Health & Beauty

ပိုပြီးထိရောက်အောင် Sheet Mask ကို ဘယ်လို အသုံးပြုသင့်လဲ

How to use Sheet Mask more effectively?

Sheet Mask လို့ခေါ်တဲ့ မျက်နှာပေါင်းတင် ကပ်ခွာလေးတွေကို ဒီဘက်ခေတ်မှာ အတော်များများ အသုံးပြုလာကြပါတယ်။ အကြောင်းကတော့ သယ်ဆောင်ရ လွယ်ကူသလို အသုံးပြုရတဲ့ပုံစံကလည်း ရိုးရှင်းလို့ ဖြစ်ပါတယ်။ 

ဥပမာ ခရီးသွားတဲ့အခါမျိုးမှာ အသားအရေကောင်းစေတဲ့ ပါဝင်ပစ္စည်းမျိုးစုံပါဝင်တဲ့ Skin care တွေကို တစ်မျိုးစီ သယ်ရဖို့ အခက်အခဲရှိနေတယ်ဆိုရင် Sheet mask လေးတွေကို သယ်ယူသွားနိုင်ပါတယ်။ Sheet mask တစ်ခုချင်းစီမှာ ပါဝင်တဲ့ ပစ္စည်းတွေနဲ့ သူတို့ပေးစွမ်းတဲ့ အာနိသင်တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ ဒါကြောင့် ကိုယ့်အသားအရေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Korean Sheet Mask 101 for Radiant and Glowing Skin - Shop Online

မျက်နှာပေါင်းတင်တဲ့ ကပ်ခွာလေးတွေကို အသုံးပြုရတာ ဟာ အရမ်းရိုးရှင်းပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ Sheet mask လေးတွေမှာ သူတို့ရဲ့ အာနိသင်ကို အပြည့်အဝရစေမယ့် လျှို့ဝှက်ချက်လေးတွေ ရှိနေပါတယ်။

(၁) သန့်ရှင်းတဲ့ မျက်နှmပေါ်မှာ Sheet mask ကပ်ပါ

Sheet mask မကပ်ခင်မှာ မျက်နှာပေါ်မှာ တစ်နေကုန် ကပ်ညှိနေတဲ့ မိတ်ကပ်တွေ ဖုန်တွေ အဆီတွေကို မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖယ်ရှားပေးသင့်ပါတယ်။ မျက်နှာသစ်ဆေး တစ်မျိုးမျိုးနဲ့ မျက်နှာကို သန့်စင်ပေးတာက သင့်မျက်နှာမှာ ရှိတဲ့ ချွေးပေါက်တွေကို သန့်ရှင်းစေလို့ Sheet mask မှာ ပါဝင်တဲ့ အာနိသင်တွေ အကုန်လုံးကို ကောင်းစွာစုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ Sheet mask ဝယ်ဖို့ သင်ဟာ ပိုက်ဆံများများသုံးတဲ့သူ ဆိုရင် ဒါလေးတွေကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။

(၂) အညွှန်းနဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ပါ

Sheet mask တွေဟာ တစ်ခုနဲ့တစ်ခုမတူညီပါဘူး။ ပါဝင်တဲ့ ပစ္စည်းတွေဟာ အစိုဓာတ် ဖြည့်ပေးတာမျိုးတွေကနေ အရေးအကြောင်းပျောက်စေတာတွေနဲ့ ဝက်ခြံအဆီဖုတွေအတွက် ဂလိုင်ဂေါလစ်အက်စစ် အပျော့စားတွေ ပါဝင်တဲ့ Mask တွေအထိ မျိုးစုံရှိပါတယ်။ သင့်ရဲ့ မျက်နှာပေါ်ကို မတင်ခင်မှာ ဘာတွေပါဝင်သလဲဆိုတာကို အရင်ဖတ်ကြည့်တာက လုံးဝမမှားပါဘူး။ 

အကယ်၍ သင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေရှိတဲ့သူဆိုရင်တော့ Sheet mask တွေက အရည်လေးကို အရင်ဆုံး လက်ပေါ်မှာပဲဖြစ်ဖြစ် စမ်းကြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုပါဝင်ပစ္စည်းအညွှန်းတွေကို သေချာဖတ်ကြည့်ခြင်းဟာ သင့်ရဲ့ အရေပြားပြဿနာတစ်ခုချင်းစီကို လိုက်ပြီး သင်ကြိုက်နှစ်သက်ရာ Sheet mask လေးတွေကို ဝယ်ယူနိုင်ဖို့ အများကြီး အထောက်အကူ ပြုပေးပါတယ်။

Ten sheet mask mistakes you could be making - Lifestyle - The Jakarta Post

(၃) နှစ်ဖက်လုံးကို အသုံးပြုပါ

Sheet mask တွေဟာ နှစ်ဖက်လုံးအသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ အေးအေးလူလူ Mask ကပ်ထားတဲ့ အချိန် တစ်ဝက်ကြာတဲ့အခါ ဟိုဘက်ဒီဘက်လှန်ပေးနိုင်ပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် အစိုဓာတ်ကြောင့် အေးမြခြင်းကို တစ်ဖန်ပြန်ခံစားရစေသလို အရေပြားကလည်း အာဟာရဓာတ်တွေ များများစုပ်ယူစေနိုင်မှာ ဖြစ်ပါတယ်။

(၄) ကြာကြာကပ်တိုင်းလည်း မကောင်းပါ

ကျွန်ုပ်တို့မှာ အယူအဆမှားတစ်ခုရှိပါတယ်။ Mask ကြာကြာကပ်ခြင်းအားဖြင့် အာဟာရဓာတ်တွေကို အရေပြားက ပိုပြီးများများ စုပ်ယူနိုင်မယ်လို့ ထင်ကြပါတယ်။ အဲ့ဒါဟာ မှားပါတယ်။ Sheet mask တစ်ခုဟာ မိနစ်နှစ်ဆယ် နာရီဝက်အတွင်းမှာ ခြောက်သွေ့သွားပါတယ်။ 

ခြောက်သွေ့တဲ့ Mask တစ်ခုဟာ အရေပြားကို အစိုဓာတ်ဖြည့်ပေးရမယ့်အစား ကျွန်ုပ်တို့ဆီမှာ ရှိတဲ့ အစိုဓာတ်ကိုပါ ပြန်လည်စုပ်ယူ သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာကပ်ခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေတဲ့အတွက် ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေကိုပါ သယ်ဆောင်လာနိုင်ပါတယ်။

The 15 BEST Sheet Masks Out There Now (2020) | Jetsetter

(၅) မျက်နှာအပြင် တခြားနေရာတွေအတွက်ပါ အသုံးပြုပါ

ပုံမှန် Sheet mask တစ်ခုမှာ ပါဝင်တဲ့ အရည်ဟာ 15-20 ml လောက် ရှိပါတယ်။ အဲ့ဒါဟာ မျက်နှာက တစ်ချိန်တည်းမှာ စုပ်ယူနိုင်တဲ့ ပမာဏထက်ပို လျှံနေပါတယ်။ ဒါကြောင့် ပိုနေတဲ့ အရည်တွေကို လွှင့်မပစ်ဘဲ အစိုဓာတ်လိုအပ်နေတဲ့ လည်ပင်းတွေ လက်မောင်းတွေကို ဂွမ်းဖတ်လေးနဲ့ သုတ်လိမ်းပေးနိုင်ပါတယ်။

(၆) မျက်ဝန်းတွေကို မမေ့ထားပါနဲ့

မျက်ဝန်းတစ်ဝိုက် အသားအရေဟာ အနူးညံ့ဆုံးနဲ့ အပါးလွှာဆုံးပါ။ သူတို့ကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ Sheet mask အများစုဟာ မျက်လုံးနေရာအတွက် ဘာမှ မပါရှိတာ များပါတယ်။ ဒါကြောင့် မျက်လုံးအတွက် ရေဓာတ်အကောင်းဆုံးဖြည့်ပေးနိုင်တဲ့ Bio-cellulose အသားနဲ့ Eye mask တစ်မျိုးကို အရင်ကပ်ပေးပါ။ ပြီးမှ အပေါ်က Sheet mask ထပ်ကပ်ပေးနိုင်ပါတယ်။

(၇) ဘယ်နေရာမှာ သိမ်းရမလဲ

Sheet mask အများစုကို အခန်းအပူချိန်မှာပဲ သိမ်းဆည်းနိုင်ပါတယ်။ ဒါပေမဲ့ တချို့ Mask တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ပူနွေးတဲ့ အခန်းအပူချိန်မှာ အလုပ်မလုပ်ကြပါဘူး။ ဒါကြောင့် အေးမြတဲ့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ 

အေးမြတဲ့ အထိအတွေ့ဟာ သင့်မျက်နှာပေါ်က သွေးလည်ပတ်မှုကို နှိုးဆွပေးနိုင်လို့ အာဟာရဓာတ်တွေကို စုပ်ယူမှု အားကောင်းစေပါတယ်။ အေးမြတဲ့ Sheet mask လေးက သင့်ကို လန်းဆန်းစေနိုင်တဲ့အပြင် မျက်နှာနဲ့ မျက်အိတ်ဖောင်းတာကိုလည်း သက်သာစေပါတယ်။

ဒီလျှို့ဝှက်ချက် ၇ ချက်ကို သိထားတယ်ဆိုရင်တော့ မျက်နှာပေါင်းတပ်ကပ်ခွာလေးတွေရဲ့ အာနိသင်ကို အကုန်လုံး ရရှိနိုင်မှာဖြစ်ပါတယ်။

⇐ Previous Next

Read 1564 times