Food & Drink

လူတိုင်းမသိမယ့် စပါယ်ရှယ် ထမင်းကြော်နည်းများ

Special fried rice recipes that not everyone knows

ရိုးရိုးထမင်းကြော်စားရတာကို ငြီးငွေ့နေတဲ့ သူတွေအတွက် လူတိုင်းမသိတဲ့ စပါယ်ရှယ် ထမင်းကြော်နည်းတွေကို ပြောပြချင်ပါတယ်။

 

 

မုန်ညှင်းချဥ် ထမင်းကြော်

ထမင်းကြမ်း ၄၀၀ ဂရမ်

မုန်ညှင်းချဥ်( အနီရောင်) ၆၅ ဂရမ်.ပါးပါးလှီးထားပါ

ရှမ်းပဲပုပ် (၂)ချပ်

ငရုပ်သီးစိမ်း (၈) တောင့်

ကြက်သွန်ဖြူ (၃)တက် ကိုနုတ်နုတ်စဥ်းပါ

ပဲငံပြာရည်အကြည် စာပွဲတင်ဇွန်း (၂) ဇွန်း

ဆီ စာပွဲတင်ဇွန်း (၃) ဇွန်း

ပထမဦးဆုံး ပဲပုပ် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို ညှက်အောင်ထောင်းပါ။

ထမင်းကြော်မယ့် ဒယ်အိုးထဲကို ဆီထည့်ပါ။

ဆီပူရင် ထောင်းထားတဲ့ ပဲပုပ်ငရုပ်သီးထောင်းကို မွှေးနေအာင်ဆီသတ်ပါ။

ပြီးရင် ပါးပါးလှီးထားတဲ. မုန်ညှင်းချဥ်ထည့်ကြော်ပါ။

(ကြက်သား/ဝက်သားထည့်ချင်ရင် ဒီအဆင့်မှာ ထည့်ကြော်ပါ)

ပြီးမှ ထမင်း ပဲငံပြာရည်အကြည် အရသာမူန့် ထည့်ပြီး ကြော်ပါ ။ပြီးရင်တော့ အရသာရှိလှတဲ့ မုန်ညင်းချဥ်ထမင်းကြော်ရပါပြီ။

 

ဒညှင်းသီးထမင်းကြာ်

ထမင်းကြမ်း ၄၀၀ ဂရမ်

ဒညှင်းသီးပြုပ် ၃ လုံး ပါးပါး လှီးထားပါ

ပုဇွန် (၆) ကောင်

တရုပ်နံနံပင် (၂) ပင်.ပါးပါးလှီးထားပါ

ကြက်သွန်မြိတ် (၂) ပင်.ပါးပါးလှီးထားပါ

ကြက်သွန်နီကြော် စာပွဲတင်ဇွန်း (၂) ဇွန်း

ကြက်ဥကြော်ရန် ကြက်ဥ (၂) လုံး

ထမင်းကြော်ရန် ဆီ စာပွဲစားဇွန်း (၆) ဇွန်း

အနှစ်ထောင်းရန် လိုအပ်တာက

ကြက်သွန်နီဥအသေး (၃) လုံး

ကြက်သွန်ဖြူ (၅) မွှာ

ငရုပ်သီးစိမ်း (၈) တောင့်

ငပိစိမ်းစား လဖက်ရည် ဇွန်း (၂) ဇွန်း

 

ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို အရင်ထောင်းပါ

ပြီးမှ ကြက်သွန်နီ နဲ့ ငပိထည့်ထောင်းပါ။ပြီးရင် ပုဂံထဲထည့်ထားပါ

ထမင်းကြော်အတွက် လိုအပ်တဲ့ အရသာတွေ ကတော့

ပဲငံပြာရည်အကြည် လဖက်ရည်ဇွန်း (၂) ဇွန်း

ပဲငံပြာရည်အေနာက် လဖက်ရည်ဇွန်း (၂) ဇွန်း

အရသာမူန့် အနည်းငယ်

ငရုပ်ကောင်းမူန့် အနည်းငယ်

အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပါ

ပြီးရင် ကြက်ဥထည့်ကြော်ပြီး ဆယ်ထားပါ။

ဒယ်အိုးထဲ ကျန်တဲ့ ဆီနဲ့ ထောင်းထားတဲ့ အနှစ် ထည့်ပြီး ဆီသတ်ပါ။

ပုဇွန်ထည့်ကြော်ပါ.ပါးပါလှီးထားတဲ့ ဒညှင်းသီးထည့်ပါ။

ပြီးရင် ထမင်းကြမ်း.ပဲငံပြာရည် (၂) မျိူး.ငရုပ် ကောင်း..အရသာမူန့်ထည့်ပါ

ပြီးရင် တရုပ်နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့် ကြော်ပါ။

 

Thai Pineapple Fried Rice

ထမင်းကြမ်း ၄၀၀ ဂရမ်

ပုဖွန် ၄ ကောင်

ကြက်ဥ ၁လုံး

ကြက်သွန်နီ ၁ ဥ. အတုံးသေးသေး တုံးထားပါ

ကြက်သွန်ဖြူ ၃ မြှောင့်.နူတ်နူတ်စင်းထားပါ

ကာရီပေါင်ဒါ လဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၁ ဇွန်း

ထိုင်းငံပြာရည် စာပွဲစားဇွန်း ၂ ဇွန်း

အရသာမူန့် အနည်းငယ်

နာနတ်သီး တခြမ်း. အတုံးသေးသေးတုံးထားပါ

ခရမ်းချဥ်သီး ၁ လုံး လေးစိတ် စိတ်ထားပါ

ရှောက်ဘီလူးရွက် ၃ ရွက်.ပါးပါးလှီးထားပါ

ငရုပ်သီးမှဲ့အနီ အရှည်. နူတ်နူတ်စင်းထားပါ

ကြက်သွန်မြိတ် ၂ ပင်.ပါးပါးလှီးထားပါ

နံနံပင်(၁)ပင် ပါးပါးလှီးထားပါ

ထိုင်းပင်စိမ်း (sweet basil) ၁ ပင်

ကြက်သွန်ဖြူနဲ့ အနီကို ဆီသတ်ပါ.ပြီးရင် ပုဇွန်ထည့်ကြော်ပါ

ပြီးမှ ကြက်ဥထည့်ကြော်ပါ။

ထမင်းထည့်ပါ ပဲငံပြာရည် ထိုင်းငံပြာရည် အရသာမူန့်ထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပါ။

 

ပြီးမှ နာနတ်သီးထည့်ပြီးကြော်ပါ။ပြီးရင် မီးပိတ်ပြီး ကြက်သွန်မြိတ် နံနံပင် ထိုင်းပင်စိမ်း. ငရုပ်သီးထည့် ပြီးမွှေပေးပါ။

⇐ Previous Next

Read 3050 times