Health & Beauty

ဘာကြောင့် ဒိန်ချဉ်ကို မဖြစ်မနေ သောက်သုံးသင့်တာလဲ?

Why should you drink yogurt?

ဒိန်ချဉ်ဆိုတာက နွားနို့ကို ကစော်ဖောက်ထားတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်က အသုံးပြုမှု မှန်ကန်ရင် မထင်မှတ်ထားရလောက်အောင် အသုံးဝင်ပြီး အသုံးမပြုတတ်ပါက ဆိုးကျိုးအနည်းငယ်ရှိနေနိုင်ပါတယ်။

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။

Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချိုသောက်ခြင်းဖြင့် အကျိုးကျေးဇူးအချို့ကို ရရှိနိုင်ပါတယ်။

  • ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချနိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက်ကို လက်စထရော အဆင့်အနည်းငယ်မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

25 Best Foods To Lower Cholesterol - Boldsky.com

  • ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေနည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ 

Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

8 Easy Ways To Burn Serious Belly Fat (BACKED BY SCIENCE!)

  • အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်ပြီး အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ်သောက်သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ နှစ်ပတ်အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာကို သိသိသာသာ သက်သာစေပါတယ်။

Better Digestion for Better Health

  • ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

10 Effective Home Remedies for Skin Allergies

⇐ Previous Next

Read 1598 times