတွေမှာ အသုံးများကြပါတယ်။ 

 

What is an LCD projector ?

Liquid Crystal Display (LCD) နည်းပညာကလည်း projector တွေအထဲအသုံးများတဲ့ အမျိုးအစားဖြစ်ပါတယ်။ဒီနည်းပညာက တီဗီတွေ၊ monitor တွေမှာသုံးထားတဲ့ နည်းပညာနဲ့ အတူတူပါပဲ။အလွှာသုံးလွှာပါပြီးတော့ အဓိကအရောင်တွေဖြစ်တဲ့ အနီ၊အစိမ်းနဲ့ အပြာကို အဓိကထုတ်ပေးပါတယ်။

အလင်းရောင်က ဒီအလွှာသုံးလွှာကို ဖြတ်သန်းလာပြီး အချက်ပြလိုင်းတစ်ခုကို လွှင့်လိုက်ပါတယ်။ဒီအချက်ပြလိုင်းကို ရလာတဲ့အခါမှာ pixel တစ်ခုချင်းစီကိုစီပြီးတော့ ပုံရိပ်တွေကို ထုတ်ပါတယ်။ LCD projector တွေကို ပြပွဲတွေ၊အိမ်တွင်းရုပ်ရှင်ရုံအသေးစားတွေမှာ အဓိကသုံးပါတယ်။

 

What is an LCOS projector?

LCOS ဆိုတာကတော့ LIquid Crystal Technology on Silicon ကိုခေါ်တာပါ။ဒီ projector ကတော့ DLP နဲ့ LCD နှစ်ခုကို ပေါင်းထားတဲ့ hybrid အမျိုးအစားဖြစ်ပြီးတော့ အပေါ်ကနည်းပညာနှစ်ခုရဲ့ ကောင်းကွက်တွေကို ပိုအသုံးချထားပါတယ်။ ဒါကြောင့်မို့လို့ ပိုပြီးအရည်အသွေးမြှင့်တဲ့ ပုံရိပ်တွေကို ထုတ်ပေးနိုင်ပါတယ်။ပိုပြီးပုံရိပ်အရည်အသွေး ကောင်းလာတယ် ဆိုပေမယ့် အားနည်းချက်တစ်ခုက အပေါ့ဆုံး LCOS projector တစ်ခုက (၁၂)ပေါင်အထိ ရှိတာမို့လို့ သယ်ရလွယ်ကူမနေပါဘူး။ 

 

Laser Projector

Laser Projector တွေဟာ (၂၀၁၅)ခုနှစ်လောက်ကစပြီး စျေးကွက်မှာ ကျယ်ပြန့်လာခဲ့တာပါ။ဒီ Laser Projector တွေကနေပြီးတော့ ဘယ်လိုအလင်းလိုင်းကိုမဆို ထုတ်လွှတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူတွေရဲ့မျက်လုံးကနေ မြင်နိုင်တဲ့ အကောင်းဆုံးအရောင်တွေထဲကနေ ပိုပြီးစိုတဲ့၊တောက်ပတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်တာပါ။တခြားကောင်းကွက်တွေကတော့ နာရီပေါင်း(၃၀,၀၀၀)အထိ အသုံးပြုနိုင်တယ်လို့ အာမခံထားတာဖြစ်ပြီး အားနည်းချက်ကတော့ စျေးကြီးတာပါ။ ဒါပေမယ့် ပေးရတဲ့စျေးနဲ့ ယှဥ်မယ်ဆို ပြန်ရတဲ့အကျိုးကျေးဇူးတွေက တော်တော်လေးတန်ပါတယ်။ 

 

Xiaomi 150 Laser Projector 

ဒီ Xiaomi ရဲ့ laser projector မှာဆိုရင် လူတွေရဲ့မျက်စိကို တိုက်ရိုက်မထိစေမယ့် Anti-Direct-Viewing-Sensor ပါဝင်ပါတယ်။ပူတာဘာညာအတွက် cooling system ပါတာမလို့ အသုံးပြုတာများတာတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ဒါ့အပြင်ကိုယ်ကြည့်ချင်တဲ့ ပုံရိပ်ကို လက်မ(၈၀)ကနေ (၁၅၀)အထိ အရွယ်အစားချိန်လို့ရတဲ့ အတွက် အလုပ်လုပ်တာ၊ စာသင်တာကနေ ရုပ်ရှင်ကြည့်တာမျိုးအထိ စိတ်ကြိုက်ဖြစ်စေမှာပါ။ 

 

⇐ Previous Next

Read 1231 times