Health & Beauty

ရေကူးခြင်း၏ကောင်းကျိုးများ

The Advantages Of Swimming

လူတစ်ဦးဟာ ကျန်းမာစွာနေထိုင်နိုင်ဖို့နဲ့ ရောဂါဘာယ ကင်းဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးရန်လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တပတ်ကို အနည်းဆုံး မိနစ် ၁၅၀ခန့် မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုများ များပြုလုပ်ရမှာဖြစ်ပြီး ပြင်းပြင်းထန်ထန်လုပ်ပါက မိနစ် ၇၅ ခန့်လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများ မှာမှ ရေကူးခြင်းဟာ လူကို အင်မတန်ကောင်းကျိုးပေးစေပါတယ်။ အဲတာတွေက

၁။ သင့်ခန္ဓာကိုယ် တစ်ခုလုံး အလုပ်လုပ်ရခြင်း

ရေကူးခြင်းဟာ ခေါင်း မှ ခြေဖျားထိ လှုပ်ရှားရသော လေ့ကျင့်ခန်းဖြစ်ပါတယ်။ ရေကူးခြင်းဟာ သင့်ခန္ဓာကိုယ်ကို stress မဖြစ်စေပဲ နှလုံးခုန်နူန်း မြန်စေတဲ့ အပြင် သက်လုံကောင်းပြီး ကြွက်သားတွေရဲ့ စွမ်းအားကို ကောင်းစေပါတယ်။

 

၂။ ကိုယ်တွင်းကလီစာများပါ အလုပ်လုပ်ခြင်း

ရေကူးခြင်းဟာ ကြွက်သားတွေကို သန်မာစေရုံသာမက သင့်နှလုံးကြွက်သာတွေပါသန်မာစေပါတယ်။ ထို့အပြင် အဆုတ်ကိုပါကောင်းစေပါတယ်။ ရေကူးခြင်းဟာ သွေးတိုးရောဂါ နဲ့ ဆီးချိုရောဂါ တွေ အတွက်ပါ အထောက်အကူ ပြုပါတယ်။

 

၃။ ထိခိုက်ဒဏ်ရာရသူတွေ၊ အဆစ်အမြစ်နာ နာသူတွေ အတွက်ပါ သင့်တော်ခြင်း

ရေကူးခြင်းဟာ အောက်ပါရောဂါခံစားနေရသူတွေတောင် လုပ်လို့ရနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ အဆစ်အမြစ်ယောင်တဲ့ သူတွေ၊ နာတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာကြောင့် ဒဏ်ဖြစ်နေတဲ့သူတွေ၊ ခါးနာတဲ့ သူတွေ လုပ်ခြင်းအားဖြင့် နာကျဥ်မှုတွေပါ သက်သာလာစေပါတယ်။

 

၄။ ပန်းနာ ရင်ကျပ်သမားတွေ အတွက် ကောင်းခြင်း

ရေးကူးခြင်းဟာ ကောင်းမွန်တဲ့ အသက်ရှုလေ့ကျင့်ခန်းလည်း ဖြစ်တဲ့ အတွက် ပန်းနာ ရင်ကျပ်သမားတွေ အတွက် ကောင်းမွန်စေပါတယ်။ မှတ်ချက် ကလိုရင်း အနံတွေ မွန်ထူနေရင်းတော့ ရင်ကျပ်လာနိုင်တဲ့ အတွက် ကလိုရင်း တွေ အရမ်းသုံးထားတဲ့ ရေကူကန်တွေ၊ ဓါတုပစ္စည်းတွေ အရမ်းသုံးထားတဲ့ ကန်တွေတော့ ရှောင်ပါ။

 

၅။ Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ရောဂါ သမားတွေအတွက် ကောင်းခြင်း

ဦး နှောက်အာရုံ ကြော ၊ ကျောရိုး အာရုံကြောမ ကြီးတလျောက်ဖြစ်တဲ့ ရောဂါ ဖြစ်တဲ့ မိုင်လင်အလွှာပျက်သောရောဂါ (Multiple Sclerosis ) သမားတွေမှာ ရေကူးတာ က သူတို့အတွက်ကောင်းစေတယ် ဆိုပါတယ်။ ရေကူးခြင်းဖြင်း သူတို့မှာ ဖြစ်တတ်တဲ့ နုန်းချိခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနဲ့ စိတ်ကျရောဂါတွေ သက်သာစေတယ်လို့ ဆိုပါတယ်။

 

၆။ ကယ်လိုရီ များလောင်ကျွမ်းခြင်း

ရေးကူးခြင်းဟာ ပေါင် ၁၆၀ ရှိတဲ့ လူတယောက် အတွက် ပုံမှန်တစ်နာရီရေကူးရုံနဲ့ ကယ်လိုရီ ၄၀၀ ကျော် နဲ့ ပြင်းပြင်းထန်ထန်ရေကူးရင်တော့ ၇၀၀ ကျော် လောင်ကျွမ်းစေပါတယ်။ ပေါင် ၂၀၀ ကျော်ရှိတဲ့ သူဆို ကယ်လိုရီ ၅၀၀ နဲ့ ၉၀၀ ကြား၊ ပေါင် ၂၄၀ ရှိတဲ့ သူဆို ကယ်လိုရီ ၆၀၀ နဲ့ ၁၁၀၀ ကြားလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

 

၇။ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း

အိပ်မပျော်တဲ့ သူများ အတွက် ရေးကူးခြင်းဟာ သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး များစွည အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။

 

၈။ သင့်ရဲ့ စိတ်အခြေအနေများတိုးတက်လာခြင်း

ရေကူးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာ အရ ပါ သင့်ကို တိုးတက်စေပါတယ်။ ထို့အပြင် မေ့လျော့တဲ့ ရောဂါ တွေအတွက်ပါကောင်းစေပါတယ်။

 

၉။ စိတ်ဖိစီးမှု ဒဏ်မှ သက်သာခြင်း

တိုင်ပေရဲ့ လေ့လာတွေ့ရှိချက်အရ ရေကူးခြင်းဟာ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေတယ်လို့ပြောပါတယ်။

 

၁၀။ ကလေးတွေအတွက်ပါ ကောင်းခြင်း

ကလေးတွေဟာ တနေ့ကို ၁ နာရီခန့် ဆော့ကစား၊ အေရိုးဗစ် လေ့ကျင့်ခန်းများ လုပ်ပေးသင့်ပါတယ်။ ရေကူးခြင်းဟာ ကလေးတွေအတွက် အင်မတန်သင့်တော်ပြီး ကျန်းမာရေး ကောင်းမွန်ပြီး အရိုးအဆစ်တွေပါ သန်မာစေပါတယ်။

 

⇐ Previous Next

Read 2700 times