Health & Beauty

ရှားစောင်းလက်ပတ်ကို ဘယ်လိုနေရာတွေအတွက် အသုံးပြုရမလဲ?

Where should aloe vera be used?

ရှားစောင်းလက်ပတ်ဆိုတာက အရည်ရွှမ်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်က အမြဲစိမ်းနှစ်ရှည်ခံပြီး အာရေဗီယန်ကျွန်းဆွယ်မှ ဆင်းသက်လာတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ 

ဒီမျိုးစိတ်က လူတွေအတွက် အဖက်ဖက်ကအသုံးဝင်တဲ့ မျိုးစိတ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေကထင်မှာလဲ? အသားခြောက်တတ်တဲ့သူ၊ ဝက်ခြံပေါက်ပြီး အမာရွတ်ကျခဲ့တဲ့သူတွေနဲ့ အသားအရေတင်းတင်းရင်းရင်းလေး ဖြစ်ချင်တဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပပ်က ဆရာတစ်ဆူပါပဲ။

How to make aloe vera oil and gel at home | Aloe vera| Aloe vera oil| Aloe  vera gel| How to make aloe vera oil| how to extract aloe vera gel

အခုနောက်ပိုင်း (၉၉%) ရှားစောင်းလက်ပပ်နဲ့ ပြုလုပ်ထားတဲ့ ဂျယ်လ်တွေလည်း ဈေးကွက်ထဲ ဈေးသက်သက်သာသာနဲ့ အလွယ်တကူဝယ်လို့ရနေပြီမို့ အရမ်းအဆင်ပြေလာပါတယ်။ ဆိုတော့ သင်မသိလောက်သေးတဲ့ ရှားစောင်းလက်ပပ်ရဲ့ ဘက်စုံအသုံးဝင်ပုံတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးချင်ပါတယ်။ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ နေလောင်ဒဏ်ကို ကုသပေးခြင်း

နေလောင်ကွက်တွေအတွက်ချည်းပဲမဟုတ်ပါဘူး။ ရှားစောင်းလက်ပပ်ကို အသားအရေဖူးရောင်နီရဲတာမျိုးနဲ့ အသားအရေ ယားယံတဲ့အခါမျိုးတွေမှာလည်း သုံးလို့ရပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲတုံးလေးတွေပြုလုပ်ပေးလိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်ရာနေရာမှာ ပွတ်လိမ်းပေးလို့ရပါတယ်။ အညောင်းအညာပြေပြီး ချောမွတ်သွားတဲ့ အထိအတွေ့ကို ခံစားရစေနိုင်ပါတယ်။

8 Ways to Use Aloe Vera

၂။ ဗောက်ပျောက်စေခြင်း

သံပရာရည်နဲ့ လျှားစောင်းလတ်ပတ်ဂျယ်လ်ကို ရောပြီး ဗောက်ဖြစ်နေတဲ့ ဦးရေပြားပေါ်မှာလိမ်းပေးခြင်းဖြင့်လည်း ဗောက်တွေကို ဖယ်ရှားပေးလို့ရပါတယ်။ ခေါင်းမလျှော်ခင် ၎င်းအရောအနှောကို ဦးရေပြားပေါ် မိနစ် (၃၀) လောက်လိမ်းထားပြီး ရေဆေးချလိုက်ရုံပါပဲ။

How To Use Aloe Vera To Treat Dandruff And Itchy Flaky Scalp Remedy

၃။ ဝက်ခြံလျော့ပါးစေခြင်း

ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပပ်ဂျယ်လ်ကို မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့နေရာတွေနဲ့ ဝက်ခြံ၊ အမာရွတ်ကျန်ခဲ့တဲ့နေရာတွေကို ခပ်များများလေးလိမ်းပေးခြင်းဖြင့် ဝက်ခြံတွေကို သိသိသာသာလျော့ပါးလာစေပြီး အသားအရေတင်းရင်းလာစေပါတယ်။

Can Aloe Vera Treat Acne And Remove Scars?

၄။ ခြေဖဝါးကွဲခြင်းမှ သက်သာစေခြင်း

ခြေဖဝါးကွဲပြီး ကြမ်းရှရှဖြစ်နေလို့ စိတ်ညစ်လှပြီ။ ဘေဘီလေးတွေလို နူးညံ့ပြီး ချောမွေ့တဲ့ခြေဖဝါးတစ်စုံကို ပိုင်ဆိုင်ချင်လှပြီဆိုရင်တော့ ရှားစောင်းလက်ပပ်အနှစ်နဲ့ သံပရာရည်အရောအနှောကို ခြေဖဝါးလေးတွေမှာ ပွတ်လိမ်းပေးပါ။ (၂-၃) မိနစ်လောက်ပွတ်လိမ်းပေးပြီးရင်တော့ (၁၀) မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။

5 Causes of Toe Cramping and Curling - How to Get Rid of Toe Cramps

၅။ ဆံကေသာကို ထောက်ပံ့ပေးခြင်း

သိသိသာသာ ဆံပင်အရှည်မြန်ချင်တယ်။ ပျော့ပြောင်းနူးညံ့ပြီး တောက်ပတဲ့ဆံကေသာကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ရှားစောင်းလက်ပပ်ဂျယ်လ်ကိုပဲ ပုံမှန်လေးအသုံးပြုပေးပါ။ ရှားစောင်းလက်ပပ်ဂျယ်လ်ကို ခေါင်းမလျှော်ခင် ဆံသားမှာ နာရီဝက်လောက်လိမ်းထားပြီး ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါ။

Effective Tips on Using Aloe Vera for Hair Growth | Femina.in

⇐ Previous Next

Read 1788 times